Friday 13 January 2012

အထဲမှာမနေချင်ဘူး

အထဲမှာမနေချင်တဲ့သူ

တစ်ခါတစ်ရံ မွန်းကြပ်ပိတ်လှောင်သော ဘသထဲမှ ထွက်သွားလိုသည့် စိတ်ကူများရှိလာသည် ဆိုပါစို့။ ဒီ tutorial ကသင့်စိတ်ကူကို အကောင်အထည်ပြု အသက်သွင်းပေးပါလိမ့်မည်။
၁) သို့အတွက် လိုအပ်သောဓာတ်ပုံကိုဖွင့်ပါ။
၂) Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။
ပထမဦးစွာသင်လိုအပ်သော Foreground color ကို set လုပ်ပါ။ ထို့နောက် Rectangular Marquee တစ်ခ်ုဆွဲပါမည်။ သင်လိုအပ်သော အနေအထားကိုရလျှင် (Alt+Delete) ဖြင့် Fill လုပ်ပါ။
၃) Layer Palette မှနေ၍ Layer Opacity ကိုလျှော့ပါ။ အောက်မှ Background Layer ကိုမြင်ရမည်ဖြစ်သည်။
၎) နောက်ထပ် Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ၊ ပြီးလျှင် (Edit>Stroke) ကိုဝင်ပါ။ Stroke Width =5 , Location = inside ဖြင့် Stroke တစ်ခုဆွဲပါမည်။
ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။
၅) ထို Layer ကို Style တစ်ခုထည့်ပါမည်။ Style Palette ကို F6 နှိပ်ပြီးအလွယ်တကူဖွင့်နိုင်ပိတ်နိုင်ပါသည်။ ထို Style များထဲမှ သင့်တော်သော Style တစ်ခုကိုရွေးပါ။
ထို Style ထည့်ထားသော Layer နှင့် သူ့အောက်မှ Layer ကို Link လုပ်ပါ။
၆) ပြီးလျှင် (Edit>Transform>Perspective) ဖြင့် သဘာဝကျကျ အဝေးအနီးသဘောမျိုးကိုဖန်တီးပါ။ ပြီးလျှင် မိမိထည့်သွင့်လိုသော အနေအထားရောက်အောင် ရွေ့ပါ။ ပုံအတိုင်းအဆင့်ဆင့်တွေ့ရမည်။
၇) အပေါ်ဆုံးမှ Style ထည့်ထားသော Layer ကို မျက်လုံးလေးအားမှိတ်ပြီးခဏဖျောက်ထားပါမည်။ ပြီးလျှင်အောက်ဆုံးမှ Background Layer ကို Select လုပ်ပါ။ ပုံအတိုင်းတွေရမည်။
၈) Lasso tool ဖြင့် မိမိအပြင်ထွက်စေလိုသော လူရဲ့ Body Outline ကိုရွေးပါ။ ရွေးပြီးသား selection အပေါ် ထပ်တိုးလိုပါက Lasso Tool ကို Shift ဖြင့် တွဲသုံးရမည်ဖြစ်ပြီး လျှော့လိုပါက Alt key ဖြင့်တွဲသုံးပါ။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။
၉) Ctrl+J ကိုနှိပ်ပါ။ Background Layer အပေါ်တွင် Duplicate လုပ်ထားသော Layer တစ်ခုပေါ်လာသည်ကိုတွေရမည်။ ထို Layer ကိုအပေါ်ဆုံးရှိ မျက်လုံးမိတ်ထားသော Layer အထက်သို့ရောက်အောင် Drag ဆွဲတင်ပါ။ ပုံအတိုင်းတွေ့ရပါမည်။
၁၀) Ctrl ကိုဖိပြီး Background Layer အပေါ်ရှိ Opacity လျှော့ထားသော Layer ကို Click လုပ်ပါ။ Object Outline အတိုင်း Marfquee Selection တစ်ခုပေါ်လာမည်။ ပြီးလျှင် (Select>Inverse) သို့မဟုတ် (Shift+Ctrl+I) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။
၁၁) ထို့နောက် အောက်ဆုံးမှ Background Layer ကို select လုပ်ပါ။ တဆက်တည်း မိမိ Fill လုပ်လိုသော foreground color ကို ရွေးပါ။
ထို Selection ကို (Alt+Delete)နှိပ်၍ဆေးခြယ်ပါ။ ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်ဖြစ်သည်။
၁၂) Opacity လျှော့ထားသော Layer ကို Delete လုပ်ပစ်ပြီး Style ထည့်ထားသော Layer ကိုပြန်ဖွင့်လိုက်လျှင် ပုံအတိုင်းတွေရမည်ဖြစ်သည်။
၁၃) အချောသတ်အနေဖြင့် Stamp Tool ကိုအသုံးပြုပြီး လိုအပ်သော ရေစက်ရေမှုန် ရေလှိုင်းတွေကို ကူယူပြီး လိုအပ်တာတွေ ဖြည့်လိုက်လျှင်တော့ ပုံအတိုင်းသေသပလှပသဘာဝကျတဲ့ အနေအထားကိုရရှိမှာပါ။
အောက်မှာဒီ tutorial က Idea အတိုင်းဖန်တီးထားတဲ့ ပုံတွေကိုနမူနာလေ့လာရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါအပြင် ကောင်းမွန်ဆန်းပြားတဲ့ အနုပညာဆိုတာ ဖန်တီးသူရဲ့စိတ်ကူနဲ့ စိတ်ရှည်မှုအပေါ်မှာ အခြေခံတယ်ဆိုတဲ့အချက်ကိုလည်းမေ့မထားနဲ့ဦး။

