Monday 27 February 2012

ဘုရားသခင်ပေးသောဆု

ဘုရားသခင်ပေးသော ဆု

ဆန်ဖာထိ(ကွင်းဘော)
        
ညဥ့်ငှက်၏ သီဆိုသံများက လွဲပြီး ညသည် တိတ်ဆိတ်ငြိမ်သက်နေလျက် နံရံပေါ်က နာရီလေးကတော့ ချက်ခနဲ့  ချက်ခဲနဲ့ မြည်သံပြုရင်း အချိန်ရထားကြီး ခုတ်မောင်းနေကြဆဲ။.........
         “ကို ........ နှစ်သစ်ကို အတူတူကြိုဆိုကြရအောင်နော်’’
         ကျမ်းစာကို အာရုံပြုဖတ်နေရင်း ချစ်ဇနီးလေး ‘သက်ထားလင်း         ’ ၏ စကားများကို ပြန်လည်ကြားယောင်နေမိတာမို့ ဆရာပြည့်စုံတစ်ယောက် သူ နံဘေးသို့ စောင်းငဲ့ ကြည့်လိုက်မိပါသည်။ ချစ်ဇနီးလေး သက်ထားလင်း တစ်ယောက် သမီးငယ် ဇာဇာနွေးကို ချော့သိပ်ရင်း အိပ်ပျော်သွားပြီထင့်။ သူမ၏ အသက်ပြင်းပြင်း ရှူထုတ်သံကိုပင် သူ ကြားနေရပါ သည်။ ဖယောင်းတိုင်မီး၏ အလင်းရောင်ပျပျအောက်မှာ ချစ်ဇနှီးလေး သက်ထားလင်း၏ မျက်နှာလေးကို သေချာစွာစိုက်ကြည့်နေရင်း ဆရာပြည့်စုံ တစ်ယောက် ရင်ထဲမှာ ဆို့နှစ်ကြေကွဲ သွားပါသည်။ ချစ်ဇနီလေး သက်ထားလင်း၏ မျက်နှာသည် ရှိရင်းစွဲ အသက်ထက်ပိုပြီး ရင့်ရော်နေလျက် လောကဓံတရားသည် အဘယ်မျှလောက် ကြမ်းတမ်းခက်ထန်နေသည်ကို ချစ်ဇနီး၏ မျက်နှာပေါ်က အစင်းကြောင်းအရာများက သူ့ကို လှစ်ပြနေသလိုပင်...... ရင်ဝမှာ ဆို့တက်လာသည့် ဝမ်းနည်းကြေကွဲမှုတို့ကြောင့် ဆရာပြည့်စုံ တစ်ယောက်ခေါင်းကို လေးပင့်စွာ ခါယမ်းလိုက်ပြီး အိမ်ရှေ့ ဝရန်တာဆီသို့ ထွက်လာခဲ့ပါသည်။
         ဆရာပြည့်စုံ၏ စိတ်အာရုံများသည် ညလေပြေနှင့်အတူ ပျံ့လွင့်နေပါသည်။ ကောင်းကင် ရင်ဘတ်မှာ ချိတ်ဆွဲထားသည် လခြမ်းပဲ့ကလေးသည် ကဗျာဆန်စွာ သာယာလှပနေပေမဲ့ ဆရာပြသည့်စုံ၏ စိတ်အာရုံးများကို မဖမ်းစားနိုင်ခဲ့ပါ။ ရင်ဝမှာဆို့တက်လာသော သောကအပူမီးတို့ ကြောင့် သက်ပြင်းမောတွေကိုသာ အကြိမ်ကြိမ်ချနေမိလျက် ချစ်ဇနီးလေး သက်ထားလင်းနှင့် မလက်ထပ်ခင်းတုန်းက ဆရာပြည့်စုံ မေးခဲ့ဖူးပါသည်။
         “သက် ..... ဓမ္မအမှုတော်ဆောင်နဲ့ယူရင် ဆင်းရဲတယ်တဲ့၊ သက် ဆင်းရဲမှာ မကြောက်ဘူးလား’’
         “အမှန်ဝန်ခံရရင် သက်က ပုထုဇဉ်း လူသားမို့ ဆင်းရဲမှာ တအားကြောက်တာပေါ့။ ဒါပေမယ့် ကို့အတွက် ပါရမီဖြည့်ဖက်တစ်ယောက် သက်ဖြစ်ချင်တယ်’’
         တကယ်ပဲ ချစ်ဇနီးလေး သက်ထားလင်းသည် ဆရာပြည့်စုံ အပေါ် ပါရမီဖြည့်ဖက် တစ်ယောက်ဖြစ်ခဲ့ပါသည်။ သူ၏ ဝေယျဝစ္စ အကုန်လုံး သူမတစ်ယောက်တည်းသာ ဒိုင်ခံလုပ်ပေးခဲ့ပါသည်။ သားကြီးဆုပြည့်စုံနှင့် သမီလေးဇာဇာနွေးတို့ ရရှိသည့်တိုင်းအောင် အိမ်ကို သူတစ်ချက်လှည့်မကြည့်ခဲ့ရ။ ဆရာပြည့်စုံက အချိန်ပြည့်ဓမ္မအမှုတော်ဆောင်တစ်ယောက်ပါးမို့ အိမ်မှာနေရသည့်အချိန်က အလွန်နည်းပါးလှသည်။ သင်တန်းပေးခြင်း၊ အသင်းတော်အသီးသီးသို့ သွားရောက်ကာ တရားဟောပေးရခြင်း၊ အစည်းအဝေး သွားသက်ရခြင်း၊ သာရေးနာရေးအတွက် ပါဝင် အစေခံရခြင်း စသည်ဖြင့် အချိန်ကုန်လွန်ခဲ့ရပါသည်။ ချစ်ဇနီးလေး သက်ထားလင်းက သူ့အပေါ် မည်သည့်အခါမှ ငြိုငြင်ခြင်း မရှိခဲ့ပါ။ အကြွင်းမဲ့ နားလည်ပေးခဲ့ပါသည်။ သူမသည် မိန်းမတစ်ဦးဖြစ်ပေမယ့်လည်း အလှအပကို မမက်မောပါ။ ရှိတာလေးနှင့် လှပအောင် ဝတ်စားဆင် ယင်ခဲ့ပါသည်။
         တနေ့မှာ ချစ်ဇနီးလေးသက်ထားလင်း၏ သူငယ်ချင်းတစ်ယောက်သည် အိမ်သို့ အလည်ရောက်လာခဲ့ပါသည်။
         “ ဟဲ့ မိသက်၊ နင်က အရမ်းထက်မြက်တဲ့ မိန်မတစ်ယောက်ပဲ၊ ဒီလိုအခြေအနေနှင့် နေရလိမ့်မည်မှန်း ငါလုံးဝ ထင်မထားဘူးဟာ’’
         ဓနိမိုး ထရံကာ၊ ဝါးအိမ်လေးကို ကြည့်ပြီး သူငယ်ချင်းဖြစ်သူရဲ့ တအံ့တသြ ရေရွတ်လိုက် သံကို အခန်ထဲမှာ ကျမ်းစာဖတ်နေသည့် ဆရာပြည့်စုံ တစ်ယောက် အတိုင်းအတာ ကြားနေရပါသည်။
“ မိသက် နေစမ်းပါဦး ....၊ နင့်ယောကျာ်းက ဘာအလုပ်လုပ်သလဲဟ၊ ငါ နားမလည်ဘူး’’
         “ဓမ္မအမှုတော်ဆောင်လေ’’
         “ဓမ္မအမှုတော်ဆောင်ဆိုတာ ဘာလဲဟ၊ ငါနားမလည်ဘူး’’
         သူငယ်ချင်းဖြစ်သူက မယုံကြည်သူတစ်ယောက်မို့ စကားအနက်အဓိပ္ပါယ်ကို နားမလည်ပါ။ ချစ်ဇနီးလေး သက်ထားလင်း ချစ်ဇနီးလေးသက်ထားလင်းခများကတော့ ဝင်ငွေအရမ်းကောင်း သည့် သင်းဘောင်္သားကတော် တစ်ယောက်လို ဓမ္မအမှုတော်ဆောင် ဆိုသည့်ဂုဏ်ပုဒ်ကို ဂုဏ်ယူဝင့်ကြွားစွာ အကျယ်တဝင့် ရှင်းပြပေးခဲ့ပါသည်။
         “ဪ ... သက်ခများ မျက်နှာ ဘယ်လောက်ငယ်မလဲနော်’’
         အခန်းထဲမှာတွေးနေရင်း ဆရာပြည့်စုံ တစ်ယောက် ချစ်ဇနီးအတွက် ဝမ်းနည်းစိတ်မ ကောင်း ဖြစ်နေမိပါသည်။
         “ကြည့်ပါလား၊ မိန်မဖြစ်သူက မိန်းမတန်မဲ့ ရုန်းကန်ရှာဖွေလိုက်ရတာ၊ ယောကျာ်ဖြစ်သူက တော့၊ မိုးလင်းမိုးချုပ် စာအုပ် ထူထူမည်းမည်းကြီးကိုပဲ ကိုင်တယ်၊ ဘာအလုပ်ကိုမှ မရှိဘူး၊ အံ့ပါရဲ့’’
                   ပတ်ဝန်းကျက်၏ ဝေဖန်ကဲ့ရဲ့ရှုတ်ချသံကိုကိုလည်း ဆရာပြည့်စုံ တစ်ယောက် ခါးစည်းခံခဲ့ရပါသည်။ ပတ်ဝန်းကျင်များ၏ ဝေဖန်ကဲ့ရဲ့သလိုပင် မိသားစုအတွက် ဆရာပြည့်စုံ တစ်ယောက် ဘာမှမလုပ်ပေးနိုင်ခဲ့ပါ။ မိသားစုအပေါ် တာဝန်ဝတ္တရား ကျေပွန်သည့် စံပြ အိမ်ထောင် ဦးစီး၊ ဖခင်ကောင်း မဖြစ်ခဲ့ပါ။ ချစ်ဇနီးလေးတို့သားအမိပေါ် အိမ်တဆောင်၊ မီးတပြောင်၊ လူတစ်လုံး သူတစ်လုံး မထားနိုင်ခဲ့ပါ။ အချိန်ပြည့် အမှုတော်ဆောင်မို့ ဆင်းရဲပါသည်။ မဖြစ်စလောက် လစားလေးနှင့် ရံဖန်ရန်ခါ ရတတ်သည့် စာအိတ်ထဲမှ အသပြာ ငွေကြေးအချို့ကို သားအမိတွေ မည်သို့စားသုံးရမည်ကို တွေးမိတိုင်း ဆရာပြည့်စုံ တစ်ယောက် ထမင်းများကို မမျိုချရက်နိုင်တော့ လူကွယ်ရာမှာ ကြိတ်ပြီး ငိုခဲ့ရပါသည်။ မိသားစုအရေး တွေးမိလေတိုင်း ရင်နာခဲ့ရပါသည်။
         “သူငယ်ချင်း ဒီမှာနေဖို့ ငါအားလုံးတာဝန်ယူတယ်။ မင်းတို့ မိသားစုတွေ လာဖို့ကသာ အဓိက’’
         USA မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီးအကြိမ်ကြိမ်ခေါ်ခဲ့ပါသည်။ ပုထုဇဉ်း လူသားမို့ ပြည့်ပြည့်စုံစုံ ချမ်ချမ်သာသာ နေချင်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံသို့ နေထိုင်ချင်ပါသည်။ သို့သော် ဆရာပြည့်စုံက သာမန်လူမဟုတ်၊ ဘုရာသခင်အတွက် အပ်နှံထားသည့် ဓမ္မအမှုတော်ဆောင် တစ်ပါးဖြစ်ပါသည်။ ကားတိုင်လမ်းသည် မည်မျှ ကြမ်းတမ်းခက်ခဲနေမည်နည်း ကို သိသိကြီးနှင့် သည်လမ်းကို သူရွေးခဲ့ပါသည်။ သည်လမ်းကိုပဲ လျှောက်ခဲ့ပါသည်။ သည်အတွက် ဘယ်တော့မှ နောင်တမရပါ။ တွေ့ကြုံရင်ဆိုင်းနေရသည့် ဆင်းရဲခြင်း၊ အခက်အခဲ ပြဿနာ ပေါင်းများစွာက သူ၏ ယုံကြည်ခြင်းကို ပျက်ပြားစေဖို့ ထိုးစစ်ဆင်ခြင်း အကြိမ်ကြိမ် ခံခဲ့ရပါသည်။ စုံစမ်းနှောက်ယှက်ခြင်း အမျိုးမျိုးကိုလည်း ဘဝမှာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါသည်။ သည်ညများ ချစ်ဇနီးလေးသက်ထားလင်းနှင့်အတူ နှစ်သစ်ကို ကြိုဆိုဖို့ ဆရာပြည့်စုံတစ်ယောက် အကောင်းဆုံးပြင်ဆင်ထားပါသည်။ အခုတော့ သောက အပူမီးတွေကြောင့် ဆရာပြည့်စုံ တစ်ယောက် စိတ်မောလူမောခဲ့ရပါသည်။
         ပခုံပေါ်က ကျလာသည့် အထိအတွေ့ကြောင့် ဆရာပြည့်စုံ တစ်ယောက် ပျံ့လွှင့်နေသည့် အတွေးမျှင်များ ပြတ်တောက်သွားကာ ပစ္စုပ္ပန်ကို သူသတိရလာပါသည်။ နောက်သို့သူ လှည့်ကြည့်လိုက်ပါသည်။ မည်သည့်အချိန်၌ နိုးနေပြီး မသိတဲ့ ချစ်ဇနီးလေး သက်ထားလင်းက သူ၏ ပခုံးကို ညင်သာစွာ ကိုင်ထားပါသည်။ သူမ၏ အကြည့်မျက်ဝန်းတွေက သူ့ရင်တွင်းတွင် ခံစားနေရသည့် ဝေဒနာများကို စာနာ နားလည်ပေးပါသည်။ သူမက သူမ၏လက်ဖဝါးအစုံကို နွေးထွေးစွာ ဆုပ်ကိုင်ထားပြီး နှစ်သိမ့်မှုများ ပေးနေပြန်ပါသည်။ ထိုအခိုက်မှာ ‘HAPPY NEW YEAR’ ဆိုသည့် လူငယ်များ၏ ကြွေးကြော်သံများကို အဆက်မပြတ်ကြားနေရပါသည်။ နှစ်ယောက် သားကြမ်းပြင်ပေါ်သို့ ဒူးထောက်ကာ ကိုယ်စီိမျက်စိများ မှိတ်ထားကြပါသည်။
         “ အိုအဖဘုရားသခင် ...... နှစ်သစ်ကူးကို ကြိုဆိုခွင့်နှင့် ရောက်ရှိခွင့် ပေးသနားတော်မူတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နှစ်ဟောင်းကိုလည်း ခရစ်တော်နှင့်အတူ အောင်မြင်စွာ ဖြတ်ကျော်ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ အထူးသဖြင့် သမီးအပေါ်မှာ အစစအရာရာ ကောင်းသည့် ခင်ပွန်းကို ပေးသနားတော်မူတဲ့ အတွက် ကိုယ်တော်ရှင်ရဲ့ ကျေးဇူးအပေါင်းကို ရေတွက်ချီးမွမ်းပါတယ်။ ဆက်လက်ပြီးကိုယ်တော်ရှင် သားအပေါ်မှာ ကောင်းကြီးပေးပါ.............
         စသည်ဖြင့် ချစ်ဇနီးလေး သက်ထားလင်း၏  နှစ်သစ် ကျေးဇူးတော် ချီးမွမ်းသံလေးကို ဆရာပြည့်စုံတစ်ယောက် ကြားနေရပါတော့သည်။
 

 ဓမ္မအမှုတော်ဆောင် ဆရာ၊ဆရာမ များကို ဂုဏ်ပြုလျက်။
           ဓမ္မအမှုတော်ဆောင် ဆရာ၊ဆရာမ များကို ဂုဏ်ပြုလျက်။

                                                                                             
                                                                                                        မေတ္တာတမန်                        

Wednesday 15 February 2012

သင်၏ဘုရားသခင်ကိုတွေ့ဆှုံရန်ပြင်ဆင်ပါ

ဤစာမျက်နှာအတွက်စုံစမ်းမေးမြန်းလိုပါက www.DivineRevelationl.info/23 သို့သွားရောက် ၍ ဖြစ်ရပ်အမှန်အား ကာယကံရှင်ထံ မေးမြန်း စုံစမ်းနိုင်ပါသည်။ ဤစာမျက်နှာသည် အရေးကြီးသောကြောင့် သားစဉ်မြေးဆက်အတွက်ရည်ရွယ်၍ စုဆောင်းထားခြင်းဖြစ်ပါသည်။ စာဖတ်သူမိတ်ဆွေအတွက် လည်း နောင်တမလွန်အတွက် သတိပြုမိခြင်းဖြစ်မိပါက ဘုရားသခင်သာ၍ကောင်းကြီးပေးပါစေ။


   ကောင်းကင်နိုင်တော်၊ ငရဲ နှင့်
ခရစ်တော်ပြန်ကြွလာခြင်းကို
(Angelica)အင်ဂျင်လီိကာအား ခရစ်တော်ဖွင့်ပြပုံ


                      ကောင်းကင်နိုင်ငံတော်၊ ငရဲ နှင့် သခင်ယေရှု ပြန်ကြွလာခြင်းအကြောင်းကို အီကွေဒေါ နိုင်ငံသူ (Anglica)အင်ဂျင်လီကာဆိုသူအားဘုရားသခင်က၂၃နာရီမျှဖွင့်ပြခဲ့ပါသည်။ သခင်ယေရှုသည် သူ့အားငြင်း ပယ်ခဲ့သည့် လူသားမြောက်များစွာ ထာဝရဝိညာဉ်ဆုံးရှုံးခြင်းသို့ ရောက်သွားသည်ကို ကြည့်ရင်း ငိုကြွေးနေသည်ကို သူမျက်မြင်တွေ့ခဲ့ရသည်။ အသင်းတော် မှာလည်း သခင်ယေရှုကြွလာတော်မူခြ င်းအတွက် ပြင်ဆင်မှုမရှိသလောက် ဖြစ်နေခြင်းဖျော်ဖြေရေးလုပ်ငန်းများကလည်းကလေးများကိုပင်စာတန်ဘက်သို့သွေးဆောင်နေခြင်းများကို သခင် ယေရှုကြည့်ပြီးငိုကြွေးကြောင်းအင်ဂျင်လီကာတွေ့မြင်ရသည်။ကျွနိုပ်တို့၏ ယဉ်ကျေးမှုအသိုင်း အဝိုင်းတွင် လေးစားမြတ် နိုးခြင်းခံရသော နာမည်ကျော်ပုဂ္ဂိုလ် မြောက်များစွာကိုလည်း ငရဲတွင်း၌ သူတွေ့ခဲ့ရ၏။ အဆိုကျော်များနှင့် ဖျော်ဖြေရေးသမား မြောက်များစွာ သာမက ပုပ်ရဟန်းကြီးတစ်ပါးကိုပင် သူတွေ့ခဲ့ရသည်။ ကောင်းကင် နိုင်ငံတော်သည်လည်း မှန်းဆလို့မရအောင် ဘုန်းအသရေနှင့်ပြည့်စုံပြီး အံ့ဖွယ်ရာ အဆင်သင့် ပြင်ဆင်ထား ကြောင်းကို ဘုရားသခင်ကသူ့အားပြသခဲ့သည်။ ကောင်းကင်နိုင်ငံတွင် ဆိုးညစ်သော အရာဘာတစ်ခုမျှမ ရှိပါ။ သခင်ယေရှုသည် သန့်ရှင်းသောလူတစ်စုကို ခေါ်ဆောင်ဖို့ရန်သာ ကြွလာမည် ဖြစ်သော်လည်း ဘုရားသားသမီး အများစုမှာ ထိုနေ့တွင် အဆင်သင့်ဖြစ်မနေဘဲ အစိတ်စိတ်အမွှာမွှာကွဲတော့မည် ဤကမ္ဘာမြေကြီးတွင် ကျန်ရစ် မည်ဖြစ်သည်။ www.DivineRevelationl.info /23 (from video interview. Originally in Spanish. Minimallu Abridged. Location: E1 dEmpalme. Ecuacor. Sept 29,2009)

မက်(ခ်)ဇီမာ (မိခင်)
ကျွန်မ၏အမည်မှာ (Maxima Zambrano Mora) မက်(ခ်)ဇီမာဇင်ဘရာနိုမိုရာဖြစ်ပြီး ကျွန်မတို့သည် EI Empalme တွင်ရှိသော “Casa de Oracion” အသင်းတော်တွင် တက်ရောက်ပါ သည်။ ကျွန်မတို့သည်(၁၅)ရက်


                     မျှ အစာရှောင်ပြီး ဘုရားထံ ဟစ်ကြွေးကြပါသည်။ ကျွန်မ၏သမီး အင်ဂျလီကာသည်လည်း ကျွန်မတို့နှင့်အတူ လာရောက်ပါဝင်ပါသည်။ ထိုအစာရှာင်သည့် (၁၅)ရက် တွင် ကျွန်မတို့တခါမှ မမြင်ဖူးသော သဘာဝထက် ကျော်လွန်သောအရာများကို ကျွန်မတို့တွေ့မြင်ခွင့်ရပါသည်။ ကျွန်မတို့သည် အစာရှောင်၊ ဆုတောင်းသည့် နေရာတွင် အစာရှောင်ဆုတောင်းရုံမက အိမ်တွင်လည်း ဆက်လက်ဆုတောင်းပြီး ဘုရားသခင် ကျွန်မတို့ကို စကားပြောရန် စောင့်စား နေပါသည်။ ဘုရားသခင်သည် ကျွန်မတို့အား များစွာခွန်းအားပေးပါသည်။ ကျွန်မတို့သည် စုံစမ်းနောက်ယှက်ခြင်းများ တွေ့ကြုံရသောကြောင့် လက်လျော့တော့ မလို မကြာခဏဖြစ်ပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်မတို့နှင့်အတူရှိပြီး ကူညီဖေးမပါသည်။ ကျွန်မတို့အား ယေရမိ ၃၃း၃ ဖြင့် စကားပြောပါသည်။ “ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ သင်မသိနေိုင်အောင် နက်နဲသောအရာ တို့ကို ငါပြမည်” ဟုပြောပါသည်။ ကျွန်မ၏ သမီးသည် အထူးလေးနက်စွာ ဘုရား သခင်ကို တောင်းလျှောက်ခဲ့ပါသည်။ ထိုစဉ်က ကျွန်မ မသိခဲ့ပါ။

အင်ဂျင်လီကာ (သမီး)
ကျွန်မ၏ အမည်မှာ အင်ဂျလီကာအဲလိဇဘက်(သ်)ဇင်ဘရာနိုမိုရာ(AmgelicaElizabeth Zambtano Mora)ဖြစ်ပြီး အသက်မှာ ၁၈ နှစ်ဖြစ်ပါသည်။
 
                           

