Friday 13 January 2012

ဘ၀သံသရာလည်ခြင်း ရှိမရှိ သုံးသပ်ချက်များ


ဘ၀သံသရာလည်ခြင်း ရှိမရှိ သုံးသပ်ချက်များ       
Dr. Alvin A.Low က ဘ၀သံသရာလည်ခြင်း ရှိမရှိကို အောက်ပါနည်း(၃)မျိုးဖြင့် သုံးသပ်ထားပါဝသည်။
                   (၁) အသက်ရှင်သောသူကို မေးမြန်းခြင်း
                   (၂) သေသောသူကို မေးမြန်းခြင်း
                   (၃) သေပြီးမှ ခန္ဓာကိုယ်စစ်စစ်ဖြင့် ရှင်ပြန်ထမြောက်သော သူကို မေးမြန်းခြင်းတို့ ဖြစ်ပါသည်။

၁။     အသက်ရှင်သူကို မေးမြန်းခြင်း
                  
                   လူတစ်ဦးတစ်ယောက် သေပြီးသောအခါ ဘ၀သံသရာလည်ခြင်းရှိမရှိကို သိနိုင်ရန် ပထမဆုံး သော စမ်းသပ်ချက် (နည်းလမ်းမှာ) “အသက်ရှင်သူကို မေးမြန်ခြင်း” ဖြစ်ပါသည်။ ထိုသို့ မေးသောအခါ ထိုသူ သည် မည်မျှပင်ပညာတတ်ထားသော်လည်း၊ မည်မျှတန်းခိုးကြီးမားသော်လည်း၊ မည်မျှပင် အတွေးအခေါ်အ မြော်အမြင်ရှိသော်လည်း အဖြေမှန်ကို ပေးနိုင်မည်မဟုတ်။
                   အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင် မသေခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထိုသို့မသေခဲ့ဖူးပါ လျက် တမလွန်ဘ၀၏အခြေအနေများကို ပြောပြ၍ရေးသားပါက စိတ်ချအားကို၍မရနိုင်ပါဟု ဆိုသည်။ ၎င်းအပြင် သေခြင်းအတွေ့အကြုံမရှိပါဘဲလျက် တမလွန်ဘ၀ကြောင်းကို ဟောပြောခဲ့သောသူသည် တစ်ဆင့်ခံ ပုံပြင်မျှသာဖြစ်၍ တကယ့် ဘာသာရေးသမားများအတွက် လုံးဝ အာမခံချက် မရ ရှိနိုင်ပါဟုဆိုသည်။
                   လူတစ်ဦးတစ်ယောက်၊ မည်မျှပင်ပညာတတ်၍၊ အကြားအမြင်ရှိပါလေစေ၊ အခြားလူတစ်ဦး တစ်ယောက်၏ ဘ၀ဆုံးခန်းတိုင်အောင် ကြုံတွေ့ရမည့် အခက်အခဲများ၊ အောင်မြင်မှုရမည့် အလားအလာများ၊ သေဆုံးရမည့်နေရက်များကို အသေးစိတ်အောင် မသိနိုင်မဟောနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အသက်ရှင် သောသူ မှန်သမျှတို့သည် တမလွန်ဘ၀အတွက် မဆိုထားဘိ၊ မနက်ဖြန် ဖြစ်ပျက်ရမည့် အရာများကိုပင်သိရှိ နားလည်သောသူ တစ်ဦးတစ်ယောက်မျှဤလောကတွင်မရှိပေ။ သို့ဖြစ်၍ တမလွန်ဘ၀အတွက် “အသက်ရှင် သောသူကို မေးခြင်း” သည် မျက်ကန်း အချင်းချင်း အားကိုးသကဲ့သို့သာ ဖြစ်သည်ဟု ဆိုသည်။