potosop များ

    Home     Tutorials     Search     News     Services     Contact Us  Home Tutorials Special Effect Special Effect 1     ဘယ်ပန်းချီရေးလို့မမီ 2     ဘ၀အပိုင်းအစများ 3     အထဲမှာမနေချင်တဲ့သူ 4     မီးတောက်အသွင် 5     ရေလိုနေတယ် 6     Nature 1 (ဘုရာစူး မိုးကြိုးပစ်) 7     Hazel Nut ပူပူလေး 8     Nature 2 (နှင်းဝေတဲ့ဆောင်း) 9     ပန်းချီကားတစ်ချပ်အား အသက်သွင်းခြင်း 10     Scan Line Pattern 11     သင်္ကြန်မိုး 12     ဆံကေသာရောင်ဆန်းများ 13     ဆေးရောင်လှလှခြယ်ရအောင် 14     ကာတွန်းရုပ်လေး 15     နတ်သမီးလေးလို လှနေလို့   << Start < Prev 1 2 3 Next > End >> Page 1 of 3  © Copyright by team mmphotoshop. All Rights Reserved.  

potosop (မီးတောက်အသွင်)

Home Tutorials Special Effect မီးတောက်အသွင်

မီးတောက်အသွင်

ဒီတစ်ခါ Tutoral ကတော့ မီးတောက်တွေကို ဖန်တီးမှာဇြစ်ပါတယ်။နမူနာအနေနဲ့ မီးတောက် Text တစ်ခုကိုလုပ်ပြထားပါတယ်။ ဒါပေမယ့် စိတ်ကူးကောင်းသလောက် ဘယ်အရာမဆို မီးလောင်တိုက်သွင်းလို့ ရနိုင်ပါတယ်။
၁)ဒီအတွတ် ပထမဦးဆုံး New File တစ်ခုကိုဖွင့်ပါ။ လိုအပ်တဲ့Text နဲ့ Font ကိုရိုက်ပါ။
၂) Layer Style ကို Gradient Overlay ထည့်ပါမည်။ လိုအပ်သောGradient Fill မှာ Orange, Yellow, Orange ဖြစ်သည်။မီးအရောင် ရင့်ရင့် လိုချင်လျှင်တော့ Red, Orange, Red စသည်ဖြင့် သင့်စိတ်ကြိုက်ပြောင်းယူနိုင်သည်။
ပြီးလျှင် Inner Glow လုပ်ပါမည်။
ပြထားသည့်အတိုင်း Color ကို အမည်းရောင်ပြောင်းပြီး Blending Mode ကို Normal သို့ပြောင်းပါ။ Elements Size မှာပုံ၏ ကိုလိုက်ပြီးအပြောင်းအလဲရှိနိုင်ပါသည်။ပြီးလျှင်ပုံအတိုင်းတွေ့ ရပါမည်။
၎) Layer >Duplicate Layer သို့မဟုတ်(Ctrl +J) ကိုနှိပ်ပါ။ Layer Paette တွင်ထို Layer အသစ်ကို Right Click နှိပ်ပြီး Rasterize Layer ကို ရွေးပါ။ ပြီးလျှင် Layer Palette မှမျက်လုံးပုံကို နှိပ်ပြီးအောက်မှ Layer ကို ခေတ္တဖျောက်ထားပါမည်။ အပေါ်မှဖွင့်ထားသော Layer ကို (Image >Rotate Canvas >90 CW) လုပ်ပါ။ ပြီးနောက်(Filter >Stylize>Wind ) ကိုဝင်ပါ။ (Wind , From Lfet) ကို ရွေးပါ။ပုံအတိုင်းတွေ့  ရမည်။ အကယ်မီးတောက်ရှည်ရှည် လုပ်လိုပါလျှင် (Ctrl +F) ကိုနှိပ်ပြီး Wind Filter ကို အထပ်ထပ်ထည့်နိုင် ပါသည်။ ဒီအဆင့်မှာတော့တစ်ခါပဲ Wind Filter ထည့်ပါသည်။
၅) Layer>Rotate Canvas >90 CCW ကိုရွေးပါ။ပြီးလျှင် (Filter>Distort > Ripple)ကိုရွေးပါ။ပုံအတိုင်းတွေ့ ရမည်။
၆) Tool Box မှ Smudge Tool ကိုရွေးပါ။
ထို Smudge Tool jzifh Text ကို မီးတောက်ကဲ့သို့  ဖြစ်အောင် အထက်ဘက်သို့  ပွတ်ဆွဲပေးပါ။ နေရာ၌ Filter>Liquify ကိုအသုံးပြုလည်း ရပါသည်။
ပြီးလျှင်ပုံအတိုင်းတွေ့ ရပါမည်။
၇)ပြီးလျှင်ထိုLayer အောက်မှမျက်လုံးပိတ်ထားသော Layer ကို ပြန်ဖွင့်ပါ။ Blending Options ကို ၀င်ပါ။ပထမ Set လုပ်ထားသော Inner Glow နှင့်Gradient များကိုဖြုတ်ပါ။ ဒီအဆင့်မှာတော့ သင်ကြိုက်နှစ်သက်ရာ Effect ကိုထည့်နိုင်ပါသည်။ နမူနာပုံအတိုင်းဆိုရင်တော့ Bevel & Emboss ကိုရွေးပါ။Inner Bevel ဖြစ်ပြီး Glass Contour ကို Cove-Deep သို့ပြောင်းပါ။ Text ကိုဖန်သားကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။Shadow Mode Color ကို ၀ါညိုရောင်(R=112,G=79,B=0) သို့ရွေးပါ။မီးအရောင်ဟပ်သကဲ့သို့  ဖြစ်စေရန်ဖြစ်သည်။
၈) ပြီးလျှင် ထိုLayer ကို အပေါ်ဆုံး Layer ဖြစ်အောင်Drag ဆွဲပြီးအပေါ်သို့ ရွှေ့ ပါ၊ပြီးလျှင်Fill Percentage ကို(0%) သို့  ရွှေ့ ပါ။ ပုံအတိုင်းတွေ့ ရမည်ဖြစ်သည်။
ဒီအောက်က နမူနာ Text Effect ကတော့Wind Filter ကို သုံးကြိမ်ထည့်ထားပါတယ်။Black Background ဖြစ်တဲ့အတွတ်Outer Glow ကိုRed Color ပြောင်းသုံးတားပါတယ်။ ဒါ့အပြင်မီးတောက်ကိုမထင်စေလိုတဲ့အတွတ်Gussian Blur=2 pixels လောက်ထည့် ခပ်ဝါးဝါးလုပ်ထားပြီး Distort>Ripple မလုပ်ထားပါဘူး။ ရှေ့ကText ကိုတော့ Ddfault Bevel &Emboss အပြင်Gradient Overlay ကိုပါသုံထားပါတယ်။
ဒီအတိုင်ပဲ စိတ်ကူးတည့်ရာမှန်သမျှမီးရှိ့ ပစ်လိုက်လို့  ရတယ်နော်။အဲ့ဒီအတွတ် လို အပ်တာက သင့်ရဲ့  ပူစပ်စပ်အတွေးနဲ့ စိတ်ကူးတွေပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ အနည်းဆုံးတော့ဒီ Trtorial ဟာ မီးသတိပေးလက်ကမ်းကြေငြာတစ်ခုကို အသာလေးဖန်တီးနိုင်တယ် ဆိုတာကိုတော့ မေ့မထားစေချင်ဘူး။