 “El Canton . EI Empalme,Ecuador. တွင်ရှိသော Colegio Jose Maria Velazco Ibarra” တွင်ပညာသင်နေ ပါသည်။ ကျွန်မအသက် ၁၂ အရွယ်တွင် သခင်ယေရှုကို ပထမဦးစွာ လက်ခံခဲ့ပါသည်။ သို့သော် ကျွန်မ၏စိတ်ထဲတွင် “ငါ့သူငယ်ချင်းတွေက တစ်ယောက်မှ ဧဝံဂေလိသမားတွေမဟုတ်ဘူး။ သူတို့ နဲ့ပေါင်းတဲ့အခါ ငါက စိမ်းနေတယ်။” ဟု မိမိကိုယ်ကိုပြောပြီး ဘုရားသခင်ကို ကျွန်မကျောခိုင်းကာ အလွန်ဆိုးဝါးစွာ အသက်ရှင်ခဲ့ပါသည်။ သို့သော် ဘုရားသခင်က ကျွန်မကို ထိုဘဝမှပြန်ဆွဲထုတ်ခဲ့ပါသည်။ ကျွန်မအသက် ၁၅ နှစ်မြောက် မွေးနေ့တွင် ဘုရားသခင်ထံသို့ ကျွန်မပြန်လာပါသည်။ သို့သော်စိတ်နှခွရှိနေဆဲပါ။ သမ္မာကျမ်းစာက “ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူ” ဖြစ်သည်ဟုပြောပါသည်။ (ယာကုပ် ၁း၈)။ ကျွန်မသည် ထိုသို့သော လူစားမျိုး ဖြစ်ပါသည်။ ကျွန်မ၏ ဖခင်က “သမီး အဲသလိုအသက်မရှင်ရဘူး။ ကြည့်ရတာ အင်မတန်ဆိုးတယ်။ မင်း အသက်ရှင်ပုံ မှားနေတယ်” ဟုပြောသောအခါ ကျွန်မကဒီအတိုင်းပဲဖြစ်လာတာပဲလေ ဒီအတိုင်းပဲလည်း နေချင်တယ်။ ကျွန်မဘာဖြစ်မလဲ၊ ဘာလုပ်မလဲ၊ ဘယ်လို နေထိုင် ရမလဲဆိုတာ ဘယ်သူမှ ကျွန်မကို ပြောစရာမလိုဘူး’’ ဟု ကျွန်မက ပြန်ပြောတတ်ပါသည်။ ထိုအခါ ဖခင်က ‘‘ ဘုရားသခင် မင်းကို ကိုင်လိမ့်မယ်။ ဘုရားသခင်မင်းကို ပြုပြင်ပြောင်းလဲပေးလိမ့်မယ်’’ ဟု ပြောခဲ့ပါသည်။
ကျွန်မ၏ ၁၇ နှစ်မြောက်တွင်မွေးနေ့တွင် ဘုရားသင်နှင့် ကျွန်မ ပို၍နီးလာပါသည်။ ဧပြီလ ၂၈ ရက်နေ့တွင် ဘုရားသခင်ထံသို့ ကျွန်မလာပြီး ‘‘ဘုရားသခင်၊ ကျွန်မ အရမ်းဝမ်းနည်းပါတယ်။ ကျွန်မ အပြစ်သားတစ်ဦးဖြစ်ကြောင်း ကျွန်မသိပါတယ်’’ ဟု ပြောပြီး ကျွန်မ၏ ခံစားချက်ကို ပြောပြပါသည်။ ‘‘ဘုရားသခင် ကျွန်မကိုခွင့်လွှတ်တော်မူပါ။ အသက်စာစောင်ထဲမှာ ကျွန်မရဲ့နာမည်ကို ရေးစေချင် ပါတယ်။ ကိုယ်တော်ရဲ့ သမီးအဖြစ် ကျွန်မကို လက်ခံစေချင်ပါတယ်’’ ဟုပြောပါသည်။ ကျွန်မ နောင်တရပြီး ကျွန်မ၏ အသက်တာကို ဘုရားသခင်ထံပြန်လည် အပ်နှံလိုက်ပါသည်။ ကျွန်မက ‘‘ဘုရားသခင် ကျွန်မကို ပြုပြင်ပြောင်းလဲပေးပါ။ အတွင်းမှာ ပြုပြင်ပြောင်းလဲမှုကို ဖြစ်စေပါ’’ ဟုဆုတောင်းပါသည်။ ကျွန်မ လှိုက်လှိုက်လဲလဲ ငိုပြီး ဘုရားသခင်က ပြုပြင်ပြောင်းလဲပေးရန် ဆုတောင်းပါသည်။ သို့သော် အချိန်ကြာလာသော်လည်း မည်သည့် ပြောင်းလဲမှုကိုမျှ ကျွန်မ မခံစား ရပါ။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ ကျွန်မဘုရားရှိခိုးကျောင်း စတင်တက်ရောက်ခြင်း၊ ကျမ်းစာ ဖတ်ခြင်းပင်ဖြစ်သည်။ ဤအရာသည် ကျွန်မ၏ အသက်တာ၌ တစ်ခုတည်းသော ပြောင်းလဲမှုပင် ဖြစ်သည်။
ထို့နောက် သြဂုတ်လတွင် ၁၅ ရက် အစာရှောင်ရန် ဖိတ်ခေါ်ခြင်းခံရသော အခါ ကျွန်မ ပါဝင်ရန် ဆုံးဖြတ်ပါသည်။ သို့သော် အစာရှောင်ခြင်း မပြုမီ ကျွန်မက ‘‘ဘုရားသခင် ကျွန်မကို ဒီနေရာမှာ ထိတွေ့ စေချင်ပါတယ်’’ ဟု ဆုတောင်းပါသည်။ အစာရှောင်သည့် အချိန်အတွင်းတွင် ဘုရားသခင်သည် ကျွန်မမှလွှဲ၍ ကျန်သူအားလုံးကို စကားပြောပါသည်။ ဘုရားသခင် ကျွန်မ မတွေ့ သကဲ့သို့ပင်ဖြစ်သောကြောင့် ကျွန်မ စိတ်ထိခိုက် ပါသည်။ ‘‘ဘုရားသခင် ကျွန်မကို မထိတွေ့တော့ဘူးလား’’ ဟု ဆုတောင်းပြီး ကျွန်မ တစ်ဦးတည်း ငိုယိုလျက် ‘‘ကိုယ်တော် ကျွန်မကိုချစ်ရဲ့လား၊ ကိုယ်တော်ဒီမှာ ရှိသလား၊ ကျွန်မနှင့် အတူရှိသလား၊ အခြားလူတွေကို စကားပြောသလို ဘာဖြစ်လို့ စကားမပြောတာလဲ၊ အခြားလူတွေကို ကိုယ်တော်အကြောင်း အရာတွေအများကြီး ပြောပြတယ်၊ ပရောဖက်ပြုစကား တွေလည်း ပြောတယ်၊ ကျွန်မကိုတော့ စကားမပြောဘူး’’ ဟု ပြောပါသည်။ ဘုရားသခင် ကျွန်မနှင့်အတူရှိကြောင်း လက္ခဏာ တစ်ခုကိုပြရန် ကျွန်မ ဆုတောင်းသောအခါ ဘုရား သခင်က ယေရမိ ၃၃း၃ ကိုပေးပါသည်။ ‘‘ငါ့ကိုခေါ်လော့၊ ငါထူးမည်။ ကြီးသောအရာ သင်မသိ နိုင်အောင် နက်နဲသောအရာတို့်ကို ငါပြမည်’’ ဟုပြောပါသည်။ ကျွန်မသည် ဘုရားသခင်၏ အသံကို နားနှင့်ကြားပြီး ယေရမိ ၃၃း၃ ကို ရေးထားသော ရူပါရုံကို တွေ့ရသောကြောင့် ‘‘ဘုရားသခင် ကို်ယ်တော် ကျွန်မကို စကားပြောတာလား ’’ ဟု ပြန်မေးပြီး ကျွန်မဘယ်သူ့ကိုမျှ မပြောပြပါ။ အခြား လူ အယောက်တိုင်းက ဘုရားသခင် သူတို့အားပေးသည့် အရာ၊ ဖော်ပြသည့် အရာများကို သက်သေ ခံနေကြပါသည်။ သို့သော် ကျွန်မက တိတ်တစိတ်နေပြီး ထိုစကားများ ကိုသာ ဆင်ခြင်အောက်မေ့ နေပါသည်။ ‘‘ငါ့ကို ခေါ်လော့’’ ဆိုသည့် အဓိပ္ပါယ်မှာ ဆုတောင်းရန် ဖြစ်သည်။ သို့သော် ‘‘ကြီးသော အရာ သင်မသိနိုင်အောင် နက်နဲသော အရာ’’ ဆိုသည်မှာ ဘာအဓိပ္ပါယ်နည်း။ ဒါဟာ ကောင်းကင်နဲ့ ငရဲ ဆိုလိုတာပဲ ဖြစ်မယ်’’ ဟု စဉ်းစားပြီး ‘‘ဘုရားသခင် ကျွန်မကို ကောင်းကင်နိုင်ငံတော်ကိုပဲ ပြပါ။ ငရဲကို မပြပါနှင့် ဘာဖြစ်လို့လဲဆိုရင် ငရဲဟာ အင်မတန် စက်ဆုပ်ဖွယ်၊ ဆိုးဝါးနေရာ ဖြစ်တယ်လို့ ကျွန်မ ကြားဖူးတယ်’’ ဟု ကျွန်မ ပြောပြီး စိတ်နှလုံး အကြွင်းမဲ့ဖြင့် ‘‘ဘုရားသခင် ကိုယ်တော် ကျွန်မကို ပြရမယ့် နေရာကို ပြဖို့ အလိုတော်ရှိရင် အလိုတော်တိုင်းပါ။ ဒါပေမဲ့ ကျွန်မကို အရင်ပြောင်း လဲပေးပါ၊ ကျွန်မကို ပြုပြင်ပြောင်းလဲစေချင်တယ်’’ ဟု ဆုတောင်းပါသည်။
အစာရှောင်ခြင်းပြီးသောအခါ စုံစမ်းနှောက်ယှက်ခြင်းများနှင့် အခက်ခဲများကို ကျွန်မတို့ ရင်ဆိုင်ရပါသည်။ တစ်ခါတရံ ကျွန်မအားလျော့သွားပြီး ဘုရားသခင်နှင့်အတူ ဆက်မလျှောက်လှမ်း နိုင်တော့ပါ။ သို့သော် ဘုရားသခင်က ကျွန်မကို ခွန်အားပေးပါသည်။ သူ့အသံကျွန်မ စတင်ကြားလာပြီး သူ့ကိုပို၍ သိကြွမ်းလာပါသည်။ ကျွန်မတို့ ရင်းနှီးသောမိတ်ဆွေ သူငယ်ချင်းများ ဖြစ်သွားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အကောင်းဆုံးသောမိတ်ဆွေ သူငယ်ချင်းဖြစ်ပါသည်။ ကျွန်မက သူ့အား ‘‘ဘုရားသခင် ကိုယ်တော်ဟာ ကျွန်မရဲ့ အကောင်းဆုံး မိတ်ဆွေသူငယ်ချင်းဖြစ်ပါတယ်။ ကိုယ်တော်ကို ပိုပြီး သိကျွမ်းလိုပါတယ်။’’ ဟု ကျွန်မပြောပြီး ကျွန်မ ၏စိတ်ထဲတွင် စဉ်းစားသောအရာများအားလုံးကို သူ့အားပြောပြပါသည်။ သြဂုတ်လ တစ်လလုံး ကျွန်မ ဆုတောင်း ပါသည်။ နိုဝင်ဘာလသို့ ရောက်သောအခါ ဘုရားသခင်၏ အစေခံကျွန် အမှုတော်ဆောင်တစ်ဦးသည် ကျွန်မ အိမ်သို့ ရောက်လာပြီး ‘‘ဘုရားသခင် သင့်ကို ကောင်းကြီးပေးပါစေ၊ ဟုပြောသောအခါ ကျွန်မ ‘‘အာမင်’’ ဟုပြန်ပြော လိုက်၏။ ထို့နောက်သူက ‘‘ကျွန်တော် ဒီကို လာတာက ဘုရားသခင်ပြောခိုင်းတဲ့ သတင်းစကား တစ်ခုကို လာပြောခြင်းဖြစ်တယ်။ မင်းဟာ ကိုယ့်ကိုယ်ကို အသင့်ပြင်ဆင် ထားရမယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုရားသခင်က ကြီးသောအရာ မင်းမသိနိုင်အောင် နက်နဲတဲ့အရာကို ပြလိမ့်မယ်။ မင်းဟာ ယေရမိ ၃၃း၃ အရ ဆုတောင်းခဲ့တဲ့ အ တွက် ဘုရားသခင်ဟာ မင်းကို ကောင်းကင်နှင့် ငရဲကို ပြလိမ့်မယ်’’ ဟု ပြောပါသည်။ ကျွန်မက ‘‘ဟုတ်တယ်၊ ဆရာက ဘယ်လိုလုပ်ပြီး သိတာလဲ။ ဒီအကြောင်းကို ကျွန်မ ဘယ်သူမှ မပြောခဲ့ဘူး’’ ဟုပြောသောအခါ ‘‘မင်း ဝတ်ပြုကိုးကွယ်ပြီး ချီးမွမ်းနေတဲ့ ဘုရား၊ ငါလည်း ချီးမွမ်းနေတဲ့ အဲဒီဘုရားပဲ ငါ့ကို အားလုံး ပြောပြတယ်။’’ ဟု ဖြေပါသည်။
မကြာမီ ကျွန်မတို့ စတင်ဆုတောင်းပါတယ်။ ကျွန်မတို့အသင်းတော်မှ ညီအမ အချို့နှင့် ကျွန်မ၏ မိသားစု အချို့သည် ကျွန်မတို့နှင့်အတူ ထိုနေရာတွင် ဆုတောင်းကြပါသည်။ သို့သော် ကျွန်မတို့ စတင်ဆုတောင်း လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ဖွင့်လှစ်လာသည်ကို ကျွန်မမြင်ရပါသည်။ ထို့ကြောင့် ကျွန်မက ‘‘ကောင်း ကင်ဖွင့်လှစ်နေတာကို ကျွန်မမြင်ရတယ်။ ပြီးတော့ ကောင်းကင် တမန်နှစ်ပါးလည်း ဆင်းသက်လာနေတယ်’’ ဟု ပြောသောအခါ စောစောက အမှုတော်ဆောင်ဆရာက ‘‘သူတို့ ဘာကြောင့် ဒီကိုလာတာလဲလို့ မေးလိုက်ပါ’’ ဟု ပြောပါသည်။
ကောင်းကင်တမန်များသည် အရပ်မြင့်ပြီး လှပပါတယ်။ လှပသည့် တောင်ပံများရှိပါသည်။ ၎င်းတို့သည် ကြီးမားပြီး တောက်ပနေပါတယ်။ ဖန်လိုကြည်ပုံပေါ်ပြီး ရွှေကဲ့ သို့ တောက်ပနေပါသည်။ ကြည်လင် သော ကျောက်သလင်းဘိနပ်ကို စီးထားပြီး သန့်ရှင်းသော ဝတ်လုံကို ဝတ်ဆင်ထားပါသည်။ ‘‘ဘာကြောင့်လဲ’’ ဟု မေးသောအခါ သူတို့ကပြုံးလျက် ‘‘ကျွန်ုပ်တို့ ဆောင်ရွက်ဖို့ တာဝန် တစ်ခုရှိတဲ့ အတွက် ကျွန်ုပ်တို့ ဒီကိုလာခြင်းဖြစ် တယ်။ သင်ဟာ ကောင်းကင်နှင့် ငရဲကို သွားရောက်ကြည့်ရှုမှာဖြစ်လို့ ကျွန်ုပ်တို့ ရောက်လာခြင်းဖြစ်တယ်။ ဒီအရာ အားလုံး မပြည့်စုံမချင်း ကျွန်ုတို့ မပြန်ပါ’’ ဟု ပြောပါသည်။ ကျွန်မက ‘‘ကောင်းပါပြီး။ ဒါပေမဲ့ ကျွန်မက ကောင်းကင် ကိုပဲ သွားကြည့်ရှုချင်တယ်၊ ငရဲကို မဟုတ်ဘူး’’ ဟု ပြောသော အခါ သူတို့သည် ပြုံးပြီး ထိုနေရာတွင်ပင် ရပ်နေပါ သည်။ သို့သော် ဘာမျှထပ်မပြောတော့ပါ။ ကျွန်မတို့ ဆုတောင်းပြီးသော အခါ ကောင်းကင်တမန်များသည် ထိုနေရာတွင်ပင် ရှိနေဆဲဖြစ်ကြောင်း ကျွန်မတွေ့ရပါသည်။
သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း ကျွန်မ စတင်တွေ့ရှိရပါသည်။ သူသည် ကျွန်မ၏ အကောင်းဆုံး သော မိတ်ဆွေသူငယ်ချင်းဖြစ်သည်။ သူသည် သန့်ရှင်းပါသည်။ အရာခပ်သိမ်းကိုသိပါသည်။ နေရာတိုင်းတွင်လည်း ရှိပါသည်။ သူ့ကို ကျွန်မ မြင်နိုင်ပါသည်။ သူသည် ထုတ်ခြင်းခတ်မြင်ရလောက်အောင်ကြည်လင်ပြီး တချိန်တည်းမှာ ပင်တောက်ပလျက်ရှိပါသည်။ သူသည် ဝင်းလက်တောက်ပသော မျက်နှာ အသွင်ပြင်ရှိပြီး သူ၏အပြုံနှင့် မေတ္တာဖြင့် ပြည့်ဝသော အကြည့်ကို ကျွန်မမြင်ရပါသည်။ သူ့ပုံကို မဖော်ပြ တတ်လောက်အောင်ပင် ပို၍လှပါသည်။ ကောင်းကင် တမန်များကလည်း သူတို့ အလှ ကိုယ်စီရှိကြပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ ထက်အဆပေါင်းများစွာ သာ၍လှပပါသည်။ သူ့အသံကို ကျွန်မ နားနှင့်ကြားရပါသည်။ မေတ္တာနှင့်ပြည့်ဝသော အသံ၊ ချစ်ခြင်းအားကြီးသော အသံဖြစ်သည်။ သူ့အသံကို ကျွန်မ မရှင်းပြတတ်ပါ။ မိုးကြိုအသံကဲ့သို့ ဟိန်းနေပြီး တစ်ချိန်တည်းတွင်ပင် ‘‘သင်နှင့်အတူ ငါ ရှိုတယ်’’ ဟု ကျွန်မကို ပြောပါတယ်။ ထို့ကြောင့် ကျွန်မသည် စုံစမ်းနောက် ယှက်ခြင်း ပတ်လည်ဝိုင်းသည့် အကြားထဲမှပင် ကြိုးစားပြီး ဘုရားသခင်နှင့်အတူ ဆက်လက်လိုက်လျှောက်ပါသည်။ ကျွန်မတို့သည် အလွန်ခက်ခဲသော အချိန်အခါများကိုလည်း ဖြတ်ကျော်ရပါသည်။ တချိန်တည်းမှာပင် အောင်မြင်မှု များကိုလည်း ရရှိပါသည်။ကျွန်မက‘‘သခင်၊ ကိုယ်တော်၏ လိုတော် ပြည့်စုံစေသော်’’ ဟု ကျွန်မ ပြောပါသည်။ ကောင်းကင်တမန်များကို ကျောင်းတွင်ပင် သတိထားမိပါသည်။ အတန်းတက်သော အခါမှာလည်း သူတို့ရှိပါသည်။ ကျွန်မသည် ကောင်းကင်တမန်များကို အမှန်တကယ်တွေ့မြင်ရသောကြောင့် ပျော်ရွင်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်လျှမ်းနေပါသည်။
ကျွန်မ၏ အိမ်သို့ လာခဲ့သော အမှုတော်ဆောင်ဆရာက‘‘ကျွန်မကောင်းကင်နှင့် ငရဲကို တွေ့ရမည် ဖြစ်သောကြောင့် မိမိကိုယ်ကိုယ် အသင့်ပြင်ဆင်ထားရန် ပြောပါသည်။ သို့သော် ခက်ခဲသော အရာကိုလည်း ကျွန်မအားပြောပါ၏။ ‘‘ကျွန်အသေလိမ့်မယ်’’ ဟု သူပြောသောအခါ ကျွန်မအတွက်မလွယ်ပါ။ ‘‘ကျွန်မ ဘယ်လိုနည်းနှင့် သေမှာလည်း၊ ကျွန်မ ငယ်ငယ်လေးပဲ ရှိသေးတယ်’’ ဟု ပြန်မေးသောအခါ သူက ‘‘ဘာအတွက်မှ မပူပါနဲ့၊ ဘုရားသခင် လုပ်ဆောင်တဲ့ အရာအားလုံးဟာ စုံလင်တယ်၊ မင်းကို သူ အသက်ပြန်ရှင် စေမယ်၊ ဒါမှ မင်းဟာ ကောင်းကင်နှင့် ငရဲအကြောင်းကို သက်သေခံ နိုင်မယ်၊ အဲဒီနေရာတွေ အကြောင်းကို ဘုရားသခင်က ငါတို့အားလုံးကို သိစေချင်းတယ်’’ ဟု ပြန်ဖြေပါသည်။ ကျွန်မက ‘‘အာမင် ဒါပေမယ့် ကျွန်မ ကားတိုက်ခံရပြီးသေမှာလား၊ ကျွန်မ ဘယ်လိုသေမှာလဲ’’ ဟုမေးလိုက်ပြီး ခေါင်းထဲတွင် စိတ်ကူအမျိုးစုံပေါ်လာ ပါသည်။ သို့သော် ဘုရားသခင်က ကျွန်မအား မစိုးရိမ်းရန်နှင့် အရာခပ်သိမ်းကို ဘုရားသခင် ထိန်းချုပ်ထား ကြောင်း ပြောပါသည်။ ‘‘ကျေးဇူးတင်ပါတယ် ဘုရားသခင်’’ ဟု ကျွန်မက ပြောလိုက်ပါသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျောင်းမှအိမ်သို့ ပြန်ရောက်သောအခါ ကောင်းကင် တမန်များသည် ကျွန်မနှင့်အတူ ရှိနေဆဲ ဖြစ်၏။ ဘုရားသခင်ကို ချီးမွမ်းနေသည့်အချိန်တွင်ပင်ရှိ နေကြ၏။ သူ တို့ ကျွန်မကို စကားမပြောကြပါ။ သူတို့ပြောနေသော အရာမှာ ‘‘သန့်ရှင်း၊ သန့်ရှင်း၊ ဟာလေလုယား’’ ဟူ၍သာ ဖြစ်ပြီး ကျွန်မတို့၏ ကောင်းကင်ဘုံရှင် အဘဘုရားသခင်ကို ဘုန်းပေးခြင်း၊ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်း ပြုနေကြ သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း ကောင်းကင်တမန်များနှင့်အတူ ထိုနေရာတွင်ရှိနေပြီး ကျွန်မသည်လည်းဝမ်းမြောက်ပါသည်။ လူများစွာက ဧဝံဂေလိသတင်းစကားသည်ငြီးငွေ့ဖွယ်ကောင်းသည်ဟု ပြောကြသည်။၎င်းမှာဘုရားသခင်အတူရှိနေသည်ကို လူများ မရှာဖွေအောင် မာရ်နတ်က အကြီးအကျယ် လိမ်လည်ထားခြင်းဖြစ်သည်။ ကျွန်မသည်လည်း ယခင်က ဤသို့ပင် ယုံကြည်ခဲ့ပါသည်။ သို့သော်ဘုရားသခင် သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်မ တွေ့ဆုံပြီးသောအခါ ဧဝံဂေလိ သတင်းစကားသည် ငြီးငွေ့ဖွယ်မ ကောင်းကြောင်း ကမ္ကာမြေကြီးပေါ်တွင် အလှပဆုံးသော အတွေ့အကြုံ ဖြစ်ကြောင်း ကျွန်မသိပါသည်။ ကျွန်မ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို တွေ့၏၊ သူနှင့်လည်း ကစားရ၏။ သူနှင့်စကားပင်ပြောရ၏။ သို့သော် ကောင်းကင်တမန်များသည် ကျွန်မကို စကားမပြောကြပါ။ ဘုရားသခင်ကိုသာ ချီးမွမ်းကြပါသည်။ “သန့်ရှင်း သောဝိညာဉ်တော်ဘုရား ကျွန်မနှင့်အတူ လာပြီး ဒီအရာလုပ်ပေးပါ၊ သို့မဟုတ် ထိုအရာလုပ်ပေးပါ” ဟု ကျွန်မ ပြောလျှင် သူရောက်လာပါသည်။ သူ့ကို ကျွန်မ ခံစားနိုင်ပါသည်၊ တွေ့နိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်သည် မတ်တပ်ရပ်သောအခါ ကျွန်မမြင်ရပါသည်။ သူထိုင်ရန်အတွက်ပင် ကျွန်မ ပြင်ဆင်ပေးပါသည်။ လူအများမှာ သူ့ကို မတွေ့ရသော်လည်း သူသည် ဤနေရာတွင်ပင် ရှိနေပါသည်။ ကျွန်မတို့သည် ထိုကဲ့သိုပင် ဆက်လက်၍ မိတ်ဆွေအပေါင်းအသင်းဖွဲ့ လျက်နေပါသည်။ ရပ်တန့်စရာ အကြောင်းမရှိပါ။ ဤပေါင်းသင်းမိတ်ဆွေဖွဲ့မှုကို ကိုယ်တွေ့ တွေ့ကြုံ ခံစားရပြီသောအခါ ကျွန်မ နောက်ဆုတ်စရာ မရှိတော့ပါ။ ကျွန်မကို သူ ဘယ်ဘဝမှ ဆွဲထုတ်ခဲ့ကြောင်းနှင့် ယခင်က ကျွန်မ မည်ကဲ့သို့သောသူဖြစ်ကြောင်း ကျွန်မ စဉ်းစားဆင်ခြင်သောအခါ လူသား တစ်ရပ်လုံးနှင့် ကျွန်မအပေါ်ထားသော သူ၏ကရုဏာတော်နှင့် မေတ္တာတော်အတွက် ကျွန်မလွန်စွာ ကျေးဇူးတင်မိပါသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် အိမ်သို့ ကျွန်မပြန်လာသောအခါ “အသင့်ပြင်ဆင်ထားပါ၊ ဒီကနေ့ သင်သေလိမ့်မယ်”ဆိုသည့်အသံကို ကျွန်မကြားရ၏။ သန့်ရှင်းသော ဝိညာဉ်တော် ပြောကြောင်း ကျွန်မသိပါ သည်။ အကြောင်းမှာ သူ့ကို မြင်ရသောကြောင့်ဖြစ်သည်။ ကျွန်မသည် သူ့အသံကို လစ်လျှူရှုလိုက်ပြီး “သခင် ကျွန်မ ဒီနေ့မသေချင်ဘူး” ဟုပြန်ပြောသောအခါလည်း သူက “အသင့်ပြင်ပါ ဒီနေ့သင်သေမယ်” ဟု ထပ်ပြော ပါသည်။ ဤတစ်ကြိမ်တွင်မူ အသံပိုကျယ်လာပြီး အရှိန်လည်းပိုကြီးလာ၏။ ကျွန်မက “ဘုရားသခင် ကိုယ်တော် ကျွန်မကို စကားပြောနေတာကို ကျွန်မသိပါတယ်။ ကျွန်မသည် အတည်ပြုချက်ကိုပဲတောင်းပါတယ်။ ကိုယ်တော်ခိုင်းတဲ့အရာ ဘာမဆို ကျွန်မလုပ်ပါမယ်။ ကျွန်မကြောက်ရွံ့သည့်တိုင် အလိုတော်တိုင်းဖြစ်ဖို့ ကျွန်မအပ်နှံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်ဟာ ကျွန်မနဲ့ အတူရှိပြီး တကယ်စစ်မှန်တယ်ဆိုတာ ကျွန်မသိလို့ ဖြစ်ပါတယ်” ဟု ပြန်ဖြေလိုက်ပါသည်။
ကျွန်မက ကိုယ်တော် “အရင်တစ်ခါက အသုံးပြုခဲ့တဲ့ ပုဂ္ဂိုလ်ကို ဒီသတင်းစကား လာပြောစေ ပါ။ ကျွန်မအိမ်ပြန်မရောက်ခင် ဒီအချိန်မှာပဲ သူ့ကို အိမ်မှာရောက်စေပါ။ ကျွန်မ ဒီကနေ့ သေမယ်လို့ သူ့ကို ပြောစေပါ” ဟု ဆုတောင်းလိုက်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂါတ်ကို သိပါတယ်။ သူ့ကို ကျွန်မ ဘာဆုတောင်းမည်ကို သူသိပါသည်။ ထို့ကြောင့် ကျွန်မ အိမ်သို့ ပြန်ရောက်သောအခါ ဘုရားသခင်၏ အစေခံကျွန်မှာ အိမ်သို့ ရောက်နှင့်နေပါပြီ။