၂။     သေသောသူကို မေးခြင်း

                   ဒုတိယစမ်းသပ်ချက် (နည်းလမ်း) မှာ သေသောသူကို မေးခြင်းဖြစ်သည်။ လူများစွာတို့သည် နတ်ကတော်မှ တဆင့် သေသောသူတို့၏ အကြောင်းကို မေးလျက်ရှိကြ၏။ သို့သော် နတ်ကတော်များ၏ ပြောဆိုချက်များသည် မှန်တ၀က် မမှန်တ၀က် ဖြစ်နေကြပါသဖြင့် စိတ်ချယုံကြည်နိုင်သည်ရှိသော် လူသတ် သမားများကို စုံစမ်းရန် ရဲများ၊ စုံထောက်များထားရှိရန်လိုအပ်တော့မည်မဟုတ်။ မည်သူမည်ဝါက သူ့ကို သတ်ကြောင်း၊ သေသောသူက ပြောပြပါလိမ့်မည်။ သို့သော် သေသောသူက သူ့ကိုသတ်သောသူ ဖေါ်ပြပြောဆို နိုင်သောလူသေဟူ၍ ယနေ့တိုင်အောင် မရှိသေးပါ။ သို့ဖြစ်၍ သေပြီးသောသူများ၊ လူဝင်စားဖူးသည်ဟု ပြောဆိုသောသူများ၏ ပြောဆိုချက်သည်လည်း တရားလည်းမ၀င် ယုံ၍လည်းမရပါ။ ယုံကြည်ကိုးစားမိပါက ယုံကြည်ကိုးစားသောသူ၏ မဟာအမှားဖြစ်သည်ဟု ဆိုသည်။