ဘ၀သံသရာလည်ခြင်း ရှိမရှိ သုံးသပ်ချက်များ


ဘ၀သံသရာလည်ခြင်း ရှိမရှိ သုံးသပ်ချက်များ       
Dr. Alvin A.Low က ဘ၀သံသရာလည်ခြင်း ရှိမရှိကို အောက်ပါနည်း(၃)မျိုးဖြင့် သုံးသပ်ထားပါဝသည်။
                   (၁) အသက်ရှင်သောသူကို မေးမြန်းခြင်း
                   (၂) သေသောသူကို မေးမြန်းခြင်း
                   (၃) သေပြီးမှ ခန္ဓာကိုယ်စစ်စစ်ဖြင့် ရှင်ပြန်ထမြောက်သော သူကို မေးမြန်းခြင်းတို့ ဖြစ်ပါသည်။

၁။     အသက်ရှင်သူကို မေးမြန်းခြင်း
                  
                   လူတစ်ဦးတစ်ယောက် သေပြီးသောအခါ ဘ၀သံသရာလည်ခြင်းရှိမရှိကို သိနိုင်ရန် ပထမဆုံး သော စမ်းသပ်ချက် (နည်းလမ်းမှာ) “အသက်ရှင်သူကို မေးမြန်ခြင်း” ဖြစ်ပါသည်။ ထိုသို့ မေးသောအခါ ထိုသူ သည် မည်မျှပင်ပညာတတ်ထားသော်လည်း၊ မည်မျှတန်းခိုးကြီးမားသော်လည်း၊ မည်မျှပင် အတွေးအခေါ်အ မြော်အမြင်ရှိသော်လည်း အဖြေမှန်ကို ပေးနိုင်မည်မဟုတ်။
                   အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင် မသေခဲ့ဖူးသောကြောင့်ဖြစ်သည်။ ထိုသို့မသေခဲ့ဖူးပါ လျက် တမလွန်ဘ၀၏အခြေအနေများကို ပြောပြ၍ရေးသားပါက စိတ်ချအားကို၍မရနိုင်ပါဟု ဆိုသည်။ ၎င်းအပြင် သေခြင်းအတွေ့အကြုံမရှိပါဘဲလျက် တမလွန်ဘ၀ကြောင်းကို ဟောပြောခဲ့သောသူသည် တစ်ဆင့်ခံ ပုံပြင်မျှသာဖြစ်၍ တကယ့် ဘာသာရေးသမားများအတွက် လုံးဝ အာမခံချက် မရ ရှိနိုင်ပါဟုဆိုသည်။
                   လူတစ်ဦးတစ်ယောက်၊ မည်မျှပင်ပညာတတ်၍၊ အကြားအမြင်ရှိပါလေစေ၊ အခြားလူတစ်ဦး တစ်ယောက်၏ ဘ၀ဆုံးခန်းတိုင်အောင် ကြုံတွေ့ရမည့် အခက်အခဲများ၊ အောင်မြင်မှုရမည့် အလားအလာများ၊ သေဆုံးရမည့်နေရက်များကို အသေးစိတ်အောင် မသိနိုင်မဟောနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အသက်ရှင် သောသူ မှန်သမျှတို့သည် တမလွန်ဘ၀အတွက် မဆိုထားဘိ၊ မနက်ဖြန် ဖြစ်ပျက်ရမည့် အရာများကိုပင်သိရှိ နားလည်သောသူ တစ်ဦးတစ်ယောက်မျှဤလောကတွင်မရှိပေ။ သို့ဖြစ်၍ တမလွန်ဘ၀အတွက် “အသက်ရှင် သောသူကို မေးခြင်း” သည် မျက်ကန်း အချင်းချင်း အားကိုးသကဲ့သို့သာ ဖြစ်သည်ဟု ဆိုသည်။