မက်ခ်ဇီမာ(Maxima)
ကျွန်မသမီး အိမ်သို့ ပြန်ရောက်သောအခါ ကျွန်မတို့သည် မီးဖိုချောင်ထဲတွင် ရှိနေပါသည်။ အင်ဂျင်လီကာသည် ထိုအမှုတော်ဆောင်ကို တွေ့သောအခါ ‘‘ဘုရားသခင် သင့်ကိုကောင်းကြီးပေပါစေ’’ ဟု ဆိုလိုက်သည်။ ဘုရားသခင်၏ လူက ‘‘ဘုရား သခင် မင်းကိုကောင်းကြီးပေးပါစေ၊ မင်းအဆင်သင့် ဖြစ်ပြီလား၊ ဒီကနေ့ဟာဘုရားသခင်မင်းကို ခေါ်သွားမယ့်နေ့ပဲ။ ညနေ ၄း၀၀ နာရီမှာ’’ ဟု ပြောပါသည်။ အင်ဂျလီကာသည် ဘုရားသခင် သူ၏ ဆုတောင်းသံကို အဖြေပေးသည့်အတွက် နေရာမှာရပ်ရင်း အံ့အားသင့်နေပါသည်။

အင်ဂျလီကာ
ကျွန်မက ထိုစကားကိုကြားသောအခါ ‘‘အာမင် . . . . ဒါပေမယ့် ကျွန်မ မသေချင်ဘူး၊ မသေပါရစေနဲ့ သခင်၊ ကျွန်မကြောက်တယ်၊ သိပ်ကြောက်တယ်၊ အရမ်း ကြောက်တယ်’’ ဟုပြောသောအခါ ဘုရားသခင်၏ အစေခံကျွန်က ‘‘သင့်ရဲ့ ကြောက်စိတ် ယေရှုရဲ့နာမ၌ ယခုထွက်သွားဖို့ ဆုတောင်းရအောင်’’ ဟုပြောရာ ကျွန်မက ‘‘အာမင်’’ ဟု ပြောပြီး ကျွန်မတို့ ဆုတောင်းကြပါသည်။ မကြာမီ ကျွန်မ၏ ကြောက်စိတ် ပျောက်လွှင့်သွားပြီး မဖော်ပြနိုင်သည့် ဝမ်းမြောက်ခြင်းကို ခံစားရပြီး သေခြင်းဟာ ငါ့အသက်တာထဲမှာ အကောင်းဆုံး အတွေ့အကြုံပဲဟု ထင်မိပါသည်။ လူတိုင်းက ကျွန်မကို ကြည့်နေသည့် အချိန်တွင် ကျွန်မ စတင်ပြီး ပြုံးရယ်လာပါသည်။ ကျွန်မသည် စိတ်ဆင်းရဲနေရာမှ ဝမ်မြောက်ခြင်းသို့ ကူးပြောင်းသွားကြောင်း သူတို့အားလုံးတွေ့မြင်ကြရ၏။ ကျွန်မသည် ပြုံးလျက်၊ ခုန်လျက်၊ သီချင်းဆိုလျက် ရှိနေပါသည်။


မက်ဇီမာ
ကျွန်မ၏သမီးသည် ချက်ချင်းပင် ဝမ်းမြောက်မှုကို ခံစားရပြီး အစာစတင်စားပါသည်။ အစာအားလုံးကို နည်းနည်းစီစားရင်း ‘‘အင်း - ကျွန်မလာရင်လည်း ကိစ္စမရှိဘူး၊ ကျွန်မ စားသောက်ပြီးပြီ၊ ဗိုက်လည်းပြည့်ပြီ’’ ဟုပြောပါသည်။

အင်ဂျလီကာ
လူတိုင်းကရယ်မောလာပြီး ‘‘မင်း ဝမ်းနည်းရမည့်အစား ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ၊ မင်းပျော် နေတယ်၊ ဝမ်းမြောက်နေတယ်ဟုတ်လား’’ ဟု မေးရာ ကျွန်မက ‘‘ဟုတ်တာပေါ့၊ ကျွန်မ ရဲ့သခင်ကို ကျွန်မ တွေ့ရတော့မယ်။ သူနဲ့အတူ နေရတော့မယ်။ ဒါပေမဲ့ ကျွန်မ ပြန်လာမလား၊ မလာဘူးလားဆိုတာ ကျွန်မ မသိဘူး။ ဒါကြောင့် ကျွန်မရဲ့ ပစ္စည်းအားလုံးကို ပေးပစ်လိုက်ချင်တယ်’’ ဟု ပြောလိုက်သည်။ သူတို့သည် ကျွန်မကို စိုက်ကြည့်ရင်း ‘‘မင်းရဲ့ပစ္စည်းအားလုံးကို ပေးပစ်မယ် ဟုတ်လား’’ ဟု မေးပါသည်။ ကျွန်မ၏ မိခင်မှာ လည်း အံ့သြပြီး မျက်လုံးပြူးသွားပါသည်။

မက်ခ်ဇီမာ
ကျွန်မသမီးသည် သူ၏ပစ္စည်းများကို စတင်ပေးဝေနေပါသည်။ သူ၏ပစ္စည်းအားလုံး တစ်ခု မကျန် ပေးပစ်နေပါသည်။ ကျွန်မတို့၏ အသင်းတော်မှ ညီအမများသည်လည်း ထုံးစံအတိုင် ကျွန်မတို့နဲ့အတူ ရှိနေပါသည်။ ၎င်းတို့ အယောက်တိုင်းကို သူတစ်ခုခုပေးပါသည်။ သူ၏ ရည်ရွယ်ချက်ကို ကျွန်မ မေးကြည့်သော အခါ သူက ‘‘ကျွန်မ ပြန်လာရင် ဒါတွေအားလုံးကို သူတို့ ကျွန်မကို ပြန်ပေးနိုင်တယ်။ ဒါပေမယ့် ကျွန်မ ပြန်မလာရင် သူတို့ အပြီးအပိုင် ယူနိုင်တယ်’’ ဟု ဖြေပါသည်။

အင်ဂျင်လီကာ
ကျွန်မ ထိုစကားကို ပြောလိုက်သောအခါ ကျွန်မ၏မိခင်သည် မည်မျှဝမ်းနည်းသွားမည်ကို ကျွန်မ မှန်းဆ နိုင်းပါသည်။ သို့သော် ကျွန်မက ပျော်ရွှင်းလွန်လှသဖြင့် ကျွန်မ၏ အိင်္ကျီ ၊ အိပ်ယာ၊ စဲလ်ဖုန်းမှ စ၍ အားလုံးကို ပေးပစ်ပါသည်၊ ချွှင်းချက်တစ်ခုသာ ရှိပါသည်။ ၎င်းမှာ အကယ်၍ ကျွန်မပြန်လာရလျှင် အားလုံးကို ကျွန်မပြန်ပေးရမည် ဟူ၍ဖြစ်သည်။ သူတို့အားလုံး ရယ်မောကြပါသည်။

မက်ခ်ဇီမာ
သူသည် လုံးဝ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။ သို့သော် မိခင်တစ်ဦးအနေဖြင့် ကျွန်မသည် အလွန်းမှပင် ဝမ်းနည်းပါသည်။ မလွယ်လှပါ။ ‘‘ဘုရားသခင် အဲဒီချိန်ရောက်ရင် ဘယ်လိုဖြစ်မှာလဲ’’ ဟု ကျွန်မ စဉ်းစားနေပါသည်။ ကျွန်မ နားမလည်နိုင်ပါ။ သူတို့ စတင်ဆုတောင်စဉ် ကျွန်မက အိမ်ထဲတွင် စီမံနေပါသည်။ သူတို့က ‘‘ညီမရယ်လာပါ၊ ဆုတောင်း ရအောင်၊ ’’ဟုခေါ်သော်လည်း ကျွန်မက ‘‘လုပ်ပါ၊ ခဏနေ ကျွန်မ လာမယ်၊ ဒီအလုပ်ပဲ အပြီးသတ်ပါရစေ’’ ဟု ပြန်ပြောလိုက်ပါသည်။

အင်ဂျင်လီကာ
ကျွန်မတို့ ဆုတောင်းသောအခါ သူတို့အားလုံးသည် ကျွန်မကို လေ့လာနေကြပါသည်။ ကျွန်မက ‘‘ဘုရားသခင် ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ကျွန်မ ဆောင်ချင်ပါသည် ကိုယ်တော်ဟာ မုသာ ပြောဖို့၊ နောင်တရဖို့ လူမဟုတ်ပါဘူး။ ကိုယ်တော်ဟာ အစစ်အမှန်ရှိပါတယ်။ ကိုယ်တော်အပေါ် ကျွန်မ ပျက်ကွက် မယ်ဆိုရင် ကျွန်မကို အပြီးခေါ်သွားရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျွန်မဟာ ကိုယ်တော်ရဲ့ အလိုဆောင်မယ် ဆိုရင် ကျွန်မကို ပြန်ရှင်စေပါ။ ဒါပေမယ့် အမှန်တရားကိုပြောဖို့ ကျွန်မကို မစပါ။ ကျွန်မကို ပြုပြင်ပါ။ ဟောပြောဖို့နဲ့ လူတွေ နောင်တရဖို့ ပြောကြားနိုင်အောင် ကျွန်မကို မစပါ’’ ဟု ဆုတောင်းပါသည်။ ၎င်းမှာ ကျွန်မ၏ အတိုဆုံးဆုတောင်းချက် ဖြစ်သည်။ ကျွန်မသည် ဘုရားလူကို ဤအကြောင်းပြောပြပြီး ‘‘ဘုရားသခင် ကို ကျွန်မ ပြောတဲ့အရာကို ကျွန်မရဲ့အမေကို မပြောနဲ့ဦးနော်’’ ဟု ပြောသောအခါ သူက‘‘အခု ကျွန်တော် မပြောသေးဘူး။ ဒါပေမယ့် ဘုရားသခင်မင်းကို ခေါ်သွားတာနဲ့ တပြိုင်နက် သူ့ကို ကျွန်တော် ပြောပြမယ်’’ဟု ပြောပါသည်။ ကျွန်မတို့ စက်ဝိုင်းဏ္ဍာန် ဆက်လက်ဆုတောင်းပါသည်။

မက်ခ်ဇီမာ
ညနေ ၃း၃၀ တွင် ဘုရားသခင်က သူ၏အစေခံကျွန်အား ကျွန်မ၏သမီးကို ဆီလူး ဘိသိက်ပေး ရန်ပြောပါသည်။ ထို့ကြောင့် သူ့အား ဆီးလူး ဘိသိက်ပေးရန် ကျွန်မတို့တချို့ အခန်းထဲသို့ ဝင်သွားပါသည်။ သူ့တစ်ကိုယ်လုံးကို ဆီလူးရန် ဆရာက အချိန်(၂)မိနစ် ပေးပါသည်။ သူ၏ ဆံခြည်မှစပြီး တစ်ကိုယ်လုံးကို ဆီးလူးပေးပါသည်။ သူသည် ဘိသိက်ဆီဖြင့် ပြည့်ဝနေပါသည်။

သေခြင်း

အင်ဂျလီကာ
ကျွန်မ၏မိခင်နှင့် အသင်းတော်မှ ညီအမ တစ်ဦးဖြစ်သူ Fatima Navarrette ကျွန်မကို ဆီလူးပြီး ဘိသိက်ပေးပါသည်။ သူတို့ ကျွန်မကို ဆီဖြင့်လူးစဉ် ကျွန်မကို ဖန်ကဲ့သို့ တစ်ခုခုက ပတ်ပတ်လည် ဖုံးအုပ်လိုက်သည်ကို ခံစားရ၏။ ရှင်းပြရန်ခက်ပါသည်။ သံချပ်အင်္ကျီကဲ့သို့ သော အရာနှင့်ဖုံးအုပ်သလို ခံစားရ ပါသည်။ မည်သို့ မည်ပုံဖုံးအုပ်လိုက်သည်ကို ကျွန်မ မရှင်းပြတတ်ပါ။ ထို့နောက် သူတို့က ကျွန်မကို တို့ထိသော အခါ ကျွန်မကို မထိတော့ပါ။


မက်ခ်ဇီမာ
ကျွန်မတို့ အင်ဂျလီကာပေါ်တွင် ဆုတောင်းစဉ် သူ့အပေါ်၌ ကျွန်မ လက်တင်ရန် ကြိုးစားသော် လည်း သူ့ကို မထိပါ။ သူ့ကိုယ်ခန္ဓာပတ်လည်ကို တစ်မျိုးမျိုးဖြင့် လွှမ်းခြုံထားသကဲ့သို့ဖြစ်သည်။ ထူးဆန်းပါ သည်။ မည်သူမျှ သူ့ကို တို့ထိ၍မရပါ။ ထိုလွှမ်းခြုံးထားသော အရာသည် သူ့ဦးခေါင်းထိပ်ဖျားမှ သူ့ခြေထောက် အထိ ဖြစ်ပါသည်။ ၃၀စင်တီမီတာ (၁၂)လက်မခန့် ထူပါသည်။ ကျွန်မ အထိတ်လန့်ဆုံး အချက်မှာ ဤအချက် ပင် ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုတော်ဆောင်ထဲတွင် ကျွန်မသည် ယခင်က လူများပေါ် လက်တင်ဖူး ပါသည်။ သို့သော် ဤအမျိုးမှာ တစ်ခါမှ မကြုံဖူးပါ။ ကျွန်မက ‘‘အို - တစ်ခုခုတော့ဖြစ် နေပြီး’’ ဟုပြောပြီး စတင်ဆုတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းပြုပါသည်။ ရုတ်တရက် ကျွန်မသည် ကြီးစွာသော ဝမ်းမြောက် ခြင်းကို ခံစားရပါသည်။ ကျွန်မ၏ နှလုံးထဲမှ ဝမ်းနည်မှု၊ နာကျင်မှုများလည်း ပျောက်ကွယ်သွားပြီး ဝမ်မြောက်မှု၊ ပျော်ရွှင်မှုကို ခံစားရပါသည်။ ကျွန်မတို့ ဆက်လက်ဆုတောင်းပြီး ညနေ ၄း၀၀ နာရီခန့်တွင် ကျွန်မ၏ သမီးသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

အင်ဂျလီကာ
ဆုတောင်းစဉ်ချိန်တွင် ကျွန်မ အသက်ရှူကြပ်လာပါသည်။ အသက်ရှူ၍မရပါ။ ဝမ်းဗိုက်နှင့် နှလုံးတွင် နာကျင်လာပါသည်။ သွေးလည်ပတ်မှုလည်း ရပ်ဆိုင်းသွားသည်ကို ခံစားရပြီး တစ်ကိုယ်လုံး ပြင်းထန်သော နာကျင်မှုကို ခံစာရပါသည်။ ကျွန်မ လုံးဝ မခံစားနိုင်တော့ကြောင့် ‘‘ဘုရားသခင် ကျွန်မကို ခွန်းအားပေးပါ၊ ကျွန်မကို ခွန်းအားပေးပါ’’ ဟူ၍သာ ပြောနိုင်တော့သည်။ ကျွန်မထံတွင် ဘာခွန်းအားမျှ မရှိတော့ပါ။ အားအင်အကုန်လုံး ဆုတ်ယုတ်သွားပါသည်။ ကျွန်မသည် ကောင်းကင်ပေါ်သို့ ကြည့်လိုက်သော အခါ ကောင်းကင်ဖွင့်လှစ်လာသည်ကို တွေ့ရပါသည်။ ကျွန်မ၏ ကာယမျက်စိဖြင့် တွေ့ခြင်းမဟုတ်ပါ။ ဝိညာဉ်မျက်စိဖြင့် တွေ့ခြင်းဖြစ်ပါသည်။ ကောင်းကင်တမန် နှစ်ပါးမက ဆယ်ပါးမက၊ သန်းပေါင်းများစွာ စုဝေးနေသည်ကို တွေ့ရ၏။ ကောင်းကင်တမန် သန်းပေါင်းများစွာတ့်ို၏ အလယ်တွင် နေ ထက် အဆ ၁၀၀၀၀ တောက်ပသော အလင်းကို တွေ့ရပါသည်။ ထိုအခါ ကျွန်မက ‘‘ဘုရားသခင် အခု လာနေတာ ကိုယ်တော်ပဲ’’ ဟု ပြောလိုက်ပါသည်။

မက်ခ်ဇီမာ
သူ လဲကျသွားသောအခါ ကျွန်မတို့ သူ့ကို ကြိုးစားပြီး ထူပါသည်။ သူသည် ကိုယ့်ဘာသာ ကိုယ် မရပ်နိုင်တော့ပါ။ ဤအချိန်တွင်မူ ကျွန်မတို့ သူ့ကို ထိ၍ရပါသည်။ ‘‘ဆုတောင်းပါ၊ ကျွန်မ အားမရှိတော့ဘူး မေမေ၊ ကျွန်မ အားမရှိတော့ဘူး၊ နာကျင်နေတယ်’’ ဟု သူပြောနေ၏။ ပဌမ၌ သူ့နှလုံးတွင် နာကျင်ပြီးနောက်ပိုင်း သူ့ ဝမ်းဗိုက်သို့ ရောက်သွားသည်။ ကျွန်မတို့ ဆက်၍ ဘုရားသခင်ကို ဆုတောင်းကြပါ သည်။ ဘုရားသခင်သူ့ အသက်ကို ရုပ်သိမ်းသွားပါသည်။ ကျွန်မ အသက်တာတွင် လူသေသည်ကို တစ်ယောက်မျှ မတွေ့ဖူးပါ။ ကျွန်မ၏သမီး နာကျင်စွာခံစာလျက် သေဆုံးသွာသည်ကို ကျွန်မ တွေ့မြင်ရပါသည်။ ကြည့်ရသည်မှာ လုံးဝမလွယ်ပါ။ သူ၏ နောက်ဆုံးစကားကို ကျွန်မနားမလည်ပါ။ နောက်ဆုံးတွင် ရပ်သွားပါသည်။ သူ့ပါစပ်တွင်လည်း မှန်တစ်ချပ်ကို ကပ်ကြည့်ပါသည်။ သူ အသက် မရှူတော့ပါ။ ငြိမ်သက်လျက် နေပါသည်။ ကျွန်မသူ့ကို ဖက်လိုက်ပါသည်။ ခါတိုင်းကဲ့သို့ပင် နွေးနေပါသည်။ မကြာမီ တိုတောင်းသောကာလအတွင်း သူစတင်အေစက်လာပါသည်။ အလွန်အေးလာပါသည်။ သူ့ဆံပင်မှာလည်း  သို့ဖြစ်သွား၏။ ရေခဲတုံးလိုလည်း အေးသွားပါသည်။
အင်ဂျလီကာ
သခင်ယေရှုသည် ကောင်းကင်မှ ဆင်းလာပါသည်။ ကျွန်မ၏။ ခန္ဓာကိုယ် သေလုဆဲဖြစ်သည် ကို ခံစားရပါသည်။ သခင်ယေရှုနှင့် ကောင်းကင်တမန်များ ပို၍နီးလာသောအခါ ကျွန်မထွက် သွားသည်ကို ကျွန်မ ခံစားရ၏။ ကျွန်မသည် ကျွန်မ မဟုတ်တော့ကြောင်း ခံစားရ၏။ ကျွန်မ အသက် မရှင်တော့ပါ။ အင်မတန် နာကျင်ပါသည်။ ကျွန်မ၏ ခန္ဓာကိုယ်သည် ကျမ်းပြင်ပေါ်သို့ လဲကျ သွားသောအခါ ၎င်းတို့သည် အိမ်ထဲတွင် ရောက်နေပါပြီ။ ကျွန်မ၏ အိမ်သည် ကောင်းကင်တမန်နှင့် ပြည့်ပြီး သူတို့၏ အလယ်တွင် နေထက်တောက်ပ သော အလင်းတစ်ခုကို ကျွန်မတွေ့ပါသည်။ အလွန်ခက်ခဲပါသည်။ ကျွန်မ၏ အသက်နှင့် ဝိညာဉ်ကို နှုတ်ယူစဉ်အခါ နာကျင်မှု ကြီးမားစွာ ကျွန်မခံစားရပါသည်။
ကျွန်မ၏ ခန္ဓာကိုယ် ကျမ်းပြင်ပေါ်တွင် တွေ့သောအခါ ကျွန်မသည် ငိုကြွေးရင်း အော်ဟစ် နေပါသည်။ ‘‘ကိုယ်တော် ဘာတွေဖြစ်နေတာလဲ၊ ဘာတွေဖြစ်နေတာလဲ’’ ဟု ကျွန်မ မေးပါသည်။ ကျွန်မ ခန္ဓာကိုယ်သို့ ကျွန်မ ပြန်ဝင်ချင်ပါသည်။ သို့သော် ကျွန်မ ကြိုးစားသောအခါ လေကို ဖမ်းဆုပ်သကဲ့သို့ ဖြစ်၏။ ကျွန်မ ထိ၍ မရပါ။ လက်မှာ ခန္ဓာထဲသို့ တိုးယိုပေါက်ဝင် သွားပါသည်။ ထိုနေရာတွင် ဆုတောင်း နေသူများ တစ်ဦးတစ်ယောက်မျှ ကျွန်မ၏ အသံကို မကြာပါ။ ‘‘ဘုရာသခင် ကျွန်မကို ကယ်မပါ’’ ဟု ကျွန်မအော်နေပါသည်။


မက်ခ်ဇီမာ
ကျွန်မတို့ ဆုတောင်းနေစဉ် ကျွန်မ၏ခင်ပွန်း ပြန်ရောက်လာပြီး အင်ဂျလီကာကို ကြမ်းပြင်ပေါ် တွင်တွေ့ရပါသည်။ ကျွန်မသည် ဘာလုပ်ရမှန်း မသိသောကြောင့် ထိုအချိန်တွင် ဘုရားသခင် ကျွန်မကို ခွန်အားပေးပါ။ ‘‘အင်ဂျလီကာသည် မြောနေသည့် ပုံစံဖြစ်နေပါသည်။ သို့သော် ဘုရားသခင် လုပ်ဆောင်သည့် အရာဖြစ်သောကြောင့် သူဘာမျှမဖြစ်ကြောင်း ကျွန်မသိပါသည်။ ထို့ကြောင့် ‘‘အလိုတော်အတိုင်း ဖြစ်စေတော်မူ ပါ ‘သခင်’ ’’ ဟု ကျွန်မ ပြောလိုက်ပါသည်။

