Thursday 2 February 2012

လူငယ်အတွက်

လူ့ဘဝတွင် အသက်ရှင်စဉ်ခဏ
အရွယ်ကောင်းတုန်း လူ့ဘဝမှ ဖယ်ကာ
အဘယ်သို့သွားပါမည်နည်း

ဤလူ့လောက အချိန်တိုးလွန်းခဏ
ခဏတာအချိန်လေးဝယ်
ဘယ်လိုနေထိုင် အသက်ရှင် လိုက်၏
လူ့ဘောင်အလယ် အချိန်ခဏ

လူ့လောကမှ ထွက်ခွာသွားကာ
ကျွန်ုပ်ဝိညာဉ် အဘယ်ဆီသို့ လွင့်ပျောက်
ဝေဝါး၊ တွေးသော၊ ငေးမော၊
လူ့ဘဝရယ် ပျက်စီးလွယ်တယ်

ဤလူ့လောက ထွက်ခွာချိန်ဝယ်
ငရဲကပူ၊ ကောင်းကင် စံအိမ်
အဘယ်သို့ ငါ့ဝိညာဉ်

ဤလူ့လောက အသက်ရှင် ခဏ
တွေးလိုက်ပါ ငါ့ဝိညာဉ်

အကောင်းတွေလုပ်လို့
ကောင်းတဲ့ နေရာ ရောက်လို့
အဘယ်သူ ကောင်းနိုင်သနည်း

စဉ်းစားပါ ငါ့ဝိညာဉ်
စဉ်းစားးပါ

No comments:

Post a Comment