၂။     သေသောသူကို မေးခြင်း

                   ဒုတိယစမ်းသပ်ချက် (နည်းလမ်း) မှာ သေသောသူကို မေးခြင်းဖြစ်သည်။ လူများစွာတို့သည် နတ်ကတော်မှ တဆင့် သေသောသူတို့၏ အကြောင်းကို မေးလျက်ရှိကြ၏။ သို့သော် နတ်ကတော်များ၏ ပြောဆိုချက်များသည် မှန်တ၀က် မမှန်တ၀က် ဖြစ်နေကြပါသဖြင့် စိတ်ချယုံကြည်နိုင်သည်ရှိသော် လူသတ် သမားများကို စုံစမ်းရန် ရဲများ၊ စုံထောက်များထားရှိရန်လိုအပ်တော့မည်မဟုတ်။ မည်သူမည်ဝါက သူ့ကို သတ်ကြောင်း၊ သေသောသူက ပြောပြပါလိမ့်မည်။ သို့သော် သေသောသူက သူ့ကိုသတ်သောသူ ဖေါ်ပြပြောဆို နိုင်သောလူသေဟူ၍ ယနေ့တိုင်အောင် မရှိသေးပါ။ သို့ဖြစ်၍ သေပြီးသောသူများ၊ လူဝင်စားဖူးသည်ဟု ပြောဆိုသောသူများ၏ ပြောဆိုချက်သည်လည်း တရားလည်းမ၀င် ယုံ၍လည်းမရပါ။ ယုံကြည်ကိုးစားမိပါက ယုံကြည်ကိုးစားသောသူ၏ မဟာအမှားဖြစ်သည်ဟု ဆိုသည်။