၃။     သေပြီးမှ ခန္ဓာကိုယ်စစ်စစ်ဖြင့် ရှင်ပြန်ထမြောက်သောသူကို မေးခြင်း

                                တတိယစမ်းသပ်ချက် (နည်းလမ်း) မှာ အကောင်းဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်၌၊ သေလည်းသေဖူး၍ သဂြိုလ်ခြင်းကိုလည်းခံဖူးကာမိမိခန္ဓာကိုယ်စစ်စစ်ဖြင့်ပြန်လည် ထမြောက်ခဲ့ သော ပုဂ္ဂိုလ်လည်းဖြစ်သည်။ လူဝင်စားဖူးသည်ဟုပြောဆိုသော ပုဂ္ဂိုလ်မျိုးမဟုတ်။ လူဝင်စားဖူးသည်ဟု ပြောဆိုသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ခန္ဒာကိုယ်စစ်စစ်(Original body) ဖြစ်သော ဓာတ်တော် (အသွေးအသား)၊ ဆံတော်(ဆံပင်)၊ အံသွား(သွား)၊ နံတော်(နံရိုး) များတို့ကို မြေမှာကြွေကျကျန်ရစ်ခံ့ကြပြီဖြစ် ပါ၍ ဘ၀သံသရာလည်ခြင်းရှိသည်၊ လူဝင်စားခြင်းရှိသည်ဟု ပြောဆိုသော်လည်း တကယ့်ဘာသာရေးသမား များအတွက် စိတ်ချအားကိုး၍မရတော့ပေ။ တရားလည်း မ၀င်တော့ပေ။ အာမခံချက်လည်း မရှိတော့ပေ။ ထီထိုး၍ မျော်လင့်ကြီးစွာဖြင့် စောင့်ဆိုင်းနေရသော်လည်း ထီမပေါက်သောသူနှင့်သာတူကြမည်ဖြစ်သည်။ တနည်းအားဖြင့်           ဤသို့ယုံကြည်ခြင်းသည်မျိုးသည် စာတန်မာရ်နတ်က သူနှင့်ငရဲသွားရန်လိမ်လည်ခြင်း သက်သက်ဖြစ်သည်ဟု ဆိုသည်။
(၂သက် ၂း၉-၁၂)
                   “ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင် သော တန်းခိုး၊ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုမျိုးနှင့်၎င်း၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌မွေ့လျော်သောစိတ်ကိုမခံမယူကြ။ ထို့ကြောင့်သမ္မာတရားကို မယုံဘဲ မတရား သော အမှု၌ မွေ့လျော်သောသူ အပေါင်းတို့သည် တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်” ဟုလာသတည်း။
                   သို့ဖြစ်၍ ဘ၀သံသရာလည်ခြင်း ရှိမရှိကို အသိဆုံးသော ပုဂ္ဂိုလ်မှာ ယေရှုဘုရား တပါးတည်း သာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်၌ သေလည်းသေခဲ့ဖူးသည်။ သဂြိုလ်ခြင်းကိုလည်း ခံဖူးသည်။ (၃)ရက်မြောက်သောနေ့၌ မိမိခန္ဓာကိုယ်စစ်စစ်ဖြစ်သော ဓာတ်တော် (အသွေးအသား)၊ ဆံတော်(ဆံပင်)၊ အံသွား(သွား)၊ နံတော်(နံရိုး) များ တစ်ခုမကျန်ဖြင့် ရှင်ပြန်ထမြောက်ကာ ဘ၀သံသရာလည် ခြင်းမရှိကြောင်း ရက်ပေါင်း(၄၀)အတွင်း ဤလောက၌ လုသိရှင်ကြား လှည့်လည်ဟောကြားခဲ့သည်။
(ဟေဗြဲ ၉း၁၇)
                   အကယ်၍ ဘ၀သံသရာလည်ခြင်းရှိပါက ယေရှုဘုရားသည် လောကလူသားများကို ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ တစ်ခါအသေခံခဲ့ပြီးဖြစ်သော်လည်း လုံလောက်မှုရှိမည် မဟုတ်။ လူတစ်ယောက် နွားဘ၀ ရောက်သည့်အခါ ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ တစ်ခါအသေခံရန် လိုအပ်ဦးမည်ဖြစ်ပါသည်။ ခွေးဘ၀ရောက်သည့်အခါ၊ ကြောင်ဘ၀၊ ကျားဘ၀၊ ကြက်ဘ၀၊ ပုရွက်ဆိတ်ဘ၀၊  လူ့ဘ၀မှအစရောက်လေမျှ သောဘ၀တိုင်းအတွက် အထပ်ထပ်အခါခါအသေခံရန် လိုအပ်ဦးမည် ဖြစ်ပါသည်။