သခင်ယေရှုခရစ်
အင်ဂျလီကာ
ထိုအခိုက်အတန့်တွင် သခင်ယေရှုခရစ်၏ အသံကို ကျွန်မကြားရသည်။ အသံမှာ ဟိန်းနေပြီး အင်မတန်ချိုမြိန်သောအသံ၊ မေတ္တာနှင့်ပြည့်သော အသံဖြစ်၏်။ ‘‘မကြောက်နှင့် ငါ့သမီး၊ ငါဟာ ယေဟောဝါဘုရား၊ သင့်ရဲ့ ဘုရားဖြစ်တယ်။ သင့်ကို ငါ ကတိပေးထားတဲ့ အရာကို ပြဖို့ ငါလာတာ ဖြစ်တယ်၊ ထပါ၊ ငါဟာ သင့်ရဲ့လကျာ်လက်ကို ကိုင်ပြီ မကြောက်နှင့်။ သင့်ကို ငါ မစမယ်လို့ ပြောတဲ့ ယေဟောဝါ ဘုရားဖြစ်တယ်’’ ဆိုသည့်အသံဖြစ်သည်။ ရုတ်တရက် ကျွန်မထလိုက်ပါသည်။ ကျွန်မသည် စောစောက ဒူးထောက်လျက် ကျွန်မ၏ ကိုယ်ခန္ဓာကိုကြည့်ကာ ခန္ဓာထဲသို့ ပြန်ဝင်ချင်ပြီး မဝင်နိုင်ဖြစ်နေခဲ့၏။ သခင်ယေရှု၏ အသံကို ကျွန်မကြားသောအခါ ကြောက်စိတ်လုံးဝ ပျောက်လွှင့်သွားသည်။
ကျွန်မ စ၍လျှောက်သောအခါ ကောင်းကင်တမန်က လမ်းတစ်ခုကို စပြီးဖွင့်ပေးပါသည်။ အင်မတန် တောက်ပစွာလင်းနေသော အလင်းတစ်ခုရှိပြီး ကျွန်မ ထိုအလင်းကို ကြည့်သောအခါ ငြိမ်သက်ခြင်း ကို ခံစားရပါသည်။ ကျွန်မ ကြည့်သောအခါ အရပ်မြင့်ပြီး ကိုယ်ကာယကြံ့ခိုင်၍ လှပတင့်တယ်သော လူတစ်ဦးကို ကျွန်မတွေ့ရ၏။ အလင်းသည် သူ့အထဲမှ ထွက်နေခြင်းဖြစ်သည်။ လင်းလွန်းလှသဖြင့် သူ၏ မျက်နှာကို ကျွန်မ မတွေ့ရပါ။ သို့သော် လှပပြီး ဝင်းလက်တောက်ပနေသည့် သူ၏ ရွှေရောင်ဆံပင်ကို ကျွန်မတွေ့ရ၏။ သူ၏ ဝတ်လုံဖြူပေါ်တွင် ကျယ်ဝန်းသည့် ရွှေခါးစည်းတစ်ခုသည် ရင်ပတ်ကို ကန့်လန့်ဖြတ် သည်။ ထိုရင်စည်းပေါ်တွင် “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟုရေးထားပါသည်။
သူ၏ခြေထောက်ကို ကျွန်မကြည့်သောအခါ သူသည် ဝင်းလက်တောက်ပနေသည့် ရွှေဖိနပ်ကို စည်းထားပါသည်။ သူက ကျွန်မအား လက်ကမ်းပေးပါသည်။ သူ့လက်ကို ကျွန်မကိုင်သောအခါ ကျွန်မ၏ ကိုယ်ခန္ဓာကို ကျွန်မ ထိသလိုမျိုး ဖေါက်ထွက်မသွားပါ။ ကျွန်မက “ဘာတွေဖြစ်နေတာလဲ သခင်” ဟု မေးသောအခါ သူက “ငါသင့်ကို ငရဲပြမယ်။ ဒါမှ သင်ဟာ ပြန်ပြီး ငရဲဟာ တကယ်ရှိတယ်၊ အမှန်တကယ်ရှိတယ် ဆိုတာ လူသားတွေကို ပြန်ပြီး ပြောဖို့ဖြစ်တယ်။ ပြီးတော့ ငါ့ရဲ့ ဘုန်းအသရေကိုလည်း ငါ သင့်ကို ပြမယ်။ အကြောင်းကတော့ ငါ့ရဲ့လူတွေကို အသင့်ပြင်ဆင်ထားဖို့ သင်ပြောရန်ဖြစ်တယ်။ ငါ့ရဲ့ ဘုန်းအသရေဟာ တကယ်ရှိတယ်ရှိတယ်။ ငါလည်း တကယ်အစစ်အမှန်ရှိတဲ့ အတွက်ဖြစ်တယ်” ဟု ပြောပါသည်။ “သမီး မကြောက်နဲ့” ဟု ထပ်၍ ပြောပါသည်။ ကျွန်မက “သခင်ကျွန်မက ကောင်းကင်ဘုံကိုပဲ သွားချင်လို့ပါ။ ငရဲက တကယ် ကြောက်စရာ ကောင်းတယ်လို့ ကျွန်မ ကြားဖူးတယ်လို့ ငရဲကို တော့ မသွားချင်ဘူး” ဟု ပြောသောအခါ သူက “သမီး ငါသင်နှင့် အတူရှိမယ်။ အဲဒီနေရာမှာ ငါ သင့်ကို မချန်ထားဘူး။ ဘာဖြစ်လို့ အဲဒီနေရာကို ပြရမလဲဆိုရင် ငရဲရှိတယ်ဆိုတာ သိတဲ့ လူတွေ မြောက်များစွားရှိတယ်၊ ဒါပေမဲ့ သူတို့ လုံးဝ မကြောက်ကြဘူး။ ကစားစရာလိုပဲ သဘောထားကြတယ်။ ငရဲဆိုတာ ရယ်စရာ ပျက်လုံးတစ်ခုလို့ပဲ သူတို့ ယူဆကြတယ်။ နောက်ပြီး လူအများစုက ငရဲအကြောင်းမသိကြဘူး။ ဒါကြောင့် ငါ သင့်ကို အဲဒီနေရာကိုပြမယ်။ ဘာဖြစ်လို့လဲဆိုရင် ငါ့ရဲ့ ဘုန်းအသရေကို ဝင်းစားရတဲ့ သူတွေထက် ဝိညာဉ်ပျက်စီးဆုံးရှုံးတဲ့သူတွေက ပိုများတယ်” ဟုပြောပါသည်။ သခင်ယေရှုသည် ထိုစကားကိုပြောသောအခါ မျက်ရည်များ သူ့ဝတ်လှုံပေါ်သို့ စီးကျလာသည်ကို ကျွန်မမြင်ရပါသည်။ ကျွန်မက “သခင်ဘာဖြစ်လို့ ငိုတာလဲ”ဟု မေးသောအခါ သူက “ဝိညာဉ် ပျက်စီးဆုံးရှုံးသွားတဲ့ လူတွေက ပိုပြီးများတယ်။ ဒီအရာကို ငါသင့်ကို ပြမယ်။ ဒါမှ သင်သွားပြီး လူတွေကို အမှန်တရာကို ပြောပြဖို့ဖြစ်တယ်။ သင်လည်း အဲဒီနေရာကို ပြန်မလာရဖို့ဖြစ်တယ်” ဟုဖြေပါသည်။

ငရဲ
သခင်ယေရှု စကားပြောနေစဉ် ရုတ်တရက် အရာခပ်သိမ်းသည် ရွေ့လျားသွား၏။ မြေကြီးလည်း လှုပ်ပြီးကွဲထွက်သွားကာ အောက်တွင် အလွန်မည်းမှောင်သော တွင်းတစ်ခုကို ကျွန်မတွေ့ရပါ သည်။
                      ကျွန်မတို့သည် ကျောက်လိုမျိုး အရာတစ်ခုပေါ်တွင် ရပ်နေပြီး ကောင်းကင်တမန်များက ကျွန်မတို့ကို ပတ်လည်ဝိုင်းထားပါသည်။ ကျွန်မက “သခင်၊ အဲဒီနေရာကို ကျွန်မ မသွားဘူး” ဟု ပြောသောအခါ သူက “သမီး မကြောက်နဲ့၊ ငါ သင်နှင့်အတူ ရှိတယ်” ဟု ဖြေပါသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ကျွန်မတို့သည် မှောင်မဲနေသော တွင်းထဲသို့ ဆင်းသွားပါသည်။ ကျွန်မ ကြိုးစား၍ ကြည့်သော်လည်း ပိန်းပိတ်အောင် မှောင်၍ သာနေပါသည်။ ကျွန်မသည် ကြီးမားသော စက်ဝိုင်းသဖွယ်အရာတစ်ခုကို တွေ့ရပြီး သန်းပေါင်းများစွာသော လူတို့၏ အသံကို လည်း ကြားရ၏။
အလွန်ပူပါသည်။ ကျွန်မ အသားအရေများ ပူလောင်နေသည်ကို ခံစားရပါသည်။ ကျွန်မက “သခင် ဒါဘာလဲ။ ဒီနေရာကို ကျွန်မ မသွားချင်ဘူး’’ ဟုပြောသောအခါ သခင်က ဤအရာမှာ ငရဲသို့ သွားမည့် လှိုင်ခေါင်းဖြစ်ကြောင်း ပြောပါသည်။ အနံ့မှာ ဆိုးဝါးလှပြီး စက်ဆုပ်ရွံရှာစရာ ၊ ပျို့အန်ချင်စရာကောင်းလှပါ သည်။ ကျွန်မကို မခေါ်သွားရန် သခင်ယေရှုကို ကျွန်မ တောင်းပန်ပါသည်။ သူက ‘‘သမီး၊ ဒီနေရာကို သမီးရောက်ပြီး ဒီနေရာအကြောင်း သိဖို့ လိုအပ်တယ်’’ ဟုဖြေပါသည်။ ကျွန်မက ‘‘ဘာဖြစ်လို့ သွားမှာလဲ သခင်၊ ဘာဖြစ်လို့်လဲ’’ ဟု ကျွန်မအော်သောအခါ သခင်က ‘‘လူသားတွေကို အမှန်တရား ပြန်ပြောနိုင်အောင်ဖြစ်တယ်။ လူသားတွေရဲ့ ဝိညာဉ်ပျက်စီးဆုံးရှုံးနေတယ်။ ငါ့ရဲ့ နိုင်ငံတော်ကို ဝင်းစာရတဲ့ လူတွေ အနည်းငယ်သာ ရှိတယ်။’’ ဟု ပြန်ဖြေပါသည်။ (မဿဲ ၇း၁၄)။ ဤသို့ပြောရင်း သခင်ယေရှုငိုကြွေးပါသည်။ သူ့စကားအားဖြင့် ကျွန်မခွန်းအား ပြန်ရလာပြီး ကျွန်မဆက်လျှောက်သွားပါသည်။
လှိုင်ခေါင်းအဆုံးသို့ ကျွန်မတို့ ရောက်ရှိပြီး အောက်သို့ ကျွန်မငုံ့ကြည့်သောအခါ မီးတောက် မီ်းလျှံများနှင့် ဖုံးလွမ်းနေသော အလွန်တရားနက်သည့် တွင်းတစ်ခုကို ကျွန်မ တွေ့လိုက်ပါသည်။ သခင်ယေရှုက ‘‘သမီး ငါ သင့်ကို ဒီအရာ ပေးတယ်’’ ဟု ပြောပါသည်။ ၎င်းမှာ စာရွက် အလွှတ်များကို တွဲထားသော ‘‘ကြီးမားသည့် ပြမည့်အရာ၊ သင်မြင်မည့်အရာအားလုံးကို ရေးချရမယ်။ အားလုံး ပြန်ပြောရမှာ ဖြစ်တယ်’’ ဟု ပြောပါသည်။ ကျွန်မက ‘‘သခင် ကျွန်မ လူတွေ ညှဉ်းဆဲနှိပ်စက်ခြင်းနေရတာတွေ၊ အလွန်ကြီးမား တဲ့ မီးတောက်မီးလျှံတွေကို တွေ့ရပါပြီ’’

မက်ခ်ဇီမာ
အချိန်တွေကတရွေ့ရွေ့ကုန်လွန်သွားပါသည်။သမီးလည်းအဲဒီနေရာမှာပဲလဲလျှောင်နေပါတယ်။ ‘‘သခင် ဘာတွေဖြစ်နေတာလဲ’’ ဟုမေးမိပါသည်။ မျက်ရည်များသည် သမီး၏မျက်လုံးထဲမှ စီးထွက်လာ ပါသည်။ ကျွန်မသုတ်ပစ်လိုက်သောအခါ ထပ်မံထွက်လာပြန်သည်။ သူအသက်ရူခြင်းရှိမရှိသိရန် မှန်တစ်ချပ်ကို သူပါးစပ်နားမှာကပ်ထားလိုက်ပါသည်။ သူဘာမျှအသက်မရူပါ။ သူ၏သွေးခုန်နုန်းကိုလည်း စမ်းကြည့်ရာ ဘာမျှ မခုန်ပါ။ သူ့ ၀မ်းဗိုက်ပေါ်တွင် ကျွန်မတို့ လက်တင်ကြသည်။ ဘာမျှ မလှုပ်ရှားပါ။ ဘုရားသခင်၏ လူအမှုတော် ဆောင်က ‘‘သူအခုရောက်နေတဲ့ နေရာက ပြုံးရယ်ရတဲ့ နေရာမဟုတ်ဘူး၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့နေရာ ဖြစ်တယ်’’ ဟုပြောပါသည်။

အင်ဂျလီကာ
ကျွန်မကသခင်ယေရှုအား ‘‘ငရဲဆိုတာတကယ်ရှိတယ်၊ ငရဲဆိုတာတကယ်ရှိမှန်းမှန်တယ်ဆို တာ ကျွန်မသက်သေခံပါ့မယ်။ ဒါပေမယ့် ကျွန်မကို အဲဒီနေကနေ ယခု ခေါ်ထုတ်ပါတော့’’ဟုပြောသောအခါ သူက ‘‘သမီးငါတို့ အဲဒီနေရာကိုတောင် မ၀င်ရသေးဘူး၊ သမီးကိုလည်းဘာမှ မပြရသေးဘူး။ သမီးကဒီနေရာကနေ ခေါ်ထုတ်စေချင်နေပြီလား’’ဟုပြောပါသည်။ ‘‘ကိုယ်တော် သမီးကိုကျေးဇူးပြု၍ ဒီနေရာကနေခေါ်ထုတ်ပါ’’ ဟုသာ ကျွန်မပြောပါသည်။
ထိုအခါ ကျွန်မတို့သည် နက်လှသောတွင်းထဲသို့ စတင်ဆင်းသွားပါသည်။ ကျွန်မစတင်ပြီး အော်ဟစ်ပါတော့သည်။ ‘‘ကိုယ်တော် ကျွန်မမသွားချင်ဘူး၊ မသွားချင်ဘူး’’ ဟုအော်ဟစ်နေရာ‘သခင်’ က သင် ဒါကို တွေ့ဖို့လိုတယ်’’ ဟု ပြန်ဖြေပါသည်။
ကျွန်မသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများကို ပုံစံအမျိုးစုံနှင့် တွေ့ရ၏။ အကောင်း ကြီး၊ အကောင်ငယ် မျိုးစုံပါ၏။ သူတို့သည် အလွန်လျှင်မြန်စွာပြေးလွှားနေပါသည်။ လက်ထဲတွင် တည်း တစ်စုံ တစ်ခုကိုကိုင်ထားကြသည်။ ‘‘သခင် သူတို့ ဘာဖြစ်လို့ ဒီပုံစံနှင့် ပြေးလွှားနေရတာလဲ၊ သူတို့ ဘာတွေ ကိုင်ထားကြတာလဲ’’ ဟုမေးသောအခါ ‘‘သမီးသူတို့ အဲဒီပုံစံနဲ့ပြေးလွှားနေတဲ့ အကြောင်းကတော့ သူတို့ အချိန်ကုန်တော့မယ် ဆိုတာသိတယ်။ လူသားတွေကိုဖျက်စီးဖို့၊ အထူးသဖြင့် ငါ့လူတွေကိုဖျက်စီးဖို့အချိန် က သိပ်တိုတောင်းနေလို့ဖြစ်တယ်။ သူတို့လက်ထဲမှာကိုင်ထားတဲ့ မြားချွန်းတွေကလူသားတွေကိုဖျက်စီးဖို့ ဖြစ်တယ်။ နတ်ဆိုးတစ်ကောင်စီကိုလူတွေရဲ့ နာမည် တစ်ခုစီပေးထားတယ်။ သူတို့ကို ပေးထားတဲ့ နာမည် အတိုင်းအဲဒီလူကိုသူတို့ဖျက်စီးပြီးအဲဒီနေရာကိုခေါ်ဆောင်လာဖို့ မြားချွန်းသူတို့ဆီမှာရှိတယ်။ သူတို့ရဲ့ ပန်းတိုင်ကတော့ အဲဒီလူကိုဖျက်စီးပြီးငရဲထဲကိုခေါ်ဆောင်လာဖို့ ဖြစ်တယ်’’ ဟုဖြေပါသည်။ နတ်ဆိုးများသည် ပြေးပြီးမြေကြီးတဘက်သို့ အပေါက်မှထွက်သွားသည်ကို ကျွန်မတွေ့ရသည်။ ထိုအခါ သခင် ယေရှုက ‘‘သူတို့ဟာ မြေကြီးပေါ်ကိုထွက်သွားတာဟာလူသားတွေကိုခေါ်ဆောင်လာပြီး ဒီနေရာမှာပစ်ချဖို့ ဖြစ်တယ်။’’ ဟုပြောရင်း သခင်ယေရှု ငိုကြွေးပါသည်။

မက်ခ်ဇီမာ
ကျွန်မ၏သမီး သေသွားသည်မှာ ၂၃ နာရီရှိပါပြီ။ သို့သော် အာဏာပိုင်များကို ကျွန်မ အကြောင်းမကြားပါ။ ကျွန်မက ‘‘ဘုရားသခင် ကျွန်မ ၂၄နာရီ စောင့်ပါ့မယ်။ သမီးက ၂၄ နာရီ အတွင်း မပြန်လာဘူးဆိုရင်ကျွန်မ ဆရာဝန်ကို ခေါ်ပါမယ်’’ ဟု ဆုတောင်းပါသည်။ သို့သော် ၂၄ နာရီ မတိုင်မီ ဘုရားသခင်သူကို အသက်ပြန်ရှင်စေပါသည်။
အင်ဂျလီကာ
ဘုရားသခင်က ကျွန်မအား ‘‘ငါ ပြမည့်အရာကို သင်ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား’’ ဟုပြောသောအခါ ကျွန်မ ‘‘ဟုတ်ကဲ့ပါသခင်’’ ဟု ဖြေပြီး သူသည် ကျွန်မကို အခန်းတစ်ခု သို့ ခေါ်သွား၏။ ထိုနေရာတွင် လူငယ်တစ်ယောက် မီးတောက်မီးလျှံ အကြားတွင် ပြင်းပြစွာသော ဝေဒနာကို ခံစားနေရသည်ကို တွေ့ရပါသည်။ အခန်းမှာ တစ်ခန်းချင်း နာမည်တပ်ထားပါသည်။ နံပါတ်များကို ကျွန်မ နားမလည်ပါ။ သို့သော် နောက်သို့ မျက်နှာ မူနေပုံ ပေါ်နေပါသည်။ ထိုအခန်းငယ်လေးထဲတွင် ကြီးမားသော သတ္တုပြားရှိ၏။ ထိုလူငယ်၏ နာဖိုးတွင် ‘‘၆၆၆’’ နံပါတ်ရှိ၏။ ကြီးမားသော သတ္တုအလွှာတစ်ခုသည်လည်း သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို အရေခွံ အထဲထိ နက်အောင် ဖုံလွှမ်းနေ၏။ သူ့ကိုစားနေသော ပိုးကောင်များသည် ထိုသတ္တုကို မဖျက်စီးနိုင်ကြပါ။ မီးသည်လည်း ထိုသတ္တုအလွှာကို မလောင်ကျွမ်းသွားပါ။ သူက ‘‘သခင် ကျွန်တော့်ကို သနားပါ။ ဒီနေရာကနေ ကျွန်တော့်ကို ခေါ်ထုတ်သွားပါ။ ကျွန်တော့်ကို ခွင့်လွတ်ပါ သခင်’’ ဟု အော်ဟစ်နေပါသည်။ သို့သော် သခင်ယေရှုက ‘‘နောက်ကျသွားပြီ။ အရမ်းနောက်ကျသွားပြီ။ ငါ သင့်ကို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဒါပေမယ့် သင်ဟာ နောင်တ မရဘူး’’ ဟု ပြန်ဖြေပါသည်။ ကျွန်မက ‘‘သခင် ဘာကြောင့် သူ ဒီကို ရောက်တာလဲ’’ ဟုမေးလိုက်၏။ ထိုအခါ ကျွန်မ သူ့ကို မှတ်မိသွားပါသည်။ မြေကြီင်္းပေါ်တွင် ဤလူငယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိပါသည်။ သို့သော်လည်း ရုတ်တရက်ပင် သူသည် ဘုရားသခင် ထံမှ ထွက်ခွာသွားပါသည်။ အရက်၊ မူးရက်ဆေးဝါကို သာ၍နှစ်သက်ပြီး လမ်းမှားကို လိုက်လျှောက်ခဲ့ပါသည်။ ဘုရားသခင်၏ လမ်းကိုသူ မလိုက်လျှောက်ချင်ပါ။ သူတွေ့ကြုံနိုင်သည့် အရာကို သခင်ယေရှု အကြိမ်ကြိမ် သတိပေးခဲ့၏။ သခင်ယေရှုက ‘‘သမီး သူ ဒီကို ရောက်လာတဲ့ အကြောင်းရင်းကတော့ ငါ့ရဲ့ စကားကို ငြင်းပယ်ခဲ့တဲ့ သူတိုင်းဟာ သူ့ကို တရားစီရင်မည့်သူ ရှိပြီးသားဖြစ်တယ်။ ငါပြောတဲ့စကားဟာ အဲဒီ နောက်ဆုံးနေ့ရက်မှာ သူ့ကို တရားစီရင်လိမ့်မယ်’’ (ရှင်ယောဟန် ၁၂း၄၈) ဟု ပြောပြီး သခင်ယေရှု ငိုကြွေးပါသည်။
သခင်ယေရှုငိုကြွေးသောအခါ ကျွန်မတို့ ငိုကြွေးပုံနှင့် မတူပါ။ သူ၏ နှလုံးသားတွင် နာကျင်ခြင်း ဖြင့် ငိုကြွေးပါသည်။ ‘‘ငါဟာ ငရဲကို လူသားတွေ အတွက် ဖန်ဆင်းတာမဟုတ်ဘူး။’’ ဟု သခင်ယေရှုပြောသော အခါ ကျွန်မက ‘‘ဒါဆိုရင် လူသားတွေက ဘာကြောင့် ဒီကိုရောက်ရတာလဲ သခင်’’ ဟုမေးရာ ‘‘သမီး၊ ငါဟာ ငရဲကို စာတန်နဲ့ နတ်ဆိုးတွေ ဖြစ်တဲ့ သူ့ရဲ့ တမန်တွေအတွက် ဖန်းဆင်းထားတာဖြစ်တယ်။ (မဿဲ ၂၅း၄၁) ဒါပေမယ့် အပြစ်ကြောင့်နဲ့ နောင်တမရတဲ့ အတွက်ကြောင့် လူသားတွေဟာ ဒီမှာ လမ်းဆုံးတာဖြစ်တယ်။ ငါ့ရဲ့ဘုန်းအသရေပြည့်တဲ့ နိုင်ငံကို ရောက်လာတာထက် ဝိညာဉ်ပျက်စီး တဲ့လူတွေ ပိုများပြီးတယ်’’ ဟု ဖြေပါသည်။ သခင်ယေရှုသည် ဆက်၍ငိုကြွေးနေပါသည်။ သူ၏ငိုကြွေးပုံကို တွေ့ရသော ကျွန်မသည် အလွန်မှပင် စိတ်ထိခိုက် သွားပါသည်။ ‘‘သမီး လူသားတွေ ဝိညာဉ် မဆုံးရှုံးဖို့ ဒီနေရာမှာ လာပြီး လမ်းမဆုံးဖို့ ငါ့အသက်ကို ငါပေးခဲ့တယ်။ လူသားတွေဟာ နောင်တရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ဖို့ မေတ္တာနှင့် ကရုဏာနှင့် ငါ့အသက်ကို ငါပေးခဲ့တယ်’’ ဟု ပြောပါသည်။ သခင် ယေရှုသည် နာကျင်မှု ဝေဒနာကို မခံရပ်နိုင်တော့သည့် လူတစ်ဦး၏ ညည်းပုံမျိုးဖြင့် ညည်းနေပါသည်။ ဤနေရာတွင်ရှိသော လူများကိုသူကြည့်စဉ် သူ ဤမျှလောက် နာကျင်မှုဝေဒနာကိုခံရပါသည်။
သခင်ယေရှုနှင့် ကျွန်မ အတူရှိနေသည်အတွက် ကျွန်မက လုံခြုံနေပါသည် ကျွန်မက ‘‘ငါ သခင်ယေရှုကို လက်လွတ်လိုက်ရင် ငါ ဒီနေရာမှာပဲ ပိတ်မိနေမှပဲ’’ ဟု စဉ်းစားမိသည်။ ‘‘သခင်ယေရှု ဒီနေရာမှာ ကျွန်မရဲ့ ဆွေမျိုးတွေ ရှိသလား’’ ဟု ကျွန်မမေးလိုက်ပါသည်။ ကျွန်မက ငို နေသည် ကို သူကြည့်ပြီး ‘‘သမီး၊ ငါ မင်းနဲ့ အတူရှိတယ်’’ဟု ပြောပါတယ်။ ကျွန်မ အလွန်ကြောက်ရွံနေသော ကြောင့်ဖြစ်သည်။ သူသည် ကျွန်မကို နောက်ထပ် အခန်းတစ်ခုသို့ခေါ်သွားပါသည်။ ကျွန်မ၏ ဆွေမျိုးများကို ဤအခန်းတွင် တွေ့ရမည့် အရေးကို ကျွန်မ လုံးဝမစဉ်းစားရဲပါ။ ဤအမျိုးသမီးသည် ပြင်းပြစွာ ဒုက္ခဝေဒနာကို ခံနေရ၏။ နတ်ဆိုးများကလည်း လှံတစ်မျိုးကို သူ့ကိုယ်ခန္ဓာအတွင်းသို့ ထိုးစိုက်နေ၏။ သူက ‘‘သခင်၊ ကျွန်မကို သနားပါ။ ကျွန်မကို ဒီနေရာကနေ တစ်မိနစ်လောက် ထုတ်ပေးပါ။ ကျေးဇူးပြု၍ ကျွန်မကို ဒီနေရာကနေ တစ်မိနစ်လောက် ထုတ်ပေးပါ’’ ဟု အော်ဟစ်နေပါသည်။
ငရဲတွင် လူများသည် လောက၌သူတို့ လုပ်ခဲ့သည့်အရာများကို သတိရပြီး ပြင်းပြစွာသော ဒုက္ခဝေဒနာ များကိုခံရပါသည်။ နတ်ဆိုးများကလူများအား ‘‘ချီးမွမ်းကိုးကွယ်ခြင်းများပြုကြ၊ ဒါ မင်း တို့ရဲ့ နိုင်ငံတော်ပဲ’’ ဟူ၍ လှောင်ပြောင်ကြ၏။ ထိုအခါ လူများကလည်း သူတို့ နှုတ်ကပတ်တော်ကို သိသောကြောင့် ဘုရားသခင်ကို သူတို့ သိခဲ့ကြောင်း သတိရအော်ဟစ်ကြပါသည်။ ဘုရားသခင်ကို သိခဲ့သူများသည် နှစ်ဆပို၍ ညှင်းဆဲခြင်းခံရပါသည်။သခင်ယေရှုက ‘‘ဒီနေရာမှာ ရှိတဲ့လူတွေအတွက် အခြားသောဘာအခွင့်အရေးမှ မရှိတော့ဘူး။ အသက်ရှင်နေဆဲလူတွေအတွက်တော့ အခွင့်အရေးရှိသေးတယ်’’ဟု ပြောပါသည်။ ကျွန်မက ‘‘သခင်ယေရှု ကျွန်မရဲ့ အဘွားကြီး(အဘွား၏ အမေ) က ဘာဖြစ်လို့ ဒီမှာ ရောက်ရတာလဲ။ ကိုယ်တော်ကို သူသိလား၊ မသိလား ကျွန်မ မသိဘူး၊ ဘာဖြစ်လို့ သူ ဒီငရဲမှာ ရောက်ရတာလဲသခင်’’ ဟု မေးရာ သခင်ယေရှု က‘‘သမီး သူ ဒီမှာ ရောက်ရတဲ့ အကြောင်းရင်းက သူများကို သူ ခွင့်မလွတ်လို့ပဲ’’ ‘‘သမီး - သူတစ်ပါးကို ခွင့်မလွတ်သူကို ငါလည်းခွင့်မလွတ်ဘူး’’ဟု ဖြေပါသည်။ ကျွန်မက ‘‘ကိုယ်တော်၊ ကိုယ်တော်ဟာ တကယ်ပဲ ခွင့်လွတ်တတ်ပါတယ်၊ သနားကြင်နာတတ်ပါတယ်’’ ဟုပြောသောအခါ သူက ‘‘မှန်တယ် - သမီး ဒါပေမယ့် သူတစ်ပါးကို ကိုယ်က ခွင့်လွတ်တတ်ဖို့ လိုအပ်ပါတယ်။ လူပေါင်းများစွာကို သူတို့ ခွင့်မလွတ်ခဲ့တဲ့အတွက် လူများစွာဟာ ဒီနေရာကို ရောက်လာရခြင်းဖြစ်တယ်။ သူတို့ ခွင့်မလွတ်ခဲ့ကြဘူး။ လူသားတွေကို သွားပြောပြလိုက်ပါ။ ခွင့်လွတ်ဖို့အချိန်ရောက်ပြီဖြစ်သောကြောင့် အထူးသဖြင့် ငါ့လူတွေကို ပြောပြလိုက်ပါ။ အကြောင်းကတော့ ငါ့လူများစွာဟာ သူတစ်ပါးကို ခွင့်မလွတ်ကြဘူး။ သူတို့ရဲ့ နှလုံးသားထဲမှာ ရန်ငြိုးထားခြင်း၊ မကျေမချမ်းဖြစ်ခြင်း၊ မုန်းတီးခြင်းတို့ကို လုံးဝ သုတ်သင်ဖယ်ရှားပစ်ဖို့ ပြောပါ။ အကြောင်းကတော့ ခွင့်လွတ်ဖို့ အချိန်ရောက်ပြီ။ ခွင့်လွှင့်ဖို့ ပျက်ကွက်တဲ့ လူတစ်ယောက်ဟာ မမျှော်လင့်ဘဲ သေသွားမယ်ဆိုရင် အဲဒီလူဟာ ငရဲကို သွားရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ်သူမှ အသက်ကို မဝယ်နိုင်ဘူး’’ ဟု ပြောပါသည်။ ကျွန်မတို့သည် ထိုနေရာမှ ထွက်လာသောအခါ ကျွန်မ၏အဘွားကြီးသည် မီးများနှင့် ပတ်လည်ဝိုင်းလျက်ရှိပါ သည်။ ‘‘အား..........’’ ဟု စူးရှစွာအော်ပြီး ဘုရားသခင်၏ နာမတော်ကို စပြီးဆဲရေးပုတ်ခတ်ပါသည်။ ဘုရားသခင်ကိုလည်း ကျိန်ဆဲပါသည်။ ငရဲထဲတွင် ရှိသောသူတိုင်းသည် ဘုရားသခင်ကို ဆဲရေး ပုတ်ခတ်ကြပါသည်။
ထိုအခါကျွန်မတို့သည် ထိုနေရာမှ ထွက်ခွာပြီးသောအခါ ငရဲသည် ပြင်စွာသော ဒုက္ခဝေဒနာ ခံစားနေရသောသူများနှင့် ပြည့်နေသည်ကို ကျွန်မတွေ့ရပါသည်။ များစွာသောလူတို့သည် လက်ကိုဆန့်တန်း လျက် သူတို့ကို ထိုနေရာမှ ကယ်ထုတ်ရန် သခင်ယေရှုကို တောင်းပန်ကြပါသည်။ သို့သော် သခင်ယေရှုသည် သူတို့အတွက် ဘာမျှမလုပ်ပေးနိုင်တော့ပါ။ ထိုအခါသူတို့သည် ဘုရားသခင်ကို စတင်ဆဲရေး ပုတ်ခတ်ကြပါ သည်။ ထိုအခါ သခင်ယေရှုသည် ငိုလျက် ‘‘သူတို့ကို ကြားရတာ ငါ သိပ်စိတ်ထိခိုပ်တယ်။ သူတို့ လုပ်တာတွေကို ငါ သိပ်စိတ်ထိခိုက်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့အတွက် ငါ ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ ငါ သင့်ကို ပြောမယ့် အရာက မြေကြီးပေါ်မှာရှိနေသေးတဲ့ လူတွေ၊ မသေသေးတဲ့လူတွေ၊ အသက်ရှင်နေဆဲလူတွေအတွက် ငါ အခွင့်အရေးရှိသေးတယ်။ သူတို့ နောင်တရဖို့ အချိန်ရှိသေးတယ်’’ ဟု ပြောပါသည်။
သခင်ယေရှုက ငရဲတွင် နာမည်ကျော်ကြားသူ များစွာရှိကြောင်း၊ ဘုရားသခင်အကြောင်း သိခဲသောသူလည်း များစွာရှိကြောင်း ပြောပြပါသည်။ သခင်ယေရှုက‘‘မီးဖိုကြီးရဲ့ အခြားတဘက်ကို သင့်ကို ပြမယ်’’ ဟု ပြောပါသည်။ မီးဖြင့် ဝိုင်းရံလျက် ရှိနေသော အမျိုးသမီး တစ်ဦးရှိရာသို့ ကျွန်မတို့ ရောက်လာ၏။ သူမသည် ပြင်းပြစွာသော ဝေဒနာကို ခံစားနေရလျက် သခင်ယေရှု သူ့ကိုသနားပါ ရန်ဟစ်အော် တောင်းပန်နေ ပါသည်။ သခင်ယေရှုက သူ့အားလက်ညိုးထိုးပြပြီး “သမီး ဟိုမှာ သင်တွေ့တဲ့ အမျိုးသမီးဟာ (selena) စီလီနာပဲ’’ ဟုပြောလိုက်ပါသည်။ ကျွန်မတို့ ပို၍နီးလာသောအခါ သူက ဟစ်အော်ပြီး ‘‘သခင် ကျွန်မကို သနားပါ ကျွန်မကို ခွင့်လွတ်ပါ။

                 ဒီနေရာကနေ ကျွန်မကို ထုတ်ပေးပါ’’ ဟု အော်ဟစ်၍ ပြောဆိုပါသည်။ သို့သော် သခင်ယေရှုသည် သူ့ကို ကြည့်ပြီး ‘‘အချိန် နောက်ကျသွားပြီး၊ သိပ်နောက်ကျသွားပြီး၊ အခုချိန်မှာ နောင်တရလို့ မရတော့ဘူး’’ ဟု ပြောလိုက်ပါသည်။ စယ်လီနာသည် ကျွန်မကို တွေ့ပြီး ၊ ‘‘ကျေးဇူးပြုပြီး ဒီအကြောင်းတွေကိုလူ တွေကို သွားပြီး ပြောပြပါ။ ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြု၍ ပြောထုတ်ပါ။ တိတ်တိတ်မနေပါနဲ့။ ဒီနေရာကို သူတို့ မလာဖို့ သူတို့ကို သွားပြောပါ။ကျွန်မရဲ့ သီချင်းတွေကိုလည်း နားမထောင်ဖို့၊ ကျွန်မရဲ့ သီချင်းတွေကိုလည်း မဆိုဖို့ သွားပြောပေးပါ’’ ဟု ပြောပါသည်။ ထို့ကြောင့် ကျွန်မက ‘‘ဘာဖြစ်လို့ အဲဒါကို သွားပြောစေချင်တာလဲ’’ ဟု မေးသောအခါ သူက ‘‘ဘာဖြစ်လို့လဲ၊ ဆိုရင် လူတွေကျွန်မ သီချင်းကို ဆိုတိုင်း ၊ နားထောင်းတိုင်း ကျွန်မခံရတဲ့ ညှင်းပန်းနှိပ်စက်မှုတွေက ပိုပြင်းထန်လာတယ်။ ကျွန်မရဲ့သီချင်းတွေကိုဆိုပြီး နားထောင်းတဲ့ လူတွေဟာ ဒီနေရာကိုလာနေတာပဲ။ ကျေးဇူးပြုပြီး ဒီကိုမလာဖို့ သူတို့ကို သွားပြောပါ။ ငရဲဆိုတာ တကယ် အစစ်အမှန်ရှိတယ်ဆိုတာ သွားပြောပါ’’ ဟုဖြေပါသည်။ သူသည် စူးရှစွာ ဟစ်အော်ပြီးနတ်ဆိုးများက အဝေမှနေပြီး သူကိုယ်ခန္ဒာထဲသို့ လှံများကို ထိုး၍ပစ်ကြပါသည်။ ‘‘သခင် ကျွန်မကို ကယ်ပါ၊ ကျွန်မကို သနားပါ သခင်’’ ဟုအော်ပါသည်။ သို့သော် သခင်ယေရှုက ၀မ်းနည်စွာဖြင့် သူ့အာ ‘‘နောက်ကြသွားပြီ’’ ဟူ၍သာပြောပါ သည်။
ထိုနေရာတစ်ခုလုံးကို ကျွန်မကိုကြည့်သောအခါ သေဆုံးသွားပြီးသော အဆိုတော်များ၊ အနုပညာရှင်များနှင့် ပြည့်နေပါသည်။ သူတို့လုပ်သောအရာအားလုံးမှာ သီချင်းကိုတချိန်လုံး ဆိုနေခြင်းဖြစ်ပြီး တစ်ခါမျှ မရပ်နားတော့ပါ။ သခင်ယေရှုက ‘‘သမီး၊ ဒီနေရာကို ရောက်တဲ့သူဟာ မြေကြီးပေါ်မှာ သူတို့ ဘာပဲလုပ်ခဲ့ သည် ဖြစ်ပါစေ သူတို့နောင်တမရရင် သူတို့ လုပ်ခဲ့တဲ့အရာကို ဒီနေရာမှာ သူတို့ဆက်လုပ်ရလိမ့်မယ်’’ ဟု ပြေပါသည်။
ကျွန်မ ထိုနေရာကို သေချာစွာ ကြည့်ရှုသောအခါ နတ်ဆိုးမြောက်မျာစွာသည် မိုးကဲ့သို့သော အရာတစ်မျိုးကို ပက်ချနေသည်ကို သတိပြုမိပါသည်။ ကျွန်မက မိုးရွာနေသည်ဟု အကယ်ပင် ထင်မိပါသည်။ သို့သော် မီးထဲမှလူများသည် မိုးရေအောက်မှ ထွက်ပြေးပြီး ‘‘မလုပ်နဲ့ သခင် - ကျွန်တော့်ကို ကယ်ပါ။ - - - - မဖြစ်နိုင်ဘူး’’ ဟုအော်နေပါသည်။ နတ်ဆိုးများ ရယ်မောလျက် လူတို့အား ‘‘ချီးမွမ်ကြ၊ ကိုးကွယ်ကြ၊ ဒါ မင်းတို့ရဲ့ ထာဝရနိုင်ငံပဲ’’ ဟု ပြောပါသည်။ မီးတောက်များလည်း ပို၍တိုးလာပြီး လူများ၏ ပိုးကောင်များလည်း အ ဆများစွာ ပွားလာပါသည်။ ထိုနေရာတွင်ရေ လုံးဝမရှိပါ။ ၎င်းအရာမှာ ကန့်များဖြစ်ပြီး မီးတောက်များကို ပိုပွားလာစေပြီး လူတစ်ဦးစီ ပြင်းထန်စွာ ခံရသောဒုက္ခဝေဒနာမှာ ပို၍တိုးလာပါသည်။ ကျွန်မက သခင်ယေရှု အား ‘‘ဘာဖြစ်နေတာလဲသခင် - အဲဒါဘာတွေလဲ’’ ဟုမေးရာ သခင်က ‘‘ဒါဟာ နောင်တ မရတဲ့သူ ဘယ်သူမဆို ခံရတဲ့ အဖိုးအခပဲ’’ ဟု ဖြေပါသည်။ (ဆာလံ ၁၁း၆)
ထို့နောက်သခင်ယေရှုသည် အလွန်တရားကျော်ကြားသော လူတစ်ဦီးရှိရာသို့ ကျွန်မကို ခေါ်သွားပါသည်။ ဤအချိန်မတိုင်မှီက ကျွန်မသည် စိတ်နှစ်ခွရှိသည့် ခရစ်ယာန်လူငယ်တစ်ဦးကဲ့သို့ အသက် ရှင်လေ့ရှိပါသည်။ မည်သူမဆို သေပြီဆိုလျှင် ကောင်းကင်နိုင်ငံတော်သို့ ရောက်မည်ဟု ထင်ပါသည်။ ပွဲတော်ပေး သောဘုန်တော်ကြီးများလည်း ကောင်းကင်သို့ရောက်မည်ဟု ကျွန်မထင်ပါသည်။ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ(လ်)(Pope John Paul II) ကွယ်လွန်သောအခါ ကျွန်မ၏သူငယ်ချင်းများနှင့် ဆွေမျိုးများက သူကောင်းကင်သို့ သွားပြီးဟု ပြောသည်။ T.V သတင်းများအားလုံးသော်လည်းကောင်း၊ သတင်းစာ အထူးထုတ်အပိုင်းများနှင့် အခြားနေရာများစွာတွင်သော်လည်းကောင်း ‘‘ပုပ်ရဟန်းမင်ကြီး ဒုတိယ မြောက် ဂျွန်ပေါလ် ကွယ်လွန်ပြီ။ ငြိမ်းချမ်းစွာနားရပါစေ။ ယခုသူသည် ကောင်းကင်ဘုံတွင် ဘုရားသခင်၏နှင့် သူ၏ကောင်းကင်တမန်များနှင့် ၀မ်မြောက်ပျော်ရွှင်လျက် ရှိနေပြီ’’ ပြောကြပါသည်။ ကျွန်မလည်းအားလုံးယုံပါ သည်။


                          သို့သော် ကျွန်မကို ကျွန်မလှည့်စားနေပါသည်။ အကြောင်းမှာ ကျွန်မ သူ့ကို ငရဲထဲတွင် မီးတောက် မီးလျှံ များအားဖြင့် ပြင်းထန်စွာ ဒုက္ခဝေဒနာခံစားရကြောင်း တွေ့ရှိရပါသည်။ သူ့မျက်နှာကို ကျွန်မကြည့်လိုက် ပါသည်။ အလွန်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေပါသည်။ သခင်ယေရှုက ကျွန်မအား ‘‘ကြည့်ပါ ၊ သမီး - သူဟာ ဒီနေရာကိုရောက်နေတယ် သူဟာ ပြင်းစွာ ဒုက္ခဝေဒနာကို ခံစားနေရတာဟာ သူနောင်တမရလို့ပဲ’’ ဟု ပြောပါသည်။ သို့သော် ကျွန်မက ‘‘သခင် သူက ဘာဖြစ်လို့ ဒီကိုရောက်တာလဲ’’ ဟုမေးရာ သခင်ယေရှုက ‘‘သမီး၊ မတရားသောမေထုန်မှီဝဲသောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ (မုသာပြောသောသူ)ဟာ ငါရဲ့ နိုင်ငံတော်ကိုမ၀င်ရဘူး’’ ဟု ဖြေပါသည်။ (ဧဖက် ၅း၅) ကျွန်မက ‘‘မှန်ပါတယ်သခင် ဒါပေမဲ့ သူဘာဖြစ်လို့ ဒီရောက်လာရသလဲ ကျွန်မ သိချင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် သူက လူပေါင်းများစွာကို တရားဟောခဲ့တယ်’’ ဟုမေးရာ သခင်ယေရှုက ‘‘မှန်တယ် သမီး သူက အများကြီး ဟောပြောကောင်းဟောပြောခဲ့မယ်။ ဒါပေမယ့် သူက အမှန်တရားကို အမှန်တိုင်း ဘယ်တော့မှ မပြောခဲ့ဘူး။ သူက အမှန်တရားကို သိပေမယ့် အမှန်တရားကို ဘယ်တော့မှ မပြောဘူး။ သူတို့လည်း အမှန်တရားကို သိတယ်။ ကယ်တင်ခြင်း အကြောင်းဟောပြောတာထက် သူက ငွေကို ပိုနှစ်သက်တယ်။ တကယ်စစ်မှန်တဲ့ အရာကိုသူမပေးခဲ့ဘူး။ ငရဲဟာ တကယ်အစစ်အမှန်ရှိတယ်ဆို တာ သူမပြောဘူး။ သမီးအခု သူ ဒီနေရာကို ရောက်နေပြီင်္’’ ဟု ပြောပါသည်။
ဤပုဂ္ဂိုလ်ကြီးကို ကျွန်မကြည့်လိုက်သောအခါ အပ်များပါသော ကြီးမားသော မြွေတစ်ကောင် သည် သူ၏ လည်မျိုကို ရစ်ပတ်လျက်ရှိပြီး ဖြည်နေပါသည်။ သူကလည်း အော်ဟစ်ပြီး ‘‘ကျွန်တော့်ကို ကယ်ပါ သခင်၊ ကျွန်တော့်ကို သနားပါ။ ဒီနေရာကနေ ကျွန်တော့်ကို သနားပါ။ ဒီနေရာကနေ ကျွန်တော့်ကို ကယ်ထုတ် ပါ။ ကျွန်တော့် အပြစ်ကို ခွင့်လွှတ်ပါ။ ကျွန်တော့် နောင်တရပါပြီ။ ကျွန်တော် မြေကြီးပေါ်ကို ပြန်ချင်တယ်။ နောင်တရဖို့ မြေကြီးပေါ် ပြန်ချင်တယ်’’ ဟု ပြောနေသည်။ သခင်ယေရှုသည် သူ့ကို သေချာစွာကြည့်ပြီး ‘‘သင်ကောင်းစွာသိတယ်၊ ဒီနေရာဟာ အမှန်တကယ်ရှိတာ သင်ကောင်းစွာသိတယ်၊ အချိန် နှောင်းပြီ၊ သင့်အတွက် အခြားအခွင့်အရေး မရှိတော့ဘူး’’ ဟု ပြောပါသည်။
သခင်ယေရှုက ‘‘သမီး၊ ဒီလူရဲ့ အသက်တာကို ငါ သင့်ကို ပြမယ်’’ ဟု ပြောပြီး ကြီးမားသော ပိတ်ကားကဲ့သို့သောအရာကို ကျွန်မအားပြပါသည်။ ထိုပိတ်ကားပေါ်တွင် ဤသူသည် လူပေါင်းများစွာအား အကြိမ်ပေါင်းများစွာ ပွဲတော်ပေးနေကြောင်းနှင့် ထိုနေရာတွင်ရှိသော လူများသည်လည်း ရုပ်ထုဆင်းတုကို အလွန်မှပင် ကိုးကွယ်နေကြောင်း သခင်ယေရှုက ပြပါသည်။ သခင်ယေရှုက ‘‘သမီး ကြည့်ပါ၊ ဒီနေရာမှာ ရုပ်ထုဆင်းတုကို ကိုးကွယ်သူတွေ များစွာရှိတယ်။ရုပ်ထုဆင်းတု ကိုးကွယ်တာဟာ ကယ်တင်ခြင်း မပေးနိုင်ဘူး။ ကယ်တင်ခြင်းပေးနိုင်တာ ငါ တစ်ပါးတည်းပဲ ဖြစ်တယ်။ ငါကလွဲရင် ဘယ်သူမှ ကယ်တင်ခြင်း မပေးနိုင်ဘူး။ သမီး ငါဟာ အပြစ်သားကို ချစ်ပါတယ်။ ဒါပေမယ့် အပြစ်ကို မုန်းတယ်။ လူသားတွေကို သွားပြီး ပြောပြလိုက်ပါ။ ငါ သူတို့ကို ချစ်တယ်ဆိုတဲ့ အကြောင်းနဲ့ သူတို့ဟာ ငါ့ဆီကိုလာဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း သွားပြောပါ’’ ဟုပြောပါသည်။
သခင်ယေရှုပြောနေစဉ် ဤသူသည် ငွေအကြွေများနှင့် ငွေစက္ကူမြောက်များစွာကို လက်ခံရရှိ နေပြီး ဤငွေများအားလုံးကို သူ ထိန်းသိမ်းထားကြောင်း ကျွန်မတွေ့ရသည်။ သူ့ထံတွင် ငွေအလွန်ပင် မြောက် များစွာပင် ရှိပါသည်။ ဤလူ၏ ပုံတူရုပ်တုများလည်း ပလ္လင်ပေါ်တွင်ထိုင်နေသည်ကို ကျွန်မတွေ့ရပါ၏။ ထိုထက် မကလည်း ကျွန်မတွေ့ရပါသေးသည်။ ဤလူများသည် မင်္ဂလာမဆောင်ကြသည်မှာ မှန်သော်လည်း သူတို့သည် သီလရှင်များနှင့်သော်လည်းကောင်း၊ အခြားအမျိုးသမီးများစွာနှင့် သော်လည်ကောင်း အမှန်ပင် အိပ်ကြောင်း သခင်ယေရှုက ကျွန်မကို အမှန်ပင်ပြပါသည်။ ကျွန်မ လုပ်ကြံပြောဆိုခြင်းမဟုတ်ပါ။ အမှန်ပင်ဖြစ်ပါသည်။ ဤလူများသည် မတရားသော မေထုန်ကို ပြုနေကြောင်း သခင်ယေရှု ကျွန်မကိုပြပါသည်။ မတရားသော မေထုန်ကိုပြုသောသူ တစ်ယောက်မျှ ကောင်းကင်နိုင်ငံတော်ကို အမွေမခံရကြောင်း နှုတ်ကပတ်တော်က ပြောပါသည်။ ဤအရာများကို ကျွန်မကြည့်စဉ် သခင်ယေရှုက‘‘ကြည့်ပါ သမီး ငါသင့်ကို အခုပြနေတဲ့အရာ အားလုံးဟာ အခုဖြစ်ပျက်နေဆဲ အရာတွေဖြစ်တယ်၊ သူအသက်ရှင်ခဲ့တဲ့အရာတွေလည်းဖြစ်တယ်။ လက်ရှိဘုန်ကြီးတွေနဲ့ ပုပ်ရဟန်းမင်းကြီးတွေ များစွာအထဲမှာလည်း ဖြစ်နေတယ်’’ ဟုပြောပြီး ‘‘သမီးလူသားတွေ ကိုသွားပြောပါ။ ငါ့ဆီကို ပြန်လာဖို့ အချိန်တန်ပြီလို့ သွားပြောလိုက်ပါ’’ ဟု ထပ်မံ ပြောပါသည်။
သခင်ယေရှုက လူပါင်းများစွာကို ငရဲသို့-သွားနေသောနေရာတစ်ခုကို ကျွန်မအား ပြပါသည်။ ကျွန်မက ‘‘ဘယ်လိုလုပ်ပြီး သူတို့ဟာ ဒီနေရာကို လာနေကြတာလဲ’’ ဟုမေးရာ သခင်က ‘‘ငါသင့်ကို ပြမယ်’’ ဟုပြောပြီး လူမြောက်များစွာ ဖြတ်လျှောက်သွားသော လှိုင်ခေါင်းတစ်ခုကို ကျွန်မအား ပြပါသည်။ ဤလူများသည် လက်မှခြေအထိ သံကြိုးနှင့်ချည်နှောင်ထားခြင်း ခံနေရ၏။ သူတို့သည် အနက်ရောင်ကို ၀တ်ဆင်ထားပြီး သူတို့၏ ကျောကုန်ပေါ်တွင် ၀န်ထုတ်တစ်ခုစီကို သယ်ပိုးထား၏။ သခင်ယေရှုက ‘‘သမီး ကြည့်ပါ။ အဲဒီထဲမှာ သင်တွေ့တဲ့ လူတွေဟာ ငါ့ကို မသိကြဘူး။ သူတို့ရဲ့ ကျောမှာ သယ်ပိုးထားတဲ့အရာကတော့ အပြစ်ဖြစ်တယ်။ ဒါပေမယ့် သွားပြောလိုက်ပါ။ သူတို့ရဲ့ ၀န်ထုတ်ကို အပ်ဖို့ ပြောလိုက်ပါ။ အပ်မယ်ဆိုရင် ငါ သူတို့ကို ငြိမ်သက်ချမ်သာခြင်းအခွင့်ပေးမယ်လို့ ပြောလိုက်ပါ။ သူတို့ အပြစ်အားလုံးကို ခွင့်လွှတ်တဲ့သူဟာ ငါဖြစ်ကြောင်း ပြောလိုက်ပါ။ - - သမီး ငါ သူတို့ကို လက်ကမ်းပြီးစောင့်ကြိုနေတဲ့အတွက် အဲဒီလူတွေ ငါ့ဆီကို လာဖို့ သွားပြောပါ။ ဒီနေရာကိုလည်း သူတို့ လျှောက်လာနေကြောင်း သူတို့ကို သွားပြောပါ’’ ဟု သခင်ယေရှုပြောပါသည်။ ကျွန်မသည် လူများ လျှောက်သွားသည်ကို ကြည့်ရင်း ‘‘သခင် ဟိုမှာရှိတဲ့လူက ကျွန်မရဲ့ တ၀မ်းကွဲပဲ။ အဲဒီလူငယ်က ကျွန်မရဲ့ တ၀မ်းကွဲပဲ။ အခုလာနေတဲ့ ကလေးမကလည်း ကျွန်မရဲ့ တ၀မ်ကွဲပဲ။ ကျွန်မရဲ့ဆွေမျိုးတွေ ဒီနေရာကို လာနေပါလား’’ ဟု ကျွန်မပြောသောအခါ ‘‘သမီး သူတို့ဟာ ဒီနေရာကို လာနေတယ်။ ဒါပေမယ့် သူတို့ ဘယ်နေရာမှာ လျှောက်နေသလဲဆိုတာ သူတို့ကို သွားပြောပါ။ သူတို့ ငရဲကို လျှောက်လာနေကြောင်း သွားပြောပါ။ သင့်ကို ငါ့ရဲ့ ကင်းစောင့်အဖြစ် ရွေးချယ်ထားကြောင်း သူတို့ကို သွားပြောပါ။ အဓိပါယ်ကတော့သင်ဟာ အမှန်တရားကို ပြောရမယ်။ ငါ သင့်ကို ပြတဲ့အရာအားလုံးကို သင်သွားပြောရမယ်။ အကယ်၍ သင်က မပြောဘဲ အဲဒီပုဂ္ဂိုလ် တစ်ခုခု ဖြစ်သွားရင် သူ့အကြွေးကို သင့်ပေါ်မှာ ငါ သွန်းလောင်းမယ်။ ဒါပေမယ့် ငါ သင့်ကို ပြောခဲ့တဲ့ အတိုင်း သင်သွားပြီးပြုမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ငါနဲ့ပဲ စာရင်းရှင်းရလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်ဟာ နောင်တမရရင် သူ့ပေါ်တင်နေတဲ့တာဝန်ကနေ သင်လွှတ်သွားလိမ့်မယ်။ သူ့မှာပဲ တာဝန်ရှိပြီး သူ့အသွေးကို မင်းအပေါ်မှာ ငါ မသွန်းလောင်းတော့ဘူး’’ ဟု ပြန်ဖြေပါသည်။ (ယေဇကျေလ ၃း၁၈)
သခင်ယေရှုက နာမည်ကျော်ကြားပြီး အရေးကြီးသော ပုဂ္ဂလ်များလည်း ဤနေရာသို့ လာနေကြောင်းပြောပါသည်။ ဥပမာအားဖြင့် မိုက်ကယ်ဂျက်ဆင်ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် တကမ္ဘာလုံးတွင် နာမည်ကျောကြားပါသည်။ သို့သော် သူသည် စာတန်၏ နောက်လိုက်တစ်ယောက်ဖြစ်၏။ လူများစုက ထိုကဲ့သို့ မြင်သော်လည်း ဤအချက်သည် အမှန်တရားဖြစ်သည်။ ဤပုဂ္ဂိုလ်သည် စာတန်နှင့် သဘောတူညီချက်ပြုလုပ်ခဲ့ ၏။ သူ၏ ကကွက်များမှ ငရဲထဲတွင် နတ်ဆိုးများက လူကို ညှင်းဆဲနှိပ်စက်သောအခါ လျှောက်ပုံလျှောက်နည်း အတိုင်းပင်ဖြစ်၏။ ၎င်းတို့သည် အနောက်သို့ လျှောချပြီး အရှေသို့ မတိုးလာပါ။ သူတို့သည် လူတို့အား ပြင်းပြစွာဝေဒနာခံစားစေသည်ကို ပျော်ရွှင်လျက် အော်ဟစ်နေကြသည်။ မိုက်ကယ်ဂျက်ဆင်သည် ငရဲတွင်ရှိ ကြောင်း ကျွန်မ ပြောပါရစေ။
                 မိုက်ကယ်ဂျက်ဆင်သည် သေဆုံးပြီးနောက် ဘုရားသခင်သည် ကျွန်မအား သူ့ကို ပြပါသည်။ မိုက်ကယ်ဂျက်ဆင် မီးလျှံထဲတွင် ပြင်းပြစွာဝေဒနာခံစားရသည်ကို ကျွန်မတွေ့ခွင့်ရပါသည်။ ကျွန်မက ‘‘ဘာဖြစ်လို့လဲ သခင်’’ဟု အော်ဟစ်လိုက်ပါသည်။ ထိုလူ ညှင်းပန်းနှိပ်စက်ခံရပုံနှင့် သူအော်ဟစ်ပုံကို တွေ့ရသည်မှာ မလွယ်ပါ။ မိုက်ကယ်ဂျက်ဆင်၏ သီချင်းများကို နားထောင်သူ သို့မဟုတ် ဆိုသောသူ သို့မဟုတ် မိုက်ကယ်ဂျက်ဆင်ကို အထူးကြိုက်သော ပရိသတ် မည်သူမဆို ကျွန်မ သင်တို့ကို သတိပေးပါသည်။ စာတန် သည် သင်တို့ကို ငရဲတွင် လမ်းဆုံးရန်အတွက် သင်တို့ကို ထောင်ချောက်ဆင်ပြီး ဖမ်းနေကြောင်း ကျွန်မ သတိပေးပါသည်။ ယခုချက်ခြင်းပင် ထိုသီချင်းများနှင့် သင်တို့ မသက်ဆိုင်တော့ကြောင်း သခင်ယေရှုနာမ၌ ကြေငြာလိုက်ပါ။ စွန့်လွှတ်ပါ။ သခင်ယေရှုသည် သင်တို့ကို လွှတ်မြောက်စေချင်သည်။ သင့်ဝိညာဉ် မဆုံးရှုံးရန်အတွက် ဖြစ်သည်။
သခင်ယေရှုသည် ‘‘သမီး ငါ့ကို သိတဲ့လူတွေလည်း အဲဒီနေရာကို သွားနေတယ်’’ ဟုပြောသော အခါ ကျွန်မက ‘‘သခင် ကိုယ်တော်ကို သိနေတဲ့လူတွေလည်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်ရတာလဲ’’ ဟုမေးပါသည်။ သခင်က ‘‘ငါ့ရဲ့ လမ်းတွေကို စွန့်ခွာတဲ့သူ၊ နှစ်ခွ အသက်ရှင် နေတဲ့သူတွေဖြစ်တယ်’’ ဟုဖြေပြီး ငရဲသို့ လျှောက်နေသော လူများကို သူ စတင်ပြပါသည်။ သူတို့သည် လက်မှ ခြေထောက်အထိ ချည်နှောင်ထား ခြင်းခံနေရသည်။
သူတို့ တစ်ဦးစီသည် ဖြူသောဝတ်လှုံကို ၀တ်ဆင်ထားသော်လည်း ၀တ်လုံမှာစုတ်လျက်၊ တွန့်ကြည်လျက် နေပါသည်။ သခင်ယေရှုက ‘‘သမီး- ကြည့်ပါ င့ါလူတွေ ငါ့ဆီကနေ ဘယ်လိုထွက်ခွာသွားတာ သလဲ ကြည့်ပါ။ သမီး ဒီလူတွေကို ခေါ်ဆောင်ဖို့ ငါလာမှာမဟုတဘူး။ အပြစ်အနာဆာကင်းပြီး အတွန့် အကြေမရှိ၊ အညစ်အကြေးမရှိဘဲ အဆင်သင့်ဖြစ်နေတဲ့ သန့်ရှင်းတဲ့ လူစုခေါ်ဖို့ငါလာမှာဖြစ်တယ်။ လမ်းဟောင်းကို ပြန်လာဖို့ သူတို့ကိုသွားပြောပါ’’ ဟု ပြောပါသည် (ဧဖက် ၅း၂၆-၂၇)ကျွန်မ၏ ဦးလေးများနှင့် ဘုရားသခင်၏ လမ်းတော်မှ ထွက်ခွာသွားသော အခြားလူတွေများစွာ ကိုလည်း ကျွန်မတွေ့ရ၏။ ‘‘သူတို့ လက်မြောက်အဆုံးပြီးပြီ သူတို့ရဲ့ ၀န်ထုပ်တွေကို ငါ့လက်ထဲမှာအပ်ဖို့ ငါစောင့်နေတယ်လို့် ပြောလိုက်ပါ။ ငါသူတို့ကို ငြိမ်သက် ချမ်းသာခြင်း အခွင့်ပေးမယ်’’ ဟု ပြောပါသည်။ သခင်ယေရှုငိုနေပါသည်။ ‘‘သမီးသူတို့ဟာ ဒီလမ်ကို လာနေကြတယ်။ သင့်ဦးလေတွေကို သွားပြောပါ။ သင့်ဆွေမျိုးတွေကိုလည်းသူတို့ဟာ ဒီလမ်းကို လာနေကြောင်း သွားပြောပါ။ သမီး လူအများက သင့်ကို ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် ငါဟာ သင့်ရဲ့ သစ္စာရှိတဲ့ သက်သေပဲ။ ငါဟာ သင့်ရဲ့ သစ္စာရှိတဲ့ သက်သေပဲ။ သင့်ကို ငါဘယ်တော့မှ မစွန့်ထားဘူး။ သမီး- သူတို့ဟာ သင့်ကို မယုံကြည်လည်းဘဲ သူတို့ကို အမှန်တရား ကို သွားပြောပါ။ ငါဟာ သင်နဲ့အတူ ရှိတဲ့အတွက်ကြောင့်ပဲ။ သမီး - ဒီနေရာကို လူတွေ ဘယ်လို ရောက်လာသလဲဆိုတာ ငါ သင့်ကို ပြမယ်’’ ဟု ပြောပါသည်။
ကျွန်မတို့သည် လှို်င်ခေါင်းတစ်ခုသို့ သွားပါသည်။ ထိုလှိုင်ခေါင်းထဲမှ မြောက်များစွာသော လူတို့သည် အလွန်နက်ရှိုင်းသောတွင်းထဲသို့ ကျသွားပါသည်။ တစ်ထောင်မဟုတ်၊ နှစ်ထောင်မဟုတ် သမုဒ္ဒရာ သဲလုံးပမာ မရေတွက်နိုင်အောင်များပြားလှသည့် လူများသည် စက္ကန့်တိုင်း ထိုတွင်းနက်သို့ ကျသွားပါသည်။ သဲများကို လက်ဆုပ်နှင့်ပက်ချသကဲ့သို့ ဖြစ်၏။ လူများသည် လျင်မြန်စွာပင်ကျသွားကြ၏။ သခင်ယေရှုသည် ငိုကြွေးနေပါသည်။ သခင်ယေရှေုက ‘‘သမီးလူသားတွေဟာ ဒီနည်းနှင့် ပျက်စီးသွားတယ်။ ဒီနည်းနဲ့ ၀ိညာဉ်ဆုံးရှုံး သွားကြတယ်။ သမီး - လူသားတွေ ပျက်စီးဆုံးရှုံးသွားပုံကို ငါမြင်ရတာ ငါ့ကို အင်မတန် စိတ်ထိခိုက်စေတယ်’’ ဟု ပြောပါသည်။
သခင်ယေရှုက ‘‘နတ်ဆိုးတွေလည်း ဒီနေရာမှာ စည်းဝေကြတယ်’’ ဟု ပြောသောအခါ ‘‘နတ်ဆိုးတွေ စည်းဝေကြတယ် ဟုတ်လား’’ ဟု ကျွန်မ မေးပါသည်။ သခင်ယေရှုက ‘‘ဟုတ်တယ် - သူတို့ဟာ လူသားတွေကို ဘယ်လိုလုပ်ကြမလဲ ဆိုတာ အစီအစဉ် ဆွဲဖို့ တွေ့ဆုံစည်းဝေးကြတယ်’’ ဟု သခင်ယေရှုပြောပြီး ကျွနမ်ကို အခန်း တစ်ခုသို့ ခေါ်သွားပါသည်။ ထိုအချိန်တွင် သစ်သားစားပွဲတစ်ခုနှင့် ပတ်ပတ်လည်တွင် ကုလားထိုင်များကို တွေ့ရ၏။ နတ်ဆိုး အမျိုးအစားမျိုစုံကိုလည်း တွေ့ရ၏။ သခင်ယေရှုက ‘‘သမီး - အခု သူတို့သတွေဟာ သင်းအုပ်ဆရာမိသားစုတွေ၊ သာသနာပြုဆရာတွေ၊ ဧ၀ံဂေလိဟောတဲ့ သူတွေနဲ့ ငါ့ကို သိတဲ့ လူတွေအားလုံးကို သွားပြီး ဖျက်ဆီးဖို့ အစီအစဉ်တွေ ဆွဲနေတယ်။ သမီး ¬- သူတို့ကို ဖျက်ဆီးချင်နေတယ်။ သူတို့ မှာ မြှားချွန်များစွာရှိတယ်’’ ဟု ရှင်းပြပါသည်။
နတ်ဆိုးများသည် လှောင်ပြောင်ရယ်မောပြီး ‘‘လူသားတွေကို ငါတို့ ဖျက်ဆီးပြီး ဒီနေရာကို ပို့ကြစို့’’ ဟု ပြောကြ၏။ သခင်ယေရှုက ‘‘သူတို့ ငါနဲ့ အတူရှိတယ်လို့ သွားပြောပါ။ စာတန်အတွက် တံခါးဖွင့်မထားဖို့၊ နေရာလုံဝ မပေးဖို့ သွားပြောပါ။ ဘာကြောင့်လဲဆိုရင် စာတန်ဟာ ဟိန်းဟောက်တဲ့ ခြသေ့င်္လို ဘယ်သူကို မျိုရမလဲဆိုတာ လှည့်လည်ရှာဖွေနေတယ်’’ ဟုပြောပါသည်။ (၁ပေ ၅း၈) သို့သော် နှုတ်ကပတ်တော်က ‘‘ဟောက်သောခြသေ့င်္ကဲ့သို့ ’’ ဟု ပြောပါသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ပါးတည်း သော ခြသေ့င်္ အမှန်မှာ ယုဒ၏ ခြသေ့င်္ဖြစ်သည့် နာဇရက်မြို့သား သခင်ယေရှုခရစ်တော်ပင်ဖြစ် သည် (ဗျာဒိတ် ၅း၅) ။ သခင်ယေရှုက ‘‘သမီးသူတို့ဟာ အထူးသဖြင့် အသင်းအုပ် ဆရာရဲ့မိသားစုကို ဖျက်ဆီးချင်တယ်’’ ဟုပြောရာ ကျွန်မက ‘‘ သင်းအုပ်ဆရာတွေရဲ့ မိသားစုကို သူတို့ ဘာဖြစ်လို့ ဖျက်ဆီးချင် တာလဲ ’’ ဟုမေးသောအခါ ကိုယ်တော်က ‘‘ ဘာကြောင့်လဲဆိုရင် သူတို့ဟာ သိုးခြံထဲက သိုးတွေဖြစ်တဲ့ လူထောင်ပေါင်းများစွာကို တာဝန်ယူရတယ်။ ဘုရားသခင်က အဲဒီ သိုးတွေကို သူတို့ကိုပေးထားတယ်။ နတ် ဆိုးတွေက ဒီလူတွေကို လောကဘက် ပြန်လှည့်သွားစေချင်တယ်။ နောက်ပြန်လှည့်ကြည့်ပြီး ငရဲထဲမှာ လမ်း ဆုံးတွေ့ စေချင်တယ်။ သင်းအုပ်ဆရာတွေကို သမ္မာတရားအမှန်ကို ပြောဖို့ သွားပြောပါ။ သမ္မာတရားကို ဟောဖို့နဲ့ သူတို့ကို ငါပြောတဲ့အရာအားလုံးကို ဘယ်တော့မှ မထိန်းချန်ပဲပြောဖို့ သွားပြောပါ’’ ဟု ပြန်ဖြေပါသည်။
ထိုနေရာမှ ကျွန်မတို့ ထွက်သွားသောအခါ သခင်ယေရှုက ‘‘အခြားတစ်ခုကိုလည်း သင်ကို ပြချင်သေးတယ်။ . . . ဒီနေရာမှာ ကလေးတွေလည်းရှိတယ်’’ ဟု ပြောပါသည်။ ကျွန်မက ‘‘ဘာဖြစ်လို့ကလေး တွေ ရှိတာလဲ။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ‘ . . . ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့ လာသည်ကို မတားစီးနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်။ . . . ’ လို့ ပြောတယ် မဟုတ်လား’’ ဟုကျွန်မမေးလိုက်ပါသည်။(မဿဲ ၉း ၁၄ )။ သခင်ယေရူက ‘‘မှန်တယ် သမီး။ ကောင်းကင် နိုင်ငံတော်ဟာ ဒီလိုလူမျိုးတွေရဲ့ နိုင်ငံတော်ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီ ကလေးတွေဟာ ငါ့ထံသို့လာဖို့လိုတယ်။ ငါ့ထံသို့ လာတဲ့သူကို ငါ မပယ်ဘူး ’’ ဟုဖြေပါသည်။ ( ယောဟန် ၆း ၃၇ )။ ချက်ချင်းပင် ရှစ်နှစ်သား ကလေး

တစ်ဦး မီးလျှံထဲတွင် ပြင်းပြစွာ ဝေဒနာခံစားရလျက် ရှိနေသည်ကို သခင်ယေရူသည် ကျွန်မအားပြပါသည်။ ကလေးက အော်ပြီး ‘‘ သခင်ယေရှု ကျွန်တော်ကိုသနားပါ။ ကျွန်တော်ကို ဒီနေရာကနေ ထုတ်ပေးပါ။ ကျွန်တော် ဒီနေရာမှာ မနေချင်ဘူး ’’ ဟုပြောပါသည်။ သူသည်ငိုယိုလျက် နာကျင်ခြင်းဖြင့် အော်ဟစ်လျက်နေ၏။ ကာတွန်း ရုပ်များနှင့် ဆင်တူဖြစ်သော နတ်ဆိုးများကို သူ၏ပတ်လည်တွင်တွေ့ရ၏။ နဂါး၊ ဘွိုင်းဇက်( Boy Z )၊ ဘင်ထန်း
(ben 10)၊ ပေါ့ခီမါန် (Poke’ mon)၊ ဒေါရယ်လ် (Doral) အစရှိသည့် ကာတွန်းရုပ်များနှင့် ဆင်တူ နတ်ဆိုး များဖြစ်သည်။ ‘‘ သခင် ဒီကလေးကဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ ’’ ဟု ကျွန်မ မေးသောအခါ သခင် ယေရှုက ဤကလေးအသက် တာနှင့်ပတ်သက်ပြီး ရုပ်ရှင်ပိတ်ကား ကဲ့သို့ မြင်ကွင်းကို ပြပါသည်။ ထိုကလေး သည် T.V. အရှေ့တွင် တချိန်လုံးထိုင်ပြီး ဤကာတွန်းကားများကို ကြည့်နေပါသည်။
သခင်ယေရှုက ‘‘သမီး ဒီကာတွန်းကားတွေ၊ ရုပ်ရှင်တွေ၊ ပြီးတော့ T.V. မှာ နေ့စဉ်ကြည့်ကြတဲ့ ဇတ်လမ်းတွဲတွေဟာ လူသားတွေကို ဖျက်ဆီးဖို့ စာတန်ရဲ့ လက်နက်ကိရိယာတွေ ဖြစ်တယ်။ ကြည့်…. သမီး ‘‘ဘယ်နည်းနဲ့ စာတန် အသုံးပြုသလဲဆိုတာ….’’ ဟုပြောပါသည်။
ထိုကလေးသည် ငြင်းဆန်ပုန်ကန်တတ်ပြီး မိဘစကားကိုလည်း နားမထောင်ပါ။ မိဘများက သူ့ကို စကားပြောသောအခါ သူသည်ထွက်ပြေးသွားတတ်၏။ ပစ္စည်းများကိုလည်း ပစ်ပေါက်တတ်ပြီး မိဘ စကားကို နားမထောင်ပါ။ ဤသို့ဖြစ်ပြီးနောက် ကားတိုက်ခံရပြီုး သေဆုံးသွားပါသည်။ သခင်ယေရှုက ‘‘ အဲ့ဒီ ကတည်းက သူဟာ ဒီနေရာကို ရောက်လာတာ ဖြစ်တယ်’’ ဟု ပြောပါသည်။ ကျွန်မသည် ကလေးကို ကြည့်လိုက်ပါသည်။ ပြင်းထန်စွာဒုက္ခဝေဒနာ ခံစားနေရပါသည်။ သခင်ယေရှုက ‘‘ သမီး မိဘတွေကို သွားပြော ပါ။ မိမိရဲ့ကလေးကို ငါရဲ့နှုတ်ကပတ်တော်မှာ ရေးထားတဲ့အတိုင်း သွန်သင်လမ်းပြဖို့ သွားပြောပါ’’ ဟု သခင် ယေရှုကပြောပါသည်။ ( သုတ္တံ ၂၂း ၆ )။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မှန်ပါသည်။ ကလေးကို ကြိမ်လုံးဖြင့် ပြုပြင်ဆုံးမရန် ပြောပါသည်။ သို့သော် အချိန်တိုင်း မဟုတ်ပါ။ မိဘစကားကို ကလေးနားမထောင် သည့် အချိန်တွင်သာ ဖြစ်သည်။ ( သုတ္တံ ၂၂း ၁၅ )
သခင်ယေရှုက ကျွန်မအား အလွန်ဝမ်းနည်းစရာ၊ အလွန်စိတ်ထိခိုက်စရာ စကားတစ်ခု ပြောပါ သည်။ ‘‘ သမီး… ကာတွန်းကားတွေကြောင့်၊ ပြီးတော့ ဆန့်ကျင်ပုန်ကန်တဲ့ အတွက်ကြောင့် ဒီနေရာကို ကလေး တွေ မြောက်များစွာ ရောက်လာပါတယ် ’’ ဟုပြောရာ ကျွန်မက ‘‘ကာတွန်းတွေကြောင့် ရောက်တယ်လို့ ဘာဖြစ်လို့ အပြစ်တင်စရာရှိသလဲ’’ ဟု မေးပါသည်။‘‘ဘာကြောင့်လဲ ဆိုရင် အဲဒီကာတွန်းအကောင်တွေဟာ ကလေးတွေဟာ ပုန်ကန်တတ်အောင်၊ နားမထောင်တတ်အောင်၊ နာကျည်းတတ်အောင်၊ မုန်းတီးတတ်အောင် လှုံ့ဆော်ပေးတဲ့ နတ်ဆိုးတွေဖြစ်တယ်။ ပြီးတော့ တခြားနတ်ဆိုးတွေကတော့ ဒီကလေးတွေအထဲ ၀င်တယ်။ အဲဒီအခါမှာ သူတို့ဟာ ကောင်းတာမလုပ်တော့ပဲ အဆိုးပဲလုပ်တော့တယ်။ ကလေးတွေဟာ T.V မှာ တွေ့တဲ့အရာအားလုံးကို အပြင်မှာလဲ လုပ်ချင်တယ်’’ ဟု သခင်ယေရှုက ရှင်းပါသည်။ ငရဲသည် အမှန်ပင် ရှိပါသည်။ ငရဲသည် တကယ်အမှန်ပင်ဖြစ်ပါသည်။ ကလေးများသည်ပင် မည်သူနှင့် သူတို့သွားမည်ကို သူတို့ရွေးချယ် ဆုံးဖြတ်ရမည်ဖြစ်သည်။ ‘‘သခင် - ကလေးတွေ ဘာဖြစ်လို့ ဒီနေရာကိုရောက်ရတာလဲ ကျွန်မကို ပြောပြပါ’’ ဟု ကျွန်မပြောသောအခါ သခင်ယေရှုက ‘‘ကလေးတွေဟာ ကောင်းကင်ဘုံနှင့် ငရဲဆိုတာရှိတယ်လို့ သူတို့သိတတ်လာပြီဆိုရင် သူတို့က တစ်နေရာကို ရွေးချယ်ရမှာဖြစ်တယ်’’ ဟု ဖြေပါသည်။

ကောင်းကင်နိုင်ငံတော်
ငရဲအကြောင်း ပြောစရာများစွာရှိပါသည်။ သို့သော် ယခု ကောင်းကင်ဘုံတွင် ကျွန်မတွေ့ ရသော အရာများကို ပြောပြပါမည်။ သခင်ယေရှုက ‘‘သမီး အခု ငါ့ရဲ့ သန့်ရှင်းတဲ့ သူတွေအတွက် ငါပြင်ဆင်ထားတဲ့အရာကို ငါပြမယ်’’ ဟုပြောသည်။ ကျွန်မတို့သည် ထိုနေရာမှထွက်ခွာပြီး လှိုင်ခေါင်းတစ်ခုမှ ထွက်လာကြပါသည်။ ဤလှိုင်ခေါင်းကို ဖြတ်ကျော်စဉ် ရုတ်တရက် အလင်းရှိရာသို့ ကျွန်မတို့ ရောက်လာပါသည်။ အမှောင်ကို လုံးဝမတွေ့ရတော့ပါ။ ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် မီးလျှံများကို မတွေ့ရတော့ပါ။ သခင်ယေရှုက ‘‘သမီး၊ ငါ့ရဲ့ဘုန်းအသရေကို ငါ မင်းကို ပြမယ်’’ ဟုပြောပြီး ကျွန်မတို့သည် ကောင်းကင်ဘုံသို့ စတင်တက်သွားပါသည်။ မကြာမီ တံခါး တစ်ခုသို့ ကျွန်မတို့ ရောက်ရှိသွားပြီး တံခါးပေါ်တွင် ‘‘ကောင်းကင်နိုင်ငံတော် မှ ကြိုဆိုပါ၏’’ ဟူ၍ ကြီးမားသော ရွှေစာလုံးဖြင့် ရေးထားပါသည်။


သခင်ယေရှုက ‘‘သမီး၊ ၀င်ပါ။ ဘာကြောင့်လဲဆိုရင်ငါဟာ တံခါးဖြစ်တယ်။ ငါမှတဆင့် ၀င်တဲ့ သူတွေဟာ ၀င်ရမှာဖြစ်တယ်’’ ဟု ပြောပါသည်။ (ယောဟန် ၁၀း၉) သခင်ယေရှုက ဤစကားများ ကို ပြောပြီးသည်နောက် တံခါးပွင့်လာပြီး  ကျွန်မတို့ဝင်သွားပါသည်။ ကောင်းကင်တမန်များ သည် ကောင်းကင်ဘုံ အရှင်အဘ၏ ဘုန်းအသရေကို ချီးမွမ်းခြင်း၊ ဂုဏ်ပြုခြင်းပြုနေသည်ကို ကျွန်မတွေ့ရ၏ (ဗျာဒိတ် ၇း၁၁-၁၂)။ ကျွန်မတို့ ရှေ့ဆက်လျှောက်သောအခါ စားပွဲတစ်ခုအနားသို့ ရောက်လာပါသည်။ ထိုစားပွဲကို ကျွန်မ အစ သာတွေ့ရပြီး အဆုံးကိုမမြင်ရပါ(ဗျာဒိတ် ၁၉း၉) ကျွန်မသေချာစွာ ကြည့်သောအခါ ကြီးမားသော ပလ္လင်တစ်ခု နှင့် သာ၍ငယ်သော ပလ္လင်တစ်ခုကို တွေရပါသည်။ ပတ်ပတ်လည်တွင် ကုလားထိုင်များ ထောင်းပေါင်းများစွာရှိ ပါသည်။ ကုလားထိုင်အကြားတွင် ၀တ်လုံနှင့် သရဖူများကို တွေ့ရ၏။ သခင်ယေရှုက ‘‘သမီး၊ အဲဒီထဲမှာသမီးတွေရတဲ့ သရဖူဟာ ကသက်သရဖူဖြစ်တယ်’’ ဟု ကျွန်မကို ပြောပြ၏။ (ဗျာဒိတ် ၂း၁၀)သခင်ယေရှုက‘‘ကြည့်ပါ - သမီး၊ ဒါဟာ င့ါလူတွေအတွက် ပြင်ဆင်ထားတဲ့ အရာတွေဖြစ်တယ်’’ ဟု ပြောပါသည်။ စားပွဲပေါ်တွင် ခင်းထားသော အဖြူရောင်စားပွဲခင်း မှာ ရွှေဖြင့်အနားကွက်ထားပါသည်။ စားပွဲပေါ်တွင် ပန်းကန်များ၊ ရွှေရေတကောင်းများ ၊ အသီးအနှံများစွာ ကို တွေ့ရ၏။ စားစရာအားလုံးကို တည်ခင်းထားပါသည်။ အင်မတန်း လှပပါသည်။ စားပွဲ၏ အလယ်တွင် ညစာစားပွဲအတွက် စပျစ်ရည်အိုးကြီး တစ်လုံးရှိပါသည်။ သခင်ယေရှုက ‘‘သမီး ငါ့ အသင်းတော် ရောက်လာဖို့အတွက် အရာခပ်သိမ်းက အဆင်သင့်ဖြစ်ပြီ’’ ဟုပြောပါသည်။ ကျွန်မတို့သည် အခြား တနေရာသို့ သွားသောအခါ ဥယျာဉ်ထဲတွင် လူမြောက်များစွာကို တွေ့ရပါသည်။ သမ္မာကျမ်းစားမှ နာမည်ကျော်ကြားသော ပုဂ္ဂုလ်များကိုလည်း တွေ့ရ၏။ သို့သော် သူတို့ အသက်မကြီးဘဲ နုပျိုသောအရွယ်တွင်ရှိပါသည်။ လူငယ်တစ်ဦးသည် သူ၏လက်တွင် ကြီးမားသော လက်ကိုင်ပုဝါ တစ်ခုဖြင့် ပတ်ချာလှည့်ပြီးကကာ ဘုရားသခင်ကို ချီးမွမ်းနေပါသည်။ သခင်ယေရှု က ‘‘သမီး အဲဒီမှာ သမီးတွေ့ရတဲ့လူငယ်က ငါ့ကျွန် ဒါဝိဒ် ဖြစ်တယ်’’ ဟု ပြောပါသည်။ သူသည် ကျွန်မတို့ အဘ၏ ဂုဏ်တော်ကို ချီးမွမ်းနေ၏။ ရုတ်တရက် အခြားလူငယ်တစ်ယောက်က ဖြတ် လာရာ သခင်ယေရှုက ‘‘သမီး - သူက ယောရှု ဖြစ်တယ်။ သူက မောရှေ ဖြစ်တယ်။ ဒီလူငယ်တစ်ယောက်ကတော့ အာဗြံဟံ ဖြစ်တယ်’’ ဟုပြောပါသည်။ သခင်ယေရှုက သူတို့ကို နာမည်ဖြင့်ခေါ်ပါသည်။ သူတို့ အားလုံးမှာ မျက်နှာပုံပန်းတူ ကြပါသည်။ သခင်ယေရှုက ‘‘သမီး၊ အဲဒီမှာ သင်တွေ့တဲ့ အမျိုးသမီးကတော့ ငါ့ရဲ့ အစေခံကျွန် မာဂါဒလမာရိဖြစ်တယ်။ တစ်ယောက်ကတော့ ငါ့ကျွန် စာရာ ဖြစ်တယ်’’ ဟုပြောပါသည်။ သို့သော် သခင်ယေရှုက ‘‘သမီး၊ သူက မာရိဖြစ်တယ်။ ငါဖြစ်တဲ့ ယေရှုခရစ်ကို မွေးဖွားသူ ဖြစ်တယ်။ သမီး - မာရိဟာ (မြေကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို) သူဘာမှမသိဘူးလို့ သင့်ကို ပြောပြချင် တယ်။ ငါ သင့်ကို ပြောပြချင်တဲ့ အရာကတော့ သင်သွားပြီးလူသားတွေကို ပြောပြရမယ်။ ရုပ်တိုကိုးကွယ်သူတွေကို ပြောပြရမယ်။ ငရဲ ဆိုတာ အမှန်တကယ်ရှိကြောင်းနဲ့ ရုပ်တုကိုးကွယ်သူတွေဟာ ငါ့ရဲ့ နိုင်ငံတော်ကို မ၀င်စားရဘူးဆိုတဲ့ အကြောင်း၊ ဒါပေမဲ့ သူတို့ နောင်တရရင် ငါ့ရဲ့ ကောင်းကင်နေအိမ်ကို ၀င်စားနိုင်တယ်ဆိုတဲ့အကြောင်း ပြောရမယ်။ သူတို့ကို ငါချစ်ကြောင်းနှင့် မာရိဟာ မြေကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ဘာတစ်ခုမှမသိကြောင်း၊ သူတို့ ချီးမြောက်ရမည့် တစ်ပါးတည်းသောသူက ငါပဲဆိုတဲ့အကြောင်း သူတို့ကို သွားပြီးပြောပါ။ ဘာကြောင့်လဲဆိုရင် မာရိသော်လည်းကောင်း၊ ရှင်ဂရက်ဂရိသော်လည်းကောင်း၊ အခြားသူတော်စင် တစ်ဦးဦးသော်လည်းကောင်း၊ ကယ်တင်ခြင်း ကို မပေးနိုင်ဘူး။ ကယ်တင်ခြင်းပေးတာ ငါတစ်ဦးပဲဖြစ်တယ်။ ငါမှလွှဲရင် ဘယ်သူမှ၊ ဘယ်သူမှ ကယ်တင်ခြင်း မပေးဘူး’’ ကျွန်မကိုပြောပါသည်။ မည်သူမျှ မကယ်နိုင်ကြောင်း ဆိုသည့် စကားကို သူ သုံးကြိမ်မျှ ပြောပါသည်။ သူတစ်ပါးတည်း သာကယ်တင်ပါသည်။

                 လူသားများသည် သူတို့က သူတော်စင်များဟု ယူဆထားသူကို ယုံကြည်ကြသည်။ ဤနည်းအားဖြင့် သူတို့သည် စာတန်၏ လှည့်စားခြင်းကို ခံရပါသည်။ အမှန်မှာ တော်စင်ဟု သူတို့ ယူဆသူမှာ ထိုသို့မဟုတ်ပါ၊ နတ်ဆိုးဖြစ်သည်။ နတ်ဆိုးက လူလက်ဖြင့် ပြုလုပ်ထားသော ရုပ်တုအားဖြင့် အလုပ်လုပ် နေခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်က သင့်ကို အကောင်းဆုံး ပေးချင်ပါသည်။ သင့်အားကောင်းကင် နိုင်ငံတော်ကို ၀င်စေချင်ပါသည်။ သင့်အား နောင်တရပြီး ရုပ်တုကိုးကွယ်ခြင်းကို စွန့်လွှတ်စေချင်ပါသည်။ အကြောင်းမှာ ရုပ်တုကိုးကွယ်ခြင်းသည် သင့်ကို မကယ်ပါ။ ကယ်တင်သောသူမှာ နာဇရက်မြို့သား ယေရှုခရစ်တော်ဖြစ်ပါသည်။ သူသည် သင့်အတွက် ကျွန်မအတွက် နှင့် လူသား တစ်ရပ်လုံးအတွက် အသက် ပေးခဲ့သူ ဖြစ်သည်။ သခင်ယေရှုထံတွင် လူသားတစ်ရပ်လုံးအတွက် ထူးမြတ်သည့် သတင်း စကားရှိပါသည်။ သခင်ယေရှုသည် ငိုကြွေးလျက် “ သမီး - ကျေးဇူးပြုပြီး တိတ်ဆိတ်စွာမနေပါနဲ့။ အမှန်တရားကိုသွား ပြောပါ။ သင့်ကို ငါပြခဲ့တဲ့ အရာတွေကို သွားပြောပါ။” ဟု ကျွန်မကို ပြောပါသည်။
မာရိသည် သခင်ယေရှုကို ကိုးကွယ်နေပုံကိုလည်း ကျွန်မတွေ့ရပါသည်။ အလွန်ရှည်လျား လှပသော ဆံပင်နှင့် အမျိုးသမီးများ ကိုလည်းတွေ့ရ၏။ ကျွန်မက “ သခင် - သူတို့ဆံပင်ကို ပြင်ဆင်ထားတာ လှလိုက်တာ” ဟု ပြောသောအခါ သခင်က “သမီး - သင်မြင်တဲ့ အရာက အမျိုးသမီးတစ်ဦးကို ငါပေးထားတဲ့ ဇာပုဝါပဲ။ အမျိုးသမီးတွေကို သွားပြောလိုက်ပါ။ ငါ သူတို့ကို ပေးထားတဲ့ ဇာပုဝါကို ထိန်းသိမ်း စောင့်ရှောက်ဖို့ပြောပါ” ဟု ထပ်ပြောပါသည်။
ထို့နောက် သခင်က “ ငါ မင်းကို ပြဖို့ သိပ်အရေးကြီးတဲ့အရာ တစ်ခုရှိတယ်” ဟုပြောပါသည်။ ကျွန်မသည် အဝေးသို့ကြည့် လိုက်သောအခါ တောက်ပနေသော မြို့ကြီးတစ်မြို့ကို လှမ်းတွေ့ရပါသည်။ ရွှေဖြင့်ဆောက်လုပ် ထားပါသည်။ ကျွန်မက “ သခင်အဲဒါဘာလဲ၊ ကျွန်မ အဲဒီကို သွားချင်တယ်’’ ဟုပြောသောအခါ သခင်က “ သမီး - အဲဒီ နေရာမှာ ဘာရှိသလဲဆိုတာကို ငါသင့်ကို ပြမယ်။ သင်တွေ့ရတဲ့ အရာက ကောင်းကင်နေအိမ်ဖြစ်တယ်။ ငါ့ရဲ့ လူတွေ အတွက် အသင့်ဖြစ်နေတဲ့ ကောင်းကင်စံအိမ်ကြီး တွေဖြစ်တယ်” ဟုဖြေပါတယ်။
ကျွန်မတို့သည် စတင်လျှောက်သွားပြီး နောက်ဆုံး ရွှေတံတား တစ်ခုသို့ ရောက်ရှိလာ၏။ ကျွန်မတို့ တံတားကို ဖြတ်ပြီးသောအခါ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော လမ်းပေါ်သို့ ကျွန်မတို့ ရောက်သွားပါသည် (ဗျာဒိတ် ၂၁း၂၁)။ အရာခပ်သိမ်းမှာ အလွန်ပင်လှပပြီး တောက်ပနေသော ဖန်ကဲ့သို့ ၀င်းလက်နေပါသည်။ လုံးဝပင် သဘာဝတရားထက်ထူးကဲသောနေရာဖြစ်သည်။ ရှင်းပြ၍ မရနိုင်အောင် ဖြစ်သည်။ ကြီးမားထည်ပါသော ကောင်းကင်စံအိမ်များကို ကျွန်မတို့ တွေ့ရ၏။ ကောင်းကင်တမန် ထောင်ပေါင်းများစွာတို့သည် ထိုစံအိမ်ကြီးများကို ဆောက်လုပ်နေပါသည်။ အချို့သော ကောင်းကင် တမန်များသည် အလွန်လျင်မြန်စွာ ဆောက်လုပ်နေပြီး အချို့မှာ နှေးကွေးစွာ ဆောက်လုပ်နေကာ၊ အချို.မှာမူ လုံးဝမဆောက်တော့ပါ။ ကျွန်မ သခင်အား ‘‘အချို့ကောင်းကင်တမန်တွေက မြန်မြန်ဆောက်ပြီး၊ အချို့က နှေးနှေးဆောက်တယ်၊ အချို့တော့ ဆောက်တာလုံးဝရပ်သွားတာ ဘာကြောင့်လဲ သခင်’’ ဟုမေးသောအခါ သခင်က ‘‘သမီး - အဲဒါ မြေကြီးပေါ်မှာ ငါ့လူတွေ အလုပ်လုပ်တဲ့ ပုံစံအတိုင်းပဲ ဖြစ်တယ်။ သမီး - ငါ့လူတွေဟာ ၀မ်းမြောက်ဖွယ်သတင်းကောင်းကို မဖြန့်တော့ဘူး။ ငါ့လူတွေဟာ အစာလည်း မရှောင်တော့ဘူး။ ငါ့လူတွေဟာ လမ်းပေါ်သွားပြီး ဝေစာဝေပြီး သမ္မာတရားကို မပြောတော့ဘူး။ ငါ့လူတွေဟာ အခု ရှက်နေကြတယ်။ လမ်းဟောင်း တွေကို ပြန်လာဖို့ ငါ့လူတွေကို သွားပြောပါ။ ဘာမှ မလုပ်တော့ကြောင်း သင်တွေ့တဲ့ ကောင်းကင်တမန်တွေ က ငါ့ရဲ့လမ်းတော်တွေကနေ ထွက်ခွာသွားတဲ့ လူတွေနဲ့သက်ဆိုင်တယ်။ သမီး - လမ်းဟောင်းတွေကို ပြန်လာဖို့ ငါ့လူတွေကို သွားပြောပါ’’ ဟု သခင်က ရှင်းပြပါသည်(ယေရမိ ၆း၁၆)။ ဤသို့ သူပြောပြီးသည်နှင့် သူငိုပါသည်။
လူများ၏ သီချင်းသံကို ကျွန်မကြားရသောအခါ ကျွန်မက ‘‘သခင် - ကျွန်မကို အဲဒီလူတွေ သီချင်းဆိုတဲ့ နေရာကို ခေါ်သွားပါ’’ ဟု ကျွန်မ တောင်းပန်ပါသည်။ သခင်ယေရှုသည် ကျွန်မကိုလေ့လာ နေပါသည်။ ကျွန်မကို လေ့လာနေပုံကို ကျွန်မပြောနိုင်ပါသည်။ သို့သော် ကျွန်မသည် သူ၏မျက်နှာကို မမြင် ရပါ။ သူ၏မျက်နှာလှုပ်ရှားမှုကိုသာ မြင်ရပါ၏။ သူ၏မျက်ရည်များသည် သူ၏ ၀တ်လုံပေါ်သို့ကျလာသောအခါ ကျွန်မသူဘာကြောင့်ငိုကြောင်းမေးပါသည်။ သို့သော်သူမရှင်းပါ။
ထို့နောက်ကျွန်မတို့သည် ထိုလှပသော ဥယျာဉ်သို့ရောက်ရှိသွားပါသည်။ ထိုနေရာ၌ ကောင်းကင် စံအိိမ်ကြီးများအကြားတွင် ယိမ်းနွဲ့နေသော ပန်းပင်များကို ကျွန်မတွေ့ရပါသည်။ ကျွန်မကြား ရသော သီချင်းမှာ ဤအရာပင်ဖြစ်ပေလိမ့်မည်။ သခင်ယေရှုသည် လက်ညှိုးဖြင့် ညွန်ပြပြီး ‘‘သမီး - ကြည့်ပါ။ သူတို့ဟာ ငါ့ကို ချီးမွမ်းနေကြ တယ်။ ငါ့လူတွေဟာ အရင်ကလို ငါ့ကို မချီးမွမ်း၊ မကိုးကွယ်တော့ဘူး။ အရင်ကလို ငါ့မျက်နှာကို မရှာကြတော့ဘူး။ ဒါကြောင့် သမီး - ငါ့လူတွေ ငါ့ကို ရှာဖို့ သွားပြောခိုင်းတာ ဖြစ်တယ်။ ငါ့ကို နာမ်ဝိညာဉ်နှင့် သစ္စာနှင့်ရှာတဲ့လူစု၊ အသင့်ဖြစ်နေတဲ့လူစု၊ သန့်ရှင်းတဲ့လူစု အတွက် ငါသွားမယ်။ ငါသွားမယ်။ ငါသွားမယ်’’ ဟု ပြောပါသည်။ သခင်ယေရှုသည် ငိုကြွေးလျက် ‘‘ငါလာပြီး၊ ငါလာပြီး။’’ ဟုပြောပါသည်။ ထိုအခါ သူ ဘာကြောင့်ငိုကြွေးသည်ကို ကျွန်မနားလည်သွားပါသည်။ အကြောင်းမှာ သူလာမည်ဖြစ်သော်လည်း စိတ်မပါတပါဖြစ်သော လူများအတွက်လာမည် မဟုတ်ပါ။ သူ့ကို နာမ်ဝိညာဉ်နဲ့ သစ္စာနဲ့ ရှာသော သူများ အတွက်သာ လာမည်ဖြစ်သည်။
ထို့နောက် သခင်ယေရှုက ကျွန်မ ကမ္ဘာမြေကြီးပေါ်သို့ ပြန်ရမည် ဖြစ်ကြောင်းပြောပါသည်။ ကျွန်မက ‘‘သခင် ကျွန်မ ကမ္ဘာမြေကြီးပေါ်သို့ မပြန်ချင်ဘူး။ ကိုယ်တော်ဘာကို ဆိုလိုတာလဲ။ ကမ္ဘာမြေကြီး လား။ ကိုယ်တော်နှင့် အတူ ကျွန်မနေချင်တယ်။ ကိုယ်တော် ကျွန်မကို ဒီကိုခေါ်လာတာ ဖြစ်တယ်။ ကိုယ်တော် နှင့်အတူ ရှိရတဲ့အတွက် ကျွန်မ ဘယ်ကိုမှ မသွားချင်တော့ဘူး’’ ဟု ပြောပါသည်။ သခင်းယေရှုက ‘‘သမီးသင် ကမ္ဘာမြေကြီးပေါ်ကို ပြန်ဖို့လိုတယ်။ ငါ့ဘုန်းအသရေဟာ တကယ်အစစ်အမှန်ရှိကြောင်းနဲ့ သင်တွေ့ခဲ့တဲ့အရာ တွေဟာ အမှန်တကယ်ဖြစ်ကြောင်း သွားပြီး သက်သေခံဖိုလို တယ်။ ဒါမှ ပျက်စီးခြင်းနဲ့ ကင်းလွှတ်မယ်’’ ဟု ပြောပါသည်။ ကျွန်မသည် ငိုလျက်သူ၏ ခြေရှေ့တွင် ညွတ်သွားလိုက်သောအခါ သူ၏ ခြေထောက်တွင် ဒဏ်ရာများကိုတွေ့ရ၏။ ကျွန်မက ‘‘သခင် - ဒီဒဏ်ရာတွေက ဘာတွေလည်း’’ ဟု မေးသောအခါ ‘‘သမီး ဒီအမာ ရွက်တွေက မနေ့က လူသားတွေအတွက် ငါ့အသက်ကို ငါပေးတဲ့ ရလာတာဖြစ်တယ်’’ ဟုဖြေပါသည်။ သူ၏လက်မှ အနာရွက်ကိုလည်း ပြပါသည်။ ‘‘သခင် ဘာဖြစ်လို့ ဒီအနာရွက်တွေက ရှိနေဆဲဖြစ်တာလဲ’’ ဟု မေးသောအခါ သခင်ယေရှုက ‘‘သမီး ဒါဟာ ကျန်ခဲ့တဲ့ အနာရွက်ပဲ’’ ဟု ဖြေပါသည်။ ‘‘ပျောက်သွားဦးမလား’’ ဟု မေးသောအခါ သမီး သန့်ရှင်းသူတွေ အားလုံးဒီမှာ ပြန်စုစည်းတဲ့အခါ ပျောက်သွားမှာဖြစ်တယ်။ . . . . . သမီးသင့်ကို ကမ္ဘာမြေကြီးကို ပြန်ခေါ်သွားရတော့မယ်။ သင့်မိသားစုနှင့် လူမျိုးတွေက သင့်ကိုစောင့် နေပြီ’’ ဟု ပြောပါသည်။
ကျွန်မက ငြင်းဆန်ရန်ကြိုးစားသော်လည်း သူက မြေကြီးပေါ်သို့ လက်ညွန်ပြပြီး ‘‘ကြည့်ပါ ဟိုအောက်မှာ သင်မြင်ရတဲ့ လူတွေက သင့်ဆွေမျိုးတွေဖြစ်တယ်။ အဲဒီမှာတွေ့ရတဲ့ ခန္ဓာကိုယ်ဟာ သင်ပြန်ရမည့်နေရာပဲ။ ဒီနေရာက ထွက်ခွာဖို့ အချိန်တန်ပြီ’’ ဟု ပြောပါသည်။ ထို့နောက်သူက ကျွန်မကို ဖန်ကဲ့သို့ ကြည်လင်ပြီး လှပသော မြစ်နားတလျှေက်ခေါ်သွားပါသည်။ ‘‘သမီး - မြစ်ထဲကို ၀င်ပြီး ကိုယ့်ကိုကိုယ်နစ်မြုပ်လိုက်ပါ’’ ဟုပြောပါသည်။ ဖန်ကဲ့သို့ ကြည်လင်သည့် အသက်ရေထွက်ရာမြစ်အထဲသို့ ကျွန်မ မ၀င်မီ မဖေါ်ပြနိုင်လောက်အောင် ၀မ်းမြောက်ခြင်းကို ကျွန်မ ခံစားရ၏။ သို့သော် မိမိကိုယ်ကို နစ်မြှုပ်ပြီး ထွက်လာသောအခါ ၀ါကြွားဝမ်းမြောက်မှုဖြင့် စိတ်လှုပ်ရှားနေပါသည်။ သို့သော် သခင်က ‘‘သမီး၊ - သမီးဟာ ကမ္ဘာမြေကြီးပေါ်ကို ပြန်ရမယ်။ သမီးသင့်ကို ငါတစ်ခု ပြမယ်။ သန့်ရှင်းသူတွေအတွက် ကမ္ဘာမြေကြီးပေါ်ကို ငါဘယ်ပုံဘယ်နည်းနဲ့ လာမယ်ဆိုတာ ငါသင့်ကို ပြမယ်။ သန့်ရှင်းသူတွေကို ပြန်ချီဆောင်ခြင်းနေ့မှာ ဘယ်လိုဖြစ်မလဲဆိုတာ ငါမင်းကိုပြမယ်’’ ဟု ပြောပါသည်။

ချီဆောင်ခြင်းနှင့်ဘေးဒဏ်ကြီးကာလ
ကျွန်ုပ်တို့သည် ရုပ်ရှင်ပိတ်ကားကဲ့သို့ ကြီးမားသော ကားချပ်ရှိရာသို့ လျှောက်သွားပါသည်။ ကျွန်မ သည် ထိုကားချပ်ကြီးပေါ်တွင် လူများကို တွေ့ရ၏။ တစ်ကမ္ဘာလုံးကို ကျွန်မ ကြည့်ရှုနိုင်ပါသည်။ ထိုစဉ် ရုတ်တရက် ထောင်းပေါင်းများစွာ သောလူများ ပျောက်သွားပါသည်။ ကိုယ်ဝန်သည်များ၏ ကိုယ်ဝန်မှာလည်း ပျောက်သွား၏။ သူတို့ သည် အော်ဟစ်နေကာ အရူးလို ဖြစ်သွားပါသည်။ နေရာအနှံ့မှ ကလေးများလည်း ပျောက်သွား၏။ လူများသည်ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး ‘‘မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး၊ ဘာတွေဖြစ်ကုန်ပြီလဲ’’ ဟု အော်ဟစ်နေကြပါ သည်။

                 သခင်ယေရှုကို သိခဲ့သောလူများသည် ကျန်ခဲ့ကြောင်း ကျွန်မတွေ့ရ၏။ သူတို့က သခင်ယေရှုကြွလာ ခဲ့ပြီ။ ချီဆောင်ခြင်းဖြစ်သွားပြီဟု ပြောနေကြသည်။ သူတို့သည် အော်ဟစ်လျက် သူတို့ကိုသူတို့ သတ်သေချင်ကြသည်။ သို့သော် သတ်သေ၍မရပါ။ သခင်ယေရှုက ‘‘ သမီး - အဲဒီနေ့ရက်တွေမှာ သန့်ရှင်းသော ၀ိညာဉ်တော်က ကမ္ဘာမြေကြီးပေါ်မှာ မရှိတော့ဘူး’’ ဟု ပြောပါသည် (ဗျာဒိတ် ၉း၆)။ မတော်တဆ ထိခိုက်မှုများရှိသော်လည်း သေသောသူ တစ်ယောက်မျှ ကျွန်မ မတွေ့ရပါ။ ထိခိုက်ဒဏ်ရာရသော်လည်း အားလုံးမှာ အသက်ရှင်ကြပါသည်။ အလွန်များစွာသော ယျာဉ်နှင့် ထောင်ပေါင်းများစွာသော လူများသည် သွားလာနေကြ၏။ သခင်ယေရှုက ‘‘သမီး - ကြည့်ပါ၊ ဒါတွေ ဖြစ်လိမ့်မယ်’’ ဟုပြောပါသည်။ ထိုအခါ လူများသည် တစ်နေရာမှ တစ်နေရာသို့ပြေးရင်း ‘‘ခရစ်တော်လာကြပြီ။ ခရစ်တော် လာသွားပြီ။’’ ဟု အော်ဟစ်နေသည်ကိုတွေ့ရ၏။ သူတို့က ‘‘သခင် ကျွနုပ်ကို ခွင့်လွှတ်ပါ။ ကျွန်ုပ်ကို ခွင့်လွှတ်ပါ။ ကိုယ်တော် နှင့်အတူ ခေါ်ဆောင်ပါ’’ ဟုတောင်းပန်ကြပါသည်။ သို့သော် သခင်ယေရှုက ၀မ်းနည်းစွာဖြင့် ‘‘အဲဒီ အ ချိန်မှာ နောက်ကျသွားမှာဖြစ်တယ်။ နောင်တရဖို့ အချိန်က အခုဖြစ်တယ်။ . . . . . သမီး လူသားတွေငါ့ကိုရှာဖို့ သွားပြောပါ။ အကြောင်းကတော့ အဲဒီအချိန်ရောက်ရင် အခွင့်အရေးမရှိတော့ဘူး။ (ဟေရှာယ ၅၅း၆)။ သမီး - ကျန်တဲ့လူအားလုံး အတွက် နောက်ကျသွားပြီ’’ဟု ပြောပါသည်။ (၁သက်သလောနိတ် ၄း၁၆-၁၇)။‘‘သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မှူု၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသ ကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်အတူနေကြရမည်။’’
                 သို့သော် အားလုံးက သခင်ဘုရားနှင့် အတူ ပါသွားမည် မဟုတ်ပါ။ အလိုတော်ကို ဆောင်နေသော သူသာ ပါသွားလိမ့်မည် (မဿဲ ၇း၂၁)။ သန့်ရှင်းသောအသက်သာကို ရှင်နေသူသာ ပါသွားလိမ့်မည်။ အကြောင်းမှာ သခင်ယေရှုက ကျွန်မအား ‘‘သန့်ရှင်းသောသူသာလျှင် ကောင်းကင် နိုင်ငံတော်ကို ၀င်ရမယ် (ဟေဗြဲ ၁၂း၁၄)။ ငါ့ရဲ့သန့်ရှင်းတဲ့လူစုကို ငါသွားပြီး ချီဆောင်မည့်နေ့ကိုရော၊ နာရီကိုရော ဘယ်သူမှ မသိဘူး၊ ကောင်းကင်တမန်ပင် မသိဘူး’’ ဟုပြောပါသည်(မဿဲ ၂၄း၃၆)။
မြင်ကွင်းထဲတွင်လူများသည် ပတ်ပတ်လည်ပြေးလွှားနေကြသည်ကို တွေ့ရပါသည်။ မဂ္ဂဇင်း များနှင့် T.V သတင်းများက ‘‘ခရစ်တော်လာသွားပြီ’’ ဟု ပြောကြားကြ၏။ ကားချပ်ပေါ်မှ မြင်ကွင်းလည်း ပိတ်သွားပြီ။ သခင်ယေရှုက ‘‘သန့်ရှင်းတဲ့ လူစုကို ချီဆောင်ဖို့ ငါသွားမည်’’ ဟု ပြောရင်း အဆုံးသတ်လိုက် ပါသည်။ ဤအရာမှာ သူ ကျွန်မကို ပြသောအရာအားလုံးဖြစ်ပါသည်။ ထို့နောက် သူ ကျွန်မကို မြေကြီးပေါ်သို့ ခေါ်ဆောင်လာပါသည်။
ကောင်းကင်တမန်များ ခြံရံလျက် ကျွန်မတို့သည် လှပသော လှေကားထစ်များမှ ဆင်းလာပါသည်။ လှေကားထစ် များမှာ အဖြူရောင်ဖြစ်ပြီး ပန်းများသည် ပတ်ပတ်လည်တွင် ရှိပါသည်။ ကျွန်မ အောက်သို့ ဆင်းလာစဉ် တလမ်းလုံး ငိုယိုလျက် သခင်ယေရှုအား ‘‘သခင်ယေရှု ကျေးဇူးပြု၍ ကျွန်မကို ဒီနေရာမှာ မချန်ထားပါနဲ့၊ ကိုယ်တော်နှင့်အတူ ခေါ်သွားပါ’’ ဟု တောင်းပန်ရာ သူက ‘‘သမီး လူမျိုးတွေရော၊ သင့်မိသားစုတွေရော သင့်ကို စောင့်နေတယ်။ သမီး - အဲဒီ ခန္ဓာကိုယ်ထဲ ပြန်ဝင်ရမယ်။ သင်အသက် ပြန်ရှင်ရမယ်။ ဒါမှ သင်တွေ့ခဲ့တဲ့ အရာတွေကို သွားပြီး သက်သေခံနိုင်မှာ ဖြစ်တယ်။ လူအများက မင်းကို ယုံမှာ မဟုတ်သလို ယုံမယ့်လူ တွေလည်းအများကြီးရှိတယ်။ ဒါပေမယ့် ငါဟာ သင့်ရဲ့ သစ္စာရှိတဲ့ သက်သေဖြစ်တယ်။ ငါဟာ သင်နှင့်အတှူရှိတယ်။ သင့်ကို ဘယ်တော့မှ မစွန့်ထားဘူး’’ ဟု ပြောပါသည်။

ကမ္ဘာမြေကြီးပေါ်သို့ ပြန်လာခြင်း
မက်ခ်ဇီမာ
ကျွန်မသမီး ပြန်လာသောအချိန်တွင် ကျွန်မတို့သည် ထိုနေရာတွင်စောင့်နေလျက်ရှိပါသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဆန့်လျက်ရှိပါသည်။ သူ့နှုတ်မှ ‘‘အင်း . . . ’’ ဟူသော အသံ ထွက်ပြီး အခြားဘာမျှမထွက်ပါ။ ကျွန်မက ‘‘သခင် - ကျွန်မသမီး ပြန်ရောက်လာလို့ ကျေးဇူးတင်ပါတယ်’’ ဟု ပြောပါသည်။ ကျွန်မတို့ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြပါသည်။ ငါးနာရီခန့် ကြာပြီးသောအခါ သူ့မျက်စိကို ဖွင့်နိုင်ပြီး စကားပြောလာနိုင်ပါသည်။ ပထမပိုင်းတွင် သူဘာပြောနေမှန်း ကျွန်မတို့ နားမလည်သလောက်ဖြစ်သည်။ မရှင်းလင်းခြင်းဖြစ်သည်။ သူဘာမှ ခွန်အား မရှိပါ။ သူ့မျက်စိများ လည်း အလင်းရောင်ကို မခံနိုင်သောကြောင့် ပြူတင်းပေါက်များကို ကျွန်မတို့ ဖုံးအုပ်ထားရပါသည်။
ကျွန်မတို့သည်လည်း အလွန်သိချင်လှသောကြောင့် သူတွေ့ခဲ့သောအရာများကို ကျွန်မတို့အား ပြောပြစေချင်ပါသည်။ သို့သော် သူသည် အလွန်အားနည်းနေသောကြောင့် ကျွန်မ တို့ကို အနည်းငယ်သာ ပြောပြနိုင်ပါသည်။ နှစ်ပါတ်ကြာမှ သူ၏ သက်သေခံချက်ကို သူအပြည့်အ၀ ပြောနိုင်ပါသည်။
ဤနောက်ပိုင်းတွင် နတ်ဆိုးများသည် သူ့ကို လာပြီး ညှင်းဆဲနှိပ်စက်ကြ၏။ သူတို့ကို သူ ရှင်းလင်းစွာ တွေ့ရ၏။ သူတို့သည် မှောင်ရိပ်တွင် ပုန်းကွယ်ရန် ကြိုးစားကြသည်။ သူပြန်လာပြီး စကား ကောင်းစွာမပြောနိုင်မီ သုံးရက်အတွင်းတွင် နတ်ဆိုးများသည် ဤနေရာတွင် ရှိကြ၏။ သူတို့ ဘာကို အလိုရှိကြောင်း သူ မေးသောအခါ သူတို့က ‘‘မင်းနှင့် ငါတို့ သဘောတူညီချက် ယူဖို့ လာတာဖြစ်တယ်။ မင်းပါစပ် ပိတ်ထားရမယ်။ အောက်မှာ မင်းတွေ့ခဲ့တဲ့အရာတွေ ကို ဘာတစ်ခုမှမပြောရဘူး။ ဘာကြောင့် လဲဆိုရင် မင်းပြောရင် မင်းကိုငါတို့ သတ်မယ်’’ ဟု ပြောပါသည်။ နတ်ဆိုးများ သည် ကြီးမား၍ ၀ပြီးအရုပ်ဆိုး ကြောင်း သမီးပြောပါသည်။ သူတို့၏ ရုပ်ရည်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြစရာ စကားလုံးမရှိတော့ဟု သမီးပြောပြ၏။ သူက ၎င်းတို့ကို သူမ အပေါ်တွင် ခုန်တက်ပြီး အသက်ရှူမရအောင်၊ မွန်းသွားအောင် ဖိထားပါသည်။ သမီးကလည်း သူတို့ကို မောင်းထုတ်လျက် ပြန်ခုခံပါသည်။ သို့သော် သူ့မှာ အားအင် လုံးဝ မရှိပါ။ တစ်ခါတွင် သူတို့ကို မောင်းထုတ်နေစဉ် ကြီးမားသော အလင်းတစ်ခုပေါ်လာပြီး သူတို့ ထွက်ပြောသွား ပါသည်။ ၎င်းမှာ သခင်ယေရှု ဖြစ်ပါသည်။
ကျွန်မသမီး ဖြတ်ကျော်ရသည့် အရာမှာ မလွယ်ပါ။ သူသည် လူသားတစ်ရပ်လုံးကို ပြောရန် အလွန်လေးနက်သောသတင်းစကားကို ဘုရားသခင်သူ့အား ပေးထားပါသည်။ ထိုသတင်းစကားမှာ ဘုရားသခင်ကို ရှာရန် ဖြစ်သည်။ သို့သော် လူသားများက သူတို့ လုပ်နေသောအရာမှာ ကျေနပ်ဖွယ်ဖြစ်သည်၊ အလွန်ကောင်းသည်ဟု ထင်နေကြ၏။ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သုံးစွဲသည့် လူငယ်များကလည်း သူတို့ ဘာမှမဖြစ်ဟု သူတို့ကိုယ်သူတို့ ထင်နေကြ၏။ သို့သော် မဖြစ်မနေပါ။ ကျွန်မသမီ၏ ထူးကဲသောအတွေ့အကြုံ များအနက် တစ်ခုမှာ ကချေသည်များ အပါအ၀င် ဖျော်ဖြေရေးသမားများစွာကို ငရဲတွင်တွေ့ရခြင်းဖြစ်သည်။ သူတို့ ကြည်ညိုသော ပုဂ္ဂိုလ်ကြီးများလည်း တွေ့ရသည်။ ဘုရားသခင်ကို ရှာရန်နှင့် နောင်တရပြီး ဘုရားသခင်၏ ရှေ့တွင် မိမိကိုယ်ကို နှိမ့်ချရန်အချိန်ရောက်ပါပြီ။ ‘‘ကောင်းကင်နှင့်မြေကြီးမတည်လည်း ငါ့စကားတည်လိမ့်မည်” ဆိုသည့် ဘုရားစကားသည် မှန်ပါသည် (မာကု ၁၃း၃၁)။ သခင်ယေရှု ပြောသောစကားသည် အချိန်တန်သောအခါ ပြည့်စုံလာပါမည်။ လူများ ငရဲသို့သွားနေသော လှိုင်ခေါင်းကို လည်း ဘုရားသခင်သူ့အား ပြပါသည်။ လူများစွာ ငရဲတွင်ရှိနေပြီးဖြစ်သည်။ အဖြစ်အပျက်များသည် အမှန်တ ကယ်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လူများပင် ဤအရာကို မယုံကြည်ပါ။ လူအများက ယုံကို မယုံပါ။


          အဓိက သတင်းစကားမှာ သခင်ဘုရားကြွလာရန် နီးကပ်နေပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် နှုတ်ခမ်းဖြင့်သာမဟုတ်ဘဲ နှလုံး၏အနက်ရှိုင်းဆုံးအပိုင်းမှ ဘုရားသခင်ကို ရှာရန်ဖြစ်သည်။ သခင်ယေရှုက “ငါဟာ တံခါးဝမှာ မရှိတော့ဘူး၊ တံခါးကို ကျော်လာပြီ။ မကြာမီငါလာမည်။ ငါလာဖို့နီးပြီ။ ငါ့လူတွေ လမ်းဟောင်းတွေကို ပြန်လာဖို့ ပြောပါ” ဟုပြောပါသည်။
ယနေ့ အသင်းတော်သည် လမ်းဟောင်း များသို့ပြန်လာရပါမည်။ လမ်းဟောင်းဆိုသည်မှာ ကျွန်ုပ်တို့သည် စိတ်အားပြင်းပြစွာဖြင့် ဘုရားသခင်ကို ရှာခြင်းကို ဆိုလိုပါသည်။ တံပိုးမှုတ်သောအခါ ကျွန်ုပ်တို့သည် သခင်ဘုရားနှင့် ဆုံတွေ့ရန် အသင့်ဖြစ်နေရပါမည်။ အလွန်အံ့သြပျော်ရွှင်ဖွယ် အချိန်ဖြစ်ပါမည်။


သခင်ယေရှု၏အရေးပေါ်သတင်းစကား
အင်ဂျလီကာရှေ့တွင် စကားပြောနေခြင်း
သခင်ယေရှုက “သမီး - အဲဒီနေ့ရက်တွေမှာ သန့်ရှင်းသော ဝိညာဉ်တော်ဟာ ကမ္ဘာမြေကြီး ပေါ်မှာ မရှိတော့ဘူး။ အဲဒီနေ့ ရက်တွေမှာ မြေကြီးပေါ်မှာ မရှိတော့ဘူး” ဟု ပြောပါတယ်။(၂သက်သလောနိတ် ၂း၇)
ကျွန်မလည်း ယာဉ်တွေ အများကြီးတွေ့ရပါတယ်။ မတော်တဆ ထိခိုက်မှုတွေ များစွာ တွေ့ရပါတယ်။ လူအများဟာ ကိုယ့်ကိုကိုယ်သတ်သေချင်ကြတယ်။ ဒါပေမယ့် သခင်ယေရှုက “သူတို့ဟာ သေခြင်းကို ရှာမယ်။ ဒါပေမယ့် သေခြင်းက လူသားတွေထံက ထွက်ပြေးသွားလိမ့်မယ်။ အဲဒီကာလ အတောအတွင်းမှာ သေခြင်းဆိုတာ မရှိတော့ဘူး” လို့ပြောပါတယ်။ (ဗျာဒိတ် ၉း၆)။ T.V နဲ့ မဂ္ဂဇင်းတွေမှာ “လူထောင်ပေါင်းများစွာ ပျောက်ကွယ်သွားသည်” ဆိုတဲ့ သတင်းကို လူအများကြည့်နေ ၊ ဖတ်နေကြတာကို ကျွန်မ တွေ့ရပါတယ်။ ခရစ်တော်က သူရဲ့ သန့်ရှင်းတဲ့လူတွေကို လာ ခေါ်သွားပြီ ဆိုတာ လူများစွာက သိပြီးဖြစ်ပါတယ်။ သခင်ယေရှုကို သိသော်လည်း ကျန်ရစ်ခဲ့ တဲ့လူတွေဟာ လမ်းတလျှောက် ငိုကြွေး သွားကြတယ်။ သူတို့ကိုယ်သူတို့ သတ်သေချင်ပေမယ့် ဘာမှ မလုပ်နိုင်ပါဘူး။ ကျွန်မ ကောင်းကင်ဘုံမှာရှိစဉ် သခင်ယေရှုက “ငါဟာ သန့်ရှင်းတဲ့ လူစုကို ခေါ်ဖို့လာမယ်။ ငါ့ရဲ့အသင်းတော်ကို ခေါ်ဖို့ မကြာမီ ငါလာမယ်” လို့ ပြောပါတယ်။
ဒါပေမယ့် လွန်ခဲ့သော နှစ်ပါတ်မှာ သခင်ယေရှုက ကျွန်မကို “သမီး၊ သင်ယခု လုပ်နေတဲ့အရာ တွေ အတွက် ငါဝမ်းမြောက်တယ်။ သမီးကို ငါပေးထားတဲ့တာဝန်ကို သမီးထမ်းဆောင်နေတဲ့အတွက် ဝမ်းမြောက်တယ်။ ဒါပေမယ့် ငါမကြာမီ လာတော့မယ်လို့ ငါ့လူတွေကို မပြောနဲ့တော့။ ငါအခုပဲ လာနေပြီလို့ ပြောပါ။ ငါ့လူတွေကို ငါအခုပဲ လာနေကြောင်း၊ သန့်ရှင်းတဲ့လူစုကို ခေါ်ဖို့ လာနေကြောင်းပြောပါ။ သန့်ရှင်းတဲ့လူကိုပဲ ခေါ်မယ့်အကြောင်း ငါ့လူတွေကိုပြောပါ။ ပြီးတော့ တိတ်ဆိတ်စွာ မနေပါနဲ့။ ငါသင့်ကို ပြောခဲ့တဲ့အရာတွေကို ဆက်လက်ပြီး ကြေညာပါ” ဟု ပြောပါသည်။

အင်ဂျလီကာ ပရိတ်သတ်နှင့်အတူ ဆုတောင်းခြင်း
လူတိုင်းမျက်စိမိတ်ထားပါသည်။ သင့်ညာလက်ကို သင့်နှလုံးသားပေါ်မှာ သင်ထားပါ။ သင့်ဘယ်လက် ကို မြှောက်လိုက်ပါ။ ငိုချင်စိတ်ရှိရင် ငိုပါ။ အခုသင့်နှလုံးသားထဲမှာ သင်ခံစားရတဲ့ အရာတွေကို ဘုရားသခင်ကိုပြောလိုက်ပါ။ သခင်ယေရှုကို လက်ခံချင်တဲ့လူတွေ ကျွန်မနောက်ကနေလိုက်ပြီးဆိုပါ။
“သခင်ယေရှု၊ ကိုယ်တော်၏ မေတ္တာနှင့် ကရုဏာတော်အတွက် ကိုယ်တော်ကို ကျေးဇူးတင် တယ်။ ယနေ့ ကျွန်ုပ်ရဲ့ နှလုံးသားကို ထိတွေ့တဲ့နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါတယ်။ အဘ - ကျွန်ုပ်ကို ခွင့်လွှတ် တော်မူပါ။ ကိုယ်တော်ရဲ့ အဘိုးထိုက်တန်လှတဲ့အသွေးနဲ့ ကျွန်ုပ်ကို ဆေးကြောပေးပါ။ ကျွန်ုပ်ရဲ့ နာမည်ကို အသက်စာ စောင်ထဲမှာ ရေးပေးတော်မူပါ။ ကိုယ်တော်ရဲ့ သားသမီးအဖြစ် ကျွန်ုပ်ကို လက်ခံတော်မူပါ။ ယခုပင် ကျွန်ုပ် ခွင့်မလွှတ်နိုင် သေးသောသူဘယ်သူမဆို ကျွန်ုပ်ခွင့်လွှတ်ပါ၏။ ကျွန်ုပ်ခွင့်မလွှတ်ခဲ့သည့် အပြစ်ကိုလည်း စွန့်လွှတ်လိုက်ပါ၏။ ဝိညာဉ်တော်စီးဆင်းဖို့ အတားအဆီးဖြစ်ခဲ့တဲ့ အရာအားလုံးကိုလည်း စွန့်လွှတ်ပါ၏။ ကျွန်ုပ်ကို ပြုပြင်ပြောင်းလဲပေးတော် မူပါ။ ကိုယ်တော် ကျွန်ုပ်နှင့် အတူရှိနေကြောင်း နေ့စဉ် ခံစားရစေပါ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၊ ကျေးဇူးတင်ပါ၏။ သခင်ယေရှု နာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်း။

အင်ဂျလီကာ

ဒီသက်သေခံချက်ဟာ လိမ်လည်ပြောတာ မဟုတ်ပါဘူး။ နောက်ပြောင်တဲ့ စကားလည်းမဟုတ်ပါဘူး။ ပုံပြင်လည်မဟုတ်ပါဘူး။ အိမ်မက်လည်း မဟုတ်ပါဘူး။ ငရဲဆိုတာ အစစ်အမှန်ဘဲ။ ငရဲတကယ်ရှိတယ်။ မယုံတဲ့သူ ဘယ်သူမဆိုကို ကျွန်မပြောချင်ပါတယ်။ ငရဲတကယ်ရှိပါတယ်။ ငရဲဟာ ဘယ်လောက်အထိ အမှန်တကယ်ရှိတယ်ဆိုတာ ကို ဖော်ပြဖို့ စကားလုံးတောင် မရှိတော့ပါဘူး။ သင့်ကိုယ်တိုင် တွေ့ကြုံခံစားရစေချင်ပါတယ်။

အဖြစ်အပျက်ပြန်ပြောသူနှင့် အင်ဂျလီကာ စကားပြောခြင်း
အချိန်ရောက်တော့မယ်။ ဖြစ်လာတော့မည့် အရာတွေကို လူသားတွေကို ဖွင့်ပြဖို့ ဘုရားသခင်က နမိတ်လက္ခဏာတွေကို ခွင့်ပြုနေတယ်။ အပြစ်စီရင်ခြင်းခံရတဲ့အခြေအနေမှာ ရှိမနေပါနဲ့။ စာတန်က ဒါကိုပဲလိုချင်တယ်။ ငရဲကို သွားတဲ့ လှိုင်ခေါင်းမှာ ကျွန်ုပ်လျှောက်နေပြီလား။ မိမိကိုယ်ကို မေးပါ။ ဒီကနေ့ဟာ ကယ်တင်ခြင်းပေးတဲ့ နေ့ဖြစ်တယ်။ ဒီနေ့ဟာ သင့်ကို ကယ်တင်တဲ့ သခင်ယေရှုကို သင့်အသက်တာအထဲမှာ ဖိတ်ခေါ်ရမယ့်နေ့ဖြစ်တယ်။
သင်ပြောရမယ့်စကားက ရိုးရိုးလေးနဲ့ တကယ်အရေးကြီးတဲ့ စကားဖြစ်တယ်။ “သခင်ယေရှု၊ ကိုယ်တော့်ကိုကျွန်ုပ်ရဲ့ အရှင်သခင်နဲ့ ကျွန်ုပ်ရဲ့ တစ်ပါးတည်းသော ကယ်တင်ရှင်အဖြစ် ကျွန်ုပ်လက်ခံပါတယ်။ ကျွန်ုပ်ရဲ့ အသက်တာနဲ့ စိတ်ဝိညာဉ်ကို ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်ပါတယ်။ ကိုယ်တော်နဲ့အတူ ထာဝရကာလပတ်လုံး ကျွန်ုပ်နေချင်ပါတယ်” လို့ပြောနိုင်ပါတယ်။
သင်ရင်ဆိုင်ရမည့် နောက်ဆုံးအနာဂါတ်အခြေအနေကို ရွေးပါ။ အသက်ရှင်ခြင်းလား၊ စာတန်လား။ ရှင်းပါတယ်။ သင် သခင်ယေရှု နှင့် သက်ဆိုင်တာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် စာတန်နှင့် သက်ဆိုက်တာဖြစ်ပါတယ်။ သင်မှန်တာ လုပ်ရင်လုပ်၊ မလုပ်ရင် သင်အမှားလုပ်နေတာ ဖြစ်တယ်။ သင်ရင်ဆိုင် ရမည့် နောက်ဆုံးအနာဂါတ်ကို ရွေးပါ။ ထားဝရ အသက်လား။ ငရဲမီးအိုင်လား။ ဒီအကြောင်းကိုစဉ်စားပါ။ အခု ဆုံးဖြတ်ပါ။ သခင်ယေရှုခရစ်ဟာ လက်ဝါးကပ်တိုင် ပေါ်မှာ ကျွန်ုပ်တို့တစ်ယောက်စီအတွက် ကျွန်ုပ်တို့အပြစ် အတွက် အသေခံပေးပါတယ်။ သူ့ရဲ့ကရုဏာတော်နဲ့ သင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးပေးနေပါတယ်။ ခရစ်တော်ကို သင့်ရဲ့ တစ်ပါးတည်းသော ကယ်တင်ရှင် အဖြစ်လက်ခံပါ။



ကျမ်းညွန်းချက်များ

ဗျာဒိတ်၊ ၁၉း၉ - ကောင်းကန်တမန်ကလည်း၊ သိုးသငယ်၏မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်း ကိုခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍င်း၊ ဤစကားသည် ဘုရားသခင်၏   နှုတ်ထွက်စင်စစ်ဖြစ်၏ ဟူ၍၄င်း ငါ့အား ပြောဆို၏။

ဗျာဒိတ်၊ ၂၀း၁၅ - အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။

ဗျာဒိတ်၊ ၂၁း၎ - ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။

ဗျာဒိတ်၊ ၂၁း၁ - ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။

ဗျာဒိတ်၊ ၂၁း၈ - ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက် ကိုသတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သော သူအပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူ သောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘိုကိုရကြလိမ့်မည် ဟူ၍၄င်း ငါ့အားမိန့်တော်မူ၏။

**‘‘မည်သည့် ရုပ်တုမဆို ကိုးကွယ်သူ တစ်ဦးမျှ ’’ ကောင်းကင်နိုင်ငံတော်ကို အမွေမခံရပါ။**
ထွက်မြောက်ရာကျမ်း ၂၀း၎-၅ ၊ အထက် မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ - ဦးမချဝတ်မပြုနှင့်။ အကြောင်း မူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသော သူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်သောဘုရား။

ဗျာဒိတ်၊ ၂၁း၂၁ ၊ တံခါးရွက် တဆယ်နှစ်ရွက်အသီးသီး တို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင် သောဖန်ကဲ့ သို့သော ရွှေစင်ဖြစ်၏။

ဗျာဒိတ်၊ ၂၁း၂၇ ၊ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရ ဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင် ဝင်ရ၏။

ဗျာဒိတ်၊ ၂၂း၇ ၊ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။

ဗျာဒိတ်၊ ၂၂း၁၁ ၊ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။

ဗျာဒိတ်၊ ၂၂း၁၂ ၊ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။

ဗျာဒိတ်၊ ၂၂း၁၃-၁၅ ၊ -ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ - အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ - ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။


Myanmar Intercessors’ Network
မှ ထုတ်ဝေသည်။