၃။     သေပြီးမှ ခန္ဓာကိုယ်စစ်စစ်ဖြင့် ရှင်ပြန်ထမြောက်သောသူကို မေးခြင်း

                                တတိယစမ်းသပ်ချက် (နည်းလမ်း) မှာ အကောင်းဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်၌၊ သေလည်းသေဖူး၍ သဂြိုလ်ခြင်းကိုလည်းခံဖူးကာမိမိခန္ဓာကိုယ်စစ်စစ်ဖြင့်ပြန်လည် ထမြောက်ခဲ့ သော ပုဂ္ဂိုလ်လည်းဖြစ်သည်။ လူဝင်စားဖူးသည်ဟုပြောဆိုသော ပုဂ္ဂိုလ်မျိုးမဟုတ်။ လူဝင်စားဖူးသည်ဟု ပြောဆိုသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ခန္ဒာကိုယ်စစ်စစ်(Original body) ဖြစ်သော ဓာတ်တော် (အသွေးအသား)၊ ဆံတော်(ဆံပင်)၊ အံသွား(သွား)၊ နံတော်(နံရိုး) များတို့ကို မြေမှာကြွေကျကျန်ရစ်ခံ့ကြပြီဖြစ် ပါ၍ ဘ၀သံသရာလည်ခြင်းရှိသည်၊ လူဝင်စားခြင်းရှိသည်ဟု ပြောဆိုသော်လည်း တကယ့်ဘာသာရေးသမား များအတွက် စိတ်ချအားကိုး၍မရတော့ပေ။ တရားလည်း မ၀င်တော့ပေ။ အာမခံချက်လည်း မရှိတော့ပေ။ ထီထိုး၍ မျော်လင့်ကြီးစွာဖြင့် စောင့်ဆိုင်းနေရသော်လည်း ထီမပေါက်သောသူနှင့်သာတူကြမည်ဖြစ်သည်။ တနည်းအားဖြင့်           ဤသို့ယုံကြည်ခြင်းသည်မျိုးသည် စာတန်မာရ်နတ်က သူနှင့်ငရဲသွားရန်လိမ်လည်ခြင်း သက်သက်ဖြစ်သည်ဟု ဆိုသည်။
(၂သက် ၂း၉-၁၂)
                   “ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင် သော တန်းခိုး၊ နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုမျိုးနှင့်၎င်း၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌မွေ့လျော်သောစိတ်ကိုမခံမယူကြ။ ထို့ကြောင့်သမ္မာတရားကို မယုံဘဲ မတရား သော အမှု၌ မွေ့လျော်သောသူ အပေါင်းတို့သည် တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသားစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်” ဟုလာသတည်း။
                   သို့ဖြစ်၍ ဘ၀သံသရာလည်ခြင်း ရှိမရှိကို အသိဆုံးသော ပုဂ္ဂိုလ်မှာ ယေရှုဘုရား တပါးတည်း သာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်၌ သေလည်းသေခဲ့ဖူးသည်။ သဂြိုလ်ခြင်းကိုလည်း ခံဖူးသည်။ (၃)ရက်မြောက်သောနေ့၌ မိမိခန္ဓာကိုယ်စစ်စစ်ဖြစ်သော ဓာတ်တော် (အသွေးအသား)၊ ဆံတော်(ဆံပင်)၊ အံသွား(သွား)၊ နံတော်(နံရိုး) များ တစ်ခုမကျန်ဖြင့် ရှင်ပြန်ထမြောက်ကာ ဘ၀သံသရာလည် ခြင်းမရှိကြောင်း ရက်ပေါင်း(၄၀)အတွင်း ဤလောက၌ လုသိရှင်ကြား လှည့်လည်ဟောကြားခဲ့သည်။
(ဟေဗြဲ ၉း၁၇)
                   အကယ်၍ ဘ၀သံသရာလည်ခြင်းရှိပါက ယေရှုဘုရားသည် လောကလူသားများကို ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ တစ်ခါအသေခံခဲ့ပြီးဖြစ်သော်လည်း လုံလောက်မှုရှိမည် မဟုတ်။ လူတစ်ယောက် နွားဘ၀ ရောက်သည့်အခါ ကယ်တင်ရန် လက်ဝါးကပ်တိုင်၌ တစ်ခါအသေခံရန် လိုအပ်ဦးမည်ဖြစ်ပါသည်။ ခွေးဘ၀ရောက်သည့်အခါ၊ ကြောင်ဘ၀၊ ကျားဘ၀၊ ကြက်ဘ၀၊ ပုရွက်ဆိတ်ဘ၀၊  လူ့ဘ၀မှအစရောက်လေမျှ သောဘ၀တိုင်းအတွက် အထပ်ထပ်အခါခါအသေခံရန် လိုအပ်ဦးမည် ဖြစ်ပါသည်။
                                သို့သော် မာန်(၅)ပါးကို အောင်မြင်သော ယေရှုဘုရား၊ သေခဲ့ဖူးသော ယေရှုဘုရား၊ သဂြိုလ်ခြင်းကို ခံခဲ့ဖူးသော ယေရှုဘုရား၊ ရှင်ပြန်ထမြောက်သော ယေရှုဘုရားက ဘ၀သံသရာ လည်ခြင်းမရှိပါသဖြင့်(ဟေဗြဲ ၉း၁၈၊ ရှင်လုကာ၁၆း၃၁)သင်တို့အဘို့လက်ဝါးကပ်တိုင်၌ ငါတစ်ခါအသေခံ ကယ်တင်ခြင်းသည် ထာဝစဉ် အတွက်လုံလောက်ပေ၏ဟု သမ္မာကျမ်းစာတွင် မန့်ဆိုကာ အာမခံချက် အပြည့်အ၀ ပေးထားပါသည်။ (ယော ၃း၁၈-၃၆)
                   မိတ်ဆွေ ဤစာအုပ်ကို ဖတ်ရင်း မေးခွန်းတစ်ခုကို မေးမြန်လိုမည်ဟု ကျွန်ုပ်ထင်မိပါသည်။ ယင်မေခွန်းမှာ လူဝင်စားခြင်းမရှိပါက အဘယ့်ကြောင့် အချို့သောကလေးများသည် စကားပြောခါစတွင် ယခင်ဘ၀ဟောင်းကို  ပြောပြနိုင်ပါသနည်းဟူသော မေးခွန်ဖြစ်ပါသည်။
                   ဤမေးခွန်းကို ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ သမ္မာကျမ်းစာတွင် အဖြေမှန်ကို ကောင်းကောင်းရှင်းပြပါသည်။ ယင်းအဖြေမှာ စာတန်မာရ်၏လိမ်ညာမှုသက် သက်သာ ဖြစ်ကြောင်းတွေ့ရပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက်၊ နောက်ဆုံးတွင်း လူကို ဖန်ဆင်းခဲ့ကြောင်း သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ ထိုလူုဇနီးမောင်နံ၏နာမည်မှာ အာဒံနှင့် အင်းဝတို့ ဖြစ်ကြပါသည်။ ၎င်းတို့ဇနီးမောင်နံကို သစ်သီးဝလံပေါများကြွယ်ဝသောဧဒင်ဥယျာဉ်၌ နေထိုင်စေခဲ့သည်။ ထိုးအချိန်တွင် ဘုရားသခင်က အာဒံနှင့် အင်းဝတို့အား ပညတ်တစ်ခုပေးထားခဲ့ကြောင်း သမ္မာကျမ်းစာတွင် တွေ့ရပါသည်။
                   ထိုပညတ်မှာ ဥယျာဉ်ထဲတွင် ရှိသမျှသော သစ်သီးဝလံအားလုံးကိုစားနိုင်သော်လည်း “ဥယျာဉ်၏ အလယ်၌ရှိသော ကောင်းမကောင်းပိုင်းခြားတတ်သည့် အပင်၏ အသီးကိုမူ မစားရ” ဟူသောပညတ်ဖြစ်ပါသည်။ ထိုအချိန်တွင် စာတန်မာရန်နတ်သည် မြွေကို အသုံးပြုလိမ်ညာခဲ့ဖူးကြောင်း မြွေ၏ ပါးစပ်ကို အသုံးပြု၍ စကားပြောခဲ့ဖူးကြောင်း သမ္မာကျမ်းစာတွင် ဤကဲ့သို့ အတိအလင်းဖေါ်ပြထားပါသည်။
ကမ္ဘာဦးကျမ်း၃း၁-၇        
                                  မြွေသည် ထာဝရဘုရားရှင်ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန်တကာ တို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော ဟုမေး၏။ မိန်းမက ငါတို့သည် ဥယျာဉ်၌ ရှိသောအပင်တို့၏ အသီးကို စားရသော အခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏ အသီးကိုကား သင်တို့သည် မကိုင်မစားပဲ နေကြလော့။ သို့မဟုတ်သေရမည်ဟု ဘုရားသခင်းအမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေက သင်တို့သည် ဧကန်အမှန်သေရမည် မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်း လျက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်မအား ဆို၏။ ထိုအပင်သည် စားဖွယ်ကောင်းခြင်း၊ အဆင်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ နှစ်သက်ဖွယ် သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကိုယူ၍ စားမိ၏။ မိမိခင်ပွန်းအားလည်းပေး၍ သူလည်းစား၏”  ဟု သမ္မာကျမ်းစာတွင်တွေ့ရသည်။ သို့ဖြစ်၍ စာတန်မာရ်နတ်သည် ဧဝကို လိမ်ညာရန် မြွေ၏ပါးစပ်မှ စကားပြောဖူးကြောင်း သက်သေ အထောက်အထား သမ္မာကျမ်းစာတွင်တွေ့ရသည်။
                                  ထိုနည်းတူစွာ အချို့သောကလေးငယ်များသည် စကားပြောခါစတွင် ယခင်ဘဝဟောင်းသဖွယ် ပြောဆိုတတ်ကြပါသည်။ ထို့ကြောင့် လူဝင်စားခြင်း၊ ဘဝသံသရာလည်ခြင်းရှိသည် ဟု ခရစ္စယာန်မဟုတ်သော ဓမ္မမိတ်ဆွေက ယုံမှားတတ်ကြပါသည်။ ဤလူဝင်စားခြင်းသည် ပထမဆုံးသောလူ မိန်းမ ဧဝ ကြုံတွေ့ခဲ့ဖူးသော စာတန်မာရ်နတ်၏ လိမ်ညာမှုမျိုးပင်ဖြစ်သည်။ စာတန်မာရနတ်သည် မုသာ၏ ဖခင် ဖြစ်၍ လောကလူသားများရှိနေသ၍ ဆက်လက်လိမ်ညာဦးမည် ဖြစ်ကြောင်းသမ္မာကျမ်းစာတွင် တွေ့ရပါသည်။ (ယောဟန် ၈း၄၄)
                                  ပထမဆုံးသောမိန်းမ ဧဝအား လိမ်ညာရန် စာတန်သည်မာရ်နတ်သည် မြွေကို အသုံးပြု၍ “ကောင်းမကောင်း သိတတ်သောအပင်၏ အသီးကိုစားပါက သေရမည်မဟုတ်၊ စားသောနေ့၌ မျက်စိပွင့်လင်းလျှက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော် မူသောကြောင့် တားမြစ်ထားခြင်းသာဖြစ်သည်ဟု လိမ်ညာခဲ့ရာမှ ယုံမိ၍ စားကြရာ ထိုနေ့မှစ၍ လူသားများ အပြစ်သားဘဝသို့ ရောက်ရှိပြီး ဖျားရ၊ အိုရ၊ သေရရုံမက နောက်ဆုံး၌ ငရဲသို့ပါ ရောက်ကြရကြောင်း သမ္မာကျမ်းစာတွင် တွေ့ရပါသည်။ အာဒံနှင့်အင်းဝတို့၏ လိမ်ညာခံရမှုသည် ကျွန်ုပ်တို့်အားကြီးမားသော တမလွန် ဘဝအတွက် ဘဝသင်ခန်းစာကို ဖြစ်စေခဲ့ပါသည်။
                                  ယခုတွင် စာတန်မာရ်နတ်၏ ဒုတိယလိမ်ညာမှုမှာ တိရိစ္ဆာန်ဖြစ်သော  မြွေကို အသုံးမပြုတော့ဘဲ လူဝင်စားခဲ့ဖူးသယောင်ယောင်ဖြင့် ကလေသူငယ်များ၏ ပါးစပ်ကို လှည့်စားပြန်ပါသည်။ စာတန်မာရ်နတ်သည် လူကိုမဖန်ဆင်းနိုင်ပါ။ သေသောသူကိုလည်း ရှင်ပြန်ထမြောက်ခြင်းမပေးနိုင်ပါ။ သို့သော် ကျန်သောအရာအားလုံးနီးပါးကို ဘုရားသခင်ကဲ့သို့ပင် လုပ်နိုင်ကြောင်း သမ္မာကျမ်းစာတွင်တွေ့ရပါသည်။ ထို့ကြောင့် ကလေးသူငယ်တစ်ယောက်၏ စကားပြောခါစတွင် “လူဝင်စားဖူးသယောင်ယောင်ဖြင့်”  စကားပြော စေကာ လိမ်ညာခဲ့ပြန်ပါသည်။ အမှန်မှာ လူဝင်စားခြင်း၊ ဘဝသံသရာလည်ခြင်း လုံးဝမရှိကြောင်းကို သေလည်းသေခဲ့ဖူး၍၊ သဂြိုလ်ခြင်းကိုလည်းခံခဲ့ဖူးကာ၊ မိမိခန္ဓာကိုယ်စစ်စစ်ဖြင့်ပြန်လည်ထမြောက်ခဲ့သော ယေရှုဘုရားက သမ္မာကျမ်းစာတွင် အာမခံချက် အပြည့်အဝဖြင့် ခုင်လုံစွာ ဖော်ပြထားပါသည်။(လုကာ ၁၉း၃၁။ ။ ဟေဗြဲ ၉း၂၆-၂၈)
                                  သို့ဖြစ်၍ သံသရာလည်ခြင်း ရှိမရှိကို အသက်ရှင်သော သူကိုမေးမြန်းခြင်း၊ သေသောသူကို မေးမြန်းခြင်း၊ သေပြီးရှင်ပြန်ထမြောက်သောသူကို မေးမြန်းခြင်း ဟူသော ဤနည်း(၃)မျိုးဖြင့် တိကျမှန်ကန်စွာ ဖြေရှာ၍ရကြောင်းကို Dr.Alvin A.Low က ရေးသားခဲ့ပါသည်။


ကောင်းကင်ဘုံနှုင့် နိဗ္ဗာန်ဘုံ၏ ခြားနားချက်များ


ကောင်းကင်ဘုံနှင့် နိဗ္ဗာန်ဘုံ၏ ခြားနားချက်များ
(by Dr.Alvin A.low)

၁။       ။ ကောင်းကင်ဘုံနှင့် နိဗ္ဗာန်ဘုံမတူကြပေ။
၂။    ။ နိဗ္ဗာန်ဘုံသည် တပ်မက်မှုအားလုံး ချုပ်ငြိမ်းရာ နေရာဖြစ်သည်ဟု ဆိုသည်။ မည်သည့် အရာမျှ မရှိတော့သည့် နေရာဖြစ်သည်ဟု လည်းဆိုသည်။ ကောင်းကင်ဘုံသည် မည်သည့်အရာမျှ မရှိတော့သည် နေရာ မဟုတ်ဘဲ ဘုရားသခင်စံမြန်းတော်မူရာ၊ မြတ်စွာသော ဘုရားနှင့် အတုနေရမည့် ထာဝဘုံဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ မုန်းတီးခြင်း၊ ဆင်းရဲပင်ပန်းခြင်း၊ မျက်ရည်ကျခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခြင်း မရှိတော့ရုံသာမက လိုလေသေးမရှိ ပြည့်စုံစွာ ရရှိခံစားသော နေရာဖြစ်သည်။ (ဗျာဒိတ် ၂၁း၁-၅)

ယောဟန် ၁၄း၁-၃
          “တဖန်တုံး ယေရှုက၊ သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်လော့။ ငါ့ကိုလည်း ယုံကြည်လော့။ ငါ့အဘ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်း ငါမပြောဘဲမနေ၊ သင်တို့ နေစရာ အရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

၂ကော၅း၁-၃
          “ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်းဆင်းတော်မူသော နိစ္စအိမ်ရှိကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်။ ညည်းတွားမြည်တမ်း လျှက် နေကြ၏။ ထိုသို့ဝင်စာလျှင် နေရာမဲ့ဖြစ်မည်မဟုတ်” ဟု လာသတည်း။

၃။       ။ နိဗ္ဗာန်ဘုံသို့ ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှ လွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှုအနေဖြင့် ထိုဘုံသို့ ရောက်ရသည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို့ရောက်ရန်မှာ လူ့ဘ၀တွင် ယေရှုဘုရားကို ယုံကြည်လက်ခံ၍ ကိုးကွယ်ပါက သေလျှင်သေချင်း ပါရဒိသုဘုံသို့ ၀င်းစားရသည်။
(လုကာ၁၆း၁၉-၃၄)
          သက်သေသာဓကဖြင့်ပြရသော် လက်ဝါးကပ်တိုင်တွင် ယေရှုဘုရားနှင့်အတူ အသေခံခဲ့သော သူခိုးဓါးမြ တစ်ယောက်သည် လက်ဝါးကပ်တိုင်၌ ယေရှုဘုရားကို ယုံကြည်လက်ခံခဲ့ရာ ယေရှုဘုရားက  ယနေ့တွင် ငါနှင့်အတူ ပါရဒိသုဘုံ(ကောင်ကင်နိုင်ငံ)၌ ဆုံဆည်းကြမည်ဟု ဂတိပေးလိုက်ပါသည်။

၎။       ။ နိဗ္ဗာန်ဘုံသို့ရောက်ရန် လူကကြိုးစားကျင့်ကြံအားထုတ် ဖန်တီး၍ရသည်ဟု ဆိုသည်။ ကောင်းကင် နိုင်ငံတော်သို့ ရောက်ရန် လူကကြိုးစား၊ ကျင့်ကြံအားထုတ်၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် ကုသိုလ်က တစ်ပဲ၊ ငရဲက တစ်ပိဿာ ဖြစ်နေပါသည်။


ဟေရှာယ၆၄း၆
          ပြုဘူးသမျှသော ကောင်းမှုကုသိုလ်သည် ညစ်သောအ၀တ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညိုးနွမ်းလျက်ရှိ၍ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။

ဆာလံ၆၂း၉
          “အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ (အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏) ချိန်ခွင်နှင့် ချိန်စစ်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏” ဟု သမ္မာကျမ်းစာလာသတည်း။ သို့ဖြစ်၍ ကောင်းကင်ဘုံသို့ ရောက်ရန်မှာ-

ယောဟန်၁၄း၆၏
          “ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟု အတိအလင်းဖော်ပြထားပါသည်။(၂ကော ၅း၁-၄၊ ယောဟန် ၁၄း၁-၃)

၅။       ။ နိဗ္ဗာန်ဘုံသည်ဖြစ်ပေါ်တည်ရှိခြင်းမှ မည်သည့်အရာမျှမရှိခြင်းသို့ သွားရသည်ဟု ဆိုသည်။ ကောင်းကင်သည်ဖြစ်ပေါ်တည်ရှိသော ယာယီလောကမှ ထာဝရတည်မြဲသော ကောင်းကင်နိုင်ငံတော်သို့သွား ရသည်။

ဗျာဒိတ် ၂၂း၅
          “ထိုမြို့၌ ညမရှိရ။ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်းအလိုမရှိ။ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ နေရောင်ခြည်ကိုလွတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံကြလတံ့” ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

၆။       ။ နိဗ္ဗာန်သို့ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှလွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှု အနေဖြင့် ထိုဘုံသို့ရောက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ထိုဘုံသို့ရောက်ရန် အလွန်တရားကြာ ညောင်းဘွယ်ရာရှိပါသည်။ သို့သော် ကောင်းကင်ဘုံသို့ရောက်ရန်မှာ ယနေ့လည်းဖြစ်နိုင်သည်၊ မနက်ဖြန်လည်း ဖြစ်နိုင်သည်။ ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ ပင်ရောက်နိုင်ပါသည်။ ခရစ်တော်ကို ကိုးကွယ်ယုံကြည်သောသူများအဖို့ အသက်ထွက်လျင်ထွက်ချင်း ရောက်နိုင်ကြောင်း သမ္မာကျမ်းစာတွင် အတိအလင်းဖော်ပြထားပါသည်။

၂ကော၆း၂
          “ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန်၌သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သော အချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏” ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။

၇။       ။ နိဗ္ဗာန်ဘုံသို့ရောက်ရန်မှာ အလှူဒါနအနည်းနှင့်အများ ပါဝင်ခြင်းအားဖြင့်ရောက်နိုင်သည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို့ရောက်ရန်မှာ အလှူဒါန ကျပ်ငွေ သိန်း၊ သန်း၊ ကဋေချီ၍ ပေးကမ်းသော်လည်း မရောက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် တန်ဖိုး အလွန်ကြီးမားလွန်းလှပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ၀ယ်၍မရဘဲ ယေရှုဘုရား၏ အသွေးတော်မြတ် တစ်ပါးတည်းသာ ၀ယ်ပေး၍ရကြောင်း သမ္မာကျမ်းစာတော်မြတ်တွင် အတိအလင်းဖော်ပြထားပါသည်။ (မာကု၈း၃၆-၃၇)

ဟေဗြဲ၉း၂၂
          (ခရစ်တော်၏) အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။

ဧဖက် ၂း၈-၉
          ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်၏ သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူ ခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာအခွင့်မရှိ သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
          မိတ်ဆွေစဉ်းစားရမည်မှာ လောက၌ ဒွန်တွဲလျှက်ဆန့်ကျင်ဘက် သဘောတရားများ ဧကန်အမှန်ရှိပါ သည်။ ဥပမာ - အဖြူလိုလျှင် အမဲရှိသည်။ အဆိုးလိုလျှင် အကောင်းရှိသည်။ အမှောင်ရှိလျှင် အလင်းရှိသည်။ သေခြင်းရှိလျှင် ရှင်ပြန်ထမြောက်ခြင်းရှိသည်။ သင်္ခါရလောကရှိလျင် ထာဝရကောင်းကင်နိုင်ငံရှိသည်။ ထာဝရငရဲမီးအိုင်ရှိလျှင် ထာဝရ သုခချမ်းသာရှိသည်။ အစစ်ရှိလျှင် အတုရှိသည်။ ဤအဖြစ်အမှန်များကို ဆန့်ကျင်ကျောခိုင်၍ မရပေ။

ယောဟန်၆း၄၇
          ယေရှုဘုရားက “ငါအမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” ဟု ဆိုသတည်း။

ယောဟန် ၁၁း၂၅
           “ယေရှုက ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်ပြန်ထမြောက်ရမည်” ဟု မိန့်တော်မူ၏။

ဗျာဒိတ်၂၀း၁၀
          “မာရ်နတ်ကို၊ သားရဲ(၀ိညာဉ်ဆိုး)နှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနေသော မီးအိုင်ထဲသို့ ချပစ်လျှင် ထိုသူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် (ကမ္ဘာအဆက်ဆက်)ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့” ဟု သမ္မာကျမ်းစာတွင်ဖော်ပြထားပါသည်။ ထာဝရသုခချမ်းသာခြင်းရှိသကဲ့သို့  ထာဝရညှင်းဆဲနှိပ်စက်ခြင်း လည်းရှိကြောင်း သမ္မာကျမ်းစာတွင် သတိပေး ဖော်ပြထားပါသည်။

ယောဟန်၈း၁၂
          “တဖန်တုံး ယေရှုက ငါသည်ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏ အလင်းကို ရလိမ့်မည်”  ဟု မိန့်ဆိုထားပါသည်။