                                သို့သော် မာန်(၅)ပါးကို အောင်မြင်သော ယေရှုဘုရား၊ သေခဲ့ဖူးသော ယေရှုဘုရား၊ သဂြိုလ်ခြင်းကို ခံခဲ့ဖူးသော ယေရှုဘုရား၊ ရှင်ပြန်ထမြောက်သော ယေရှုဘုရားက ဘ၀သံသရာ လည်ခြင်းမရှိပါသဖြင့်(ဟေဗြဲ ၉း၁၈၊ ရှင်လုကာ၁၆း၃၁)သင်တို့အဘို့လက်ဝါးကပ်တိုင်၌ ငါတစ်ခါအသေခံ ကယ်တင်ခြင်းသည် ထာဝစဉ် အတွက်လုံလောက်ပေ၏ဟု သမ္မာကျမ်းစာတွင် မန့်ဆိုကာ အာမခံချက် အပြည့်အ၀ ပေးထားပါသည်။ (ယော ၃း၁၈-၃၆)
                   မိတ်ဆွေ ဤစာအုပ်ကို ဖတ်ရင်း မေးခွန်းတစ်ခုကို မေးမြန်လိုမည်ဟု ကျွန်ုပ်ထင်မိပါသည်။ ယင်မေခွန်းမှာ လူဝင်စားခြင်းမရှိပါက အဘယ့်ကြောင့် အချို့သောကလေးများသည် စကားပြောခါစတွင် ယခင်ဘ၀ဟောင်းကို  ပြောပြနိုင်ပါသနည်းဟူသော မေးခွန်ဖြစ်ပါသည်။
                   ဤမေးခွန်းကို ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ သမ္မာကျမ်းစာတွင် အဖြေမှန်ကို ကောင်းကောင်းရှင်းပြပါသည်။ ယင်းအဖြေမှာ စာတန်မာရ်၏လိမ်ညာမှုသက် သက်သာ ဖြစ်ကြောင်းတွေ့ရပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက်၊ နောက်ဆုံးတွင်း လူကို ဖန်ဆင်းခဲ့ကြောင်း သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ ထိုလူုဇနီးမောင်နံ၏နာမည်မှာ အာဒံနှင့် အင်းဝတို့ ဖြစ်ကြပါသည်။ ၎င်းတို့ဇနီးမောင်နံကို သစ်သီးဝလံပေါများကြွယ်ဝသောဧဒင်ဥယျာဉ်၌ နေထိုင်စေခဲ့သည်။ ထိုးအချိန်တွင် ဘုရားသခင်က အာဒံနှင့် အင်းဝတို့အား ပညတ်တစ်ခုပေးထားခဲ့ကြောင်း သမ္မာကျမ်းစာတွင် တွေ့ရပါသည်။
                   ထိုပညတ်မှာ ဥယျာဉ်ထဲတွင် ရှိသမျှသော သစ်သီးဝလံအားလုံးကိုစားနိုင်သော်လည်း “ဥယျာဉ်၏ အလယ်၌ရှိသော ကောင်းမကောင်းပိုင်းခြားတတ်သည့် အပင်၏ အသီးကိုမူ မစားရ” ဟူသောပညတ်ဖြစ်ပါသည်။ ထိုအချိန်တွင် စာတန်မာရန်နတ်သည် မြွေကို အသုံးပြုလိမ်ညာခဲ့ဖူးကြောင်း မြွေ၏ ပါးစပ်ကို အသုံးပြု၍ စကားပြောခဲ့ဖူးကြောင်း သမ္မာကျမ်းစာတွင် ဤကဲ့သို့ အတိအလင်းဖေါ်ပြထားပါသည်။
ကမ္ဘာဦးကျမ်း၃း၁-၇        
                                  မြွေသည် ထာဝရဘုရားရှင်ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန်တကာ တို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော ဟုမေး၏။ မိန်းမက ငါတို့သည် ဥယျာဉ်၌ ရှိသောအပင်တို့၏ အသီးကို စားရသော အခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏ အသီးကိုကား သင်တို့သည် မကိုင်မစားပဲ နေကြလော့။ သို့မဟုတ်သေရမည်ဟု ဘုရားသခင်းအမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေက သင်တို့သည် ဧကန်အမှန်သေရမည် မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်း လျက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်မအား ဆို၏။ ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ နှစ်သက်ဖွယ် သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကိုယူ၍ စားမိ၏။ မိမိခင်ပွန်းအားလည်းပေး၍ သူလည်းစား၏”  ဟု သမ္မာကျမ်းစာတွင်တွေ့ရသည်။ သို့ဖြစ်၍ စာတန်မာရ်နတ်သည် ဧဝကို လိမ်ညာရန် မြွေ၏ပါးစပ်မှ စကားပြောဖူးကြောင်း သက်သေ အထောက်အထား သမ္မာကျမ်းစာတွင်တွေ့ရသည်။
                                  ထိုနည်းတူစွာ အချို့သောကလေးငယ်များသည် စကားပြောခါစတွင် ယခင်ဘဝဟောင်းသဖွယ် ပြောဆိုတတ်ကြပါသည်။ ထို့ကြောင့် လူဝင်စားခြင်း၊ ဘဝသံသရာလည်ခြင်းရှိသည် ဟု ခရစ္စယာန်မဟုတ်သော ဓမ္မမိတ်ဆွေက ယုံမှားတတ်ကြပါသည်။ ဤလူဝင်စားခြင်းသည် ပထမဆုံးသောလူ မိန်းမ ဧဝ ကြုံတွေ့ခဲ့ဖူးသော စာတန်မာရ်နတ်၏ လိမ်ညာမှုမျိုးပင်ဖြစ်သည်။ စာတန်မာရနတ်သည် မုသာ၏ ဖခင် ဖြစ်၍ လောကလူသားများရှိနေသ၍ ဆက်လက်လိမ်ညာဦးမည် ဖြစ်ကြောင်းသမ္မာကျမ်းစာတွင် တွေ့ရပါသည်။ (ယောဟန် ၈း၄၄)
                                  ပထမဆုံးသောမိန်းမ ဧဝအား လိမ်ညာရန် စာတန်သည်မာရ်နတ်သည် မြွေကို အသုံးပြု၍ “ကောင်းမကောင်း သိတတ်သောအပင်၏ အသီးကိုစားပါက သေရမည်မဟုတ်၊ စားသောနေ့၌ မျက်စိပွင့်လင်းလျှက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော် မူသောကြောင့် တားမြစ်ထားခြင်းသာဖြစ်သည်ဟု လိမ်ညာခဲ့ရာမှ ယုံမိ၍ စားကြရာ ထိုနေ့မှစ၍ လူသားများ အပြစ်သားဘဝသို့ ရောက်ရှိပြီး ဖျားရ၊ အိုရ၊ သေရရုံမက နောက်ဆုံး၌ ငရဲသို့ပါ ရောက်ကြရကြောင်း သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ အာဒံနှင့်အင်းဝတို့၏ လိမ်ညာခံရမှုသည် ကျွန်ုပ်တို့်အားကြီးမားသော တမလွန် ဘဝအတွက် ဘဝသင်ခန်းစာကို ဖြစ်စေခဲ့ပါသည်။
                                  ယခုတွင် စာတန်မာရ်နတ်၏ ဒုတိယလိမ်ညာမှုမှာ တိရိစ္ဆာန်ဖြစ်သော  မြွေကို အသုံးမပြုတော့ဘဲ လူဝင်စားခဲ့ဖူးသယောင်ယောင်ဖြင့် ကလေသူငယ်များ၏ ပါးစပ်ကို လှည့်စားပြန်ပါသည်။ စာတန်မာရ်နတ်သည် လူကိုမဖန်ဆင်းနိုင်ပါ။ သေသောသူကိုလည်း ရှင်ပြန်ထမြောက်ခြင်းမပေးနိုင်ပါ။ သို့သော် ကျန်သောအရာအားလုံးနီးပါးကို ဘုရားသခင်ကဲ့သို့ပင် လုပ်နိုင်ကြောင်း သမ္မာကျမ်းစာတွင်တွေ့ရပါသည်။ ထို့ကြောင့် ကလေးသူငယ်တစ်ယောက်၏ စကားပြောခါစတွင် “လူဝင်စားဖူးသယောင်ယောင်ဖြင့်”  စကားပြော စေကာ လိမ်ညာခဲ့ပြန်ပါသည်။ အမှန်မှာ လူဝင်စားခြင်း၊ ဘဝသံသရာလည်ခြင်း လုံးဝမရှိကြောင်းကို သေလည်းသေခဲ့ဖူး၍၊ သဂြိုလ်ခြင်းကိုလည်းခံခဲ့ဖူးကာ၊ မိမိခန္ဓာကိုယ်စစ်စစ်ဖြင့်ပြန်လည်ထမြောက်ခဲ့သော ယေရှုဘုရားက သမ္မာကျမ်းစာတွင် အာမခံချက် အပြည့်အဝဖြင့် ခုင်လုံစွာ ဖော်ပြထားပါသည်။(လုကာ ၁၉း၃၁။ ။ ဟေဗြဲ ၉း၂၆-၂၈)
                                  သို့ဖြစ်၍ သံသရာလည်ခြင်း ရှိမရှိကို အသက်ရှင်သော သူကိုမေးမြန်းခြင်း၊ သေသောသူကို မေးမြန်းခြင်း၊ သေပြီးရှင်ပြန်ထမြောက်သောသူကို မေးမြန်းခြင်း ဟူသော ဤနည်း(၃)မျိုးဖြင့် တိကျမှန်ကန်စွာ ဖြေရှာ၍ရကြောင်းကို Dr.Alvin A.Low က ရေးသားခဲ့ပါသည်။


No comments:

Post a